အပိုင်း(၁၁)

423 46 5
                                    

အချိန်စက်ဝန်းတို့သည် တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီး ကောင်းဆက်သူဆိုသည့်ကောင်လေးတစ်ဦး လူ့လောကထဲမှထွက်သွားသည်မှာ
နှစ်လလွန်လို့သုံးလတွင်းပင်ရောက်လာသည်။

ထွက်သွားသူထပ် ကျန်ခဲ့တဲ့သူကပိုခံစားရသည်ဆိုသည့်စကားအတိုင်း သွားလေသူကတော့ဖြင့်ဘာမှမသိတော့သော်လည်း ကျန်ရစ်ခဲ့သူမှာတော့ အလွမ်း၊ဒဏ်ရာတို့ကတပွေ့တပိုက်။

အခြေခံပညာကျောင်းများပြန်ဖွင့်ရန် နှစ်ပတ်လောက်သာလိုတော့သည်။ဆောင်းဦးသည်လည်း ရန်ကုန်အိမ်သို့ပြန်ရောက်ကာ ဒသမတန်းစာများသင်ကြားနေရပြီဖြစ်သည်။
ရန်ကုန်အိမ်သည် မနှစ်ကကဲ့သို့ကျောင်းသားများနှင့် စည်ကားဆဲ။စာသံပေသံများလွှမ်းခြုံနေဆဲ မပြောင်းလဲခဲ့ပေ။

ပြောင်းလဲသွားသည်ကား ထိုကျူရှင်တွင်တက်နေသောဆောင်းဦးဆိုသည့် ဆယ်ကျော်သက်လူငယ်လေး။ကောင်းဆက်မရှိတော့သည့်နောက်ပိုင်း ဆောင်းဦးသည်အတော်လေးပြောင်းလဲသွားသည်ပင်။နဂိုကပင်အနေအေးသည့် ကလေးမှာပို၍ပင်တိတ်ဆိတ်သွားပြီး အေးတိအေးစက်ဖြစ်သွားသည်။မမပြောထား၍ ကောင်းဆက်အကြောင်းကို အောင်သုတရှိန်လည်းသိပြီးဖြစ်၍ ဆောင်းဦးကိုအရင်ကထပ်လိုက်လိုက်လျောလျောဆက်ဆံသော်လည်း ဆောင်းဦးကတုံဏှိဘာဝေ။
ယခင်က မမနှင့်ပြုံးပြုံးရွှင်ရွှင်ပြောဆိုစနောက်တတ်သော်လည်း ယခုတော့မျက်နှာတွင် အပြုံးမြင်ဖို့ဝေးစွ အစဥ်သဖြင့်ရေခဲရိုက်မျက်နှာဖြစ်နေတော့သည်။
ကြီးကြီးနှင့်ဘဘပြောလျှင်လည်း ဟုတ်ကဲ့၊ဟင့်အင်းနှင့်ခေါင်းငြိမ့်ခေါင်းခါရုံမှလွဲလို့ ကျန်တာမတုန့်ပြန်တော့။
ရွာမှကြီးမေ ဖုန်းဆက်လျှင်ပင် နေကောင်းပါတယ်၊အဆင်ပြေတယ်ဆိုသည့် စကားနှစ်ခွန်းလောက်နှင့်သာပြီးတတ်သည်။

ကြည့်လိုက်တိုင်း စာအုပ်နှင့်မျက်နှာခွာသည်မရှိ။တချိန်လုံး အလွန်အကြူး  စာစာစာဖြစ်နေ၍ ဆရာမဖြစ်သည့် မမကိုယ်တိုင်ကပင်လျော့လုပ်ရန်သတိပေးနေရသည်။မည်မျှစာလုပ်သလဲဆိုလျှင် ရေချိုးခန်းနံရံများတွင်
ခက်ဆစ်များကပ်ထားသည်၊အိမ်သာတံခါးတွင် ပုံသေနည်းများကပ်ထားသည်၊ခြင်ထောင်အမိုးတွင် ဇီဝဗေဒပုံများကပ်ထားသည်။အိပ်ချိန်လည်းတစ်ရက်တွင် သုံးနာရီလောက်သာရှိပြီး အစားနည်းကာလူလည်းပိန်လာသည်။
ပုံမှန်ကျောင်းသားဆိုလျှင် ထိုမျှသာကြိုးစားပါက ကိုယ်ဖိရင်ဖိသေချာသင်ကြားအားပေးမည်ဖြစ်သော်လည်း မောင်လည်းဖြစ်တပည့်လည်းဖြစ်တဲ့ ဆောင်းဦး၏ပုံမှန်မဟုတ်သောပြောင်းလဲမှုကိုတော့ မမလုံးဝလက်မခံနိုင်ပါ။

ဆောင်းတို့သည်လည်း မအေးတော့ပြီOù les histoires vivent. Découvrez maintenant