အပိုင်း(၁၂)

316 40 8
                                    

မိုးဖြောက်တောက် ဖြောက်တောက်ရွာသောနေ့တစ်ရက်ဖြစ်သည်။

ဆောင်းဦးတစ်ယောက် အဝတ်တချို့ကိုစီကာကျောပိုးအိတ်ထဲထည့်လိုက်သည်။ရွာတစ်ပတ်လောက်တော့ပြန်ရဦးမည်။

ဆယ်တန်းအောင်စာရင်းထွက်ပြီးတာလည်း လေးရက်ပင်ရှိနေပြီမို့ ကြီးမေကိုမျက်နှာပြန်ပြရဦးမည်။ကြီးမေတို့ ဘဘတို့က ဆောင်းဦး ဂုဏ်ထူးအနည်းဆုံးသုံးခုမှန်းထားသော်လည်း ဆောင်းဦးကတော့ မြန်မာစာတစ်ခုသာပါလာသည်။လူကြီးများအနေနှင့် သိပ်မကျေနပ်သော်လည်း ဆူတော့မဆူကြပါ။မမကတော့ ချီးကျူးပါသည်။သူ့တုန်းက မြန်မာစာ၇၃မှတ်နှင့် ကပ်ပြုတ်တာကိုအခုထိအခဲမကျေနိုင်သေး။ဆောင်းဦးကတော့ရှင်းပါသည်။အောင်ရင်ပြီးရော။စာအလွန်လုပ်ခဲ့ပေမဲ့ဂုဏ်ထူးပါမပါစိတ်မဝင်စား။အောင်ဖို့သာဦးတည်သည် အောင်မှအလုပ်လုပ်ရမည်။အလုပ်လုပ်မှ ကျောင်းနားလိုက်သည့် ရည်မွန်ထွေးကိုကျောင်းပြန်ထားနိုင်မည် သူ့အတွေးကဤမျှရိုးစင်းသည်။

ဘယ်သူမှမထင်ထားသော မမတပည့်ကျော်ကြီး အောင်သုတရှိန်က ဂုဏ်ထူး၄ဘာသာပါလာသောကြောင့် မမပင်အံ့သြဘနန်းဖြစ်ရသည်။ပိုက်ဆံတက်နိုင်သော သုတတို့မိဘများက မော်ဒယ်သိပ်မမြင့်သောကိုယ်ပိုင်ကားလေးတစ်စီးဝယ်ပေးလိုက်သောကြောင့် မောင်မင်းကြီးသားမှာ မြင်းကိုဘီးတပ်ပေးသလိုတဝီဝီဖြစ်နေတော့သည်။

"ပြီးပြီလား"

ဟထားသောတံခါးမှမမကခေါင်းပြူကာမေးသည်။

"ဟုတ်မမ"

"ဘယ်လောက်နေမှာလဲ"

"တစ်ပတ်လောက်ပဲနေဖြစ်မယ်မမ"

မမကတံခါးဘောင်ကိုမီလျက်မျက်နှာမဲ့သွားသည်။

"ဟင်...တစ်ပတ်ကမနည်းဘူးလား နင့်ကြီးမေကိုလည်း သားလုပ်တဲ့သူမျက်နှာလေးမှတ်မိအောင်နေပေးလိုက်ပါဦးလားဟယ်"

ဆောင်းဦးကတော့ ဘောင်းဘီကိုခေါက်လျက် မချိုမချဉ်ပြုံးခါခေါင်းခါသည်။

"မနေချင်ဘူးမမရာ..."

ဟုတ်တယ် မနေချင်ဘူး...
ရွာရောက်ရင် ကောင်းဆက်ကိုသတိရတယ်။မြင်မြင်သမျှကပျော်စရာ အမှတ်တရတွေချည်းဘဲ။ဒါပေမဲ့ ကောင်းဆက်ကမှမရှိတော့တာလေ အမှတ်တရတွေ အတိတ်တွေကိုပြန်တွေးမိတိုင်း ဝမ်းနည်းနာကျင်ရုံကလွဲပြီးဘာလုပ်နိုင်မှာမို့လို့လဲ။အရင်တုန်းကရွာကိုပြန်ရတာပျော်သလောက် အခုဆိုရွာကိုပြန်ဖို့ တွန့်ဆုတ်နေမိတယ်။

ဆောင်းတို့သည်လည်း မအေးတော့ပြီHikayelerin yaşadığı yer. Şimdi keşfedin