အပိုင်း(၁၄)

254 30 3
                                    

ညနေရုံးဆင်းကျောင်းပြန်ချိန်ဘတ်စ်ကားပေါ်တွင်လူပေါင်းစုံ အနံ့ပေါင်းစုံ
ချွေးနံ့ ကိုယ်နံ့ ရေမွှေးနံ့ရောပြွန်းနေသော အမည်မတပ်နိုင်သည့် အီလည်လည်အနံ့ကြီးက ဆောင်းဦးကိုခေါင်းမူးစေသည်။
လူကြားထဲရောက်နေသည်ကို အခွင့်အရေးယူသည့် နှာဗူးကောင်များကလည်းရှိသေးသည့်တမုံ့။တမင်လိုလို မတော်တဆလိုလိုနှင့် ထောက်လှမ်းရေးလုပ်ခံရသည်ကိုရော၊ဇိုးခနဲဇက်ခနဲ ဟိုတို့ဒီထိနှင့်လုပ်သည့်ဒဏ်ကို ဘုမသိဘမသိကြိတ်မှိတ်ခံနေရသည်။ရန်ကုန်သားတွေတော်တော်နှာဗူးကျပါလားဟုတွေးရင်း ဆောင်းဦးမှာကျောပိုးကိုအကာအကွယ်ယူရင်းတွေးမိသည်။
ရုတ်တရက် တင်ပါးနေရာမှစူးခနဲ ဆွဲဆိတ်သလိုခံစားလိုက်ရ၍ လှည့်ကြည့်စဥ် အနောက်တွင် မည်သူလုပ်ပါသည်ဟုနာမည်တပ်လို့မရအောင် လူတွေကလည်းများပြားလျက်။ရပ်နေသူများကလည်း လူရည်မွန် လူရည်သန့် ယောကျ်ားများဖြစ်နေကြ၍ ဘယ်သူ့အော်လို့အော်ရမှန်းမသိ။

"အ..."

ထပ်အဆိတ်ခံရပြန်ပြီ။ရုတ်တရက်အသံထွက်သွားတော့ ဘေးနားကကောင်မလေးနှင့်ထိုင်နေသောအန်တီကြီးကလှည့်ကြည့်သည်။
ပူရ‌ေလာင်ရ မောရတဲ့ကြားထဲ ဒေါသကထွက်လာသည်။ဒီရန်ကုန်သား တဏှာနွားတွေကတော့...

"ကျွန်တော်ယောကျ်ားဗျ"

မတိုးမကျယ်နှင့် မည်သူရယ်လို့ရည်ညွှန်းခြင်းမရှိဘဲပြောရင်း အကုန်လုံးကိုပတ်ကြည့်ပစ်လိုက်သည်။ဒီလောက်ဆိုရင်တော့ အားလုံးလည်းသဘောပေါက်ကြမည်ဟုထင်မိပါသည်။ဆောင်းဦးသည်လည်း ရန်ကုန်ဘတ်စ်ကားအထှာတို့ကို သိသင့်သလောက်သိပြီးဖြစ်သောကြောင့် ထိုသို့အော်လိုက်အပြီးလာဆွဲမဆိတ်ကြတော့။

ယောကျာ်းလေးအချင်းချင်း ငါ့မှဘာလို့ဒီလိုလုပ်ခံရပါလိမ့်လို့ တွေးမိတော့ မြုပ်နေသည့် စိတ်ဆန္ဒတချို့က ပေါ်လာကာဝမ်းနည်းမိပြန်သည်။သိမ်ငယ်စိတ်တို့ကဝင်လာပြန်သည်။

ထို့ပြင် မဆီမဆိုင် အောင်သုတရှိန်ကိုပါဒေါသထွက်လာသည်။ဒင်းကြောင့်မို့ ယခုကားပေါ်တွင် နှာဗူးကျခံနေရသည်။
ပုံမှန်ဆိုလျှင် ဆောင်းဦးသင်တန်းချိန်ပြီးလျှင် အိမ်တန်းပြန်တတ်သော်လည်း သုတကမတွေ့ရတာကြာသောကြောင့် ချိန်းဆိုသည်နှင့် သူဆီသွားရင်းဆွဲဆိတ်ခံလိုက်ရသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီWhere stories live. Discover now