အပိုင်း(၂၄)

235 20 7
                                    

"ဘာဖြစ်နေကြတာလဲ"

"အဖေ"

"ငထွန်း"

ပုဆိုးတိုတိုဝတ်ပြီးစွပ်ကျယ်အပြဲဝတ်ထားသောအဖေက သောက်စားပြီးမှရောက်လာသည်ထင်သည်။မျက်ဝန်းနီနီရီဝေဝေနှင့်အဖေက အိမ်ကိုလာခဲလှပြီး ယခုမှသာတိုက်တိုက်ဆိုင်ဆိုင်အချိန်ကောင်းမှာရောက်လာသည့်အဖြစ်။
ဦးထွန်းအေးတစ်ယောက် နောက်အိမ်ထောင်နှင့်ရသောကလေးနေမကောင်းသဖြင့် အစ်မထံတွင်ဆေးဖိုးလာတောင်းရင်း မထင်မှတ်ထားသောအခြေအနေကဆီးကြိုလျက်ရှိသည်။
အဖေက ဆောင်းဦးကိုတောင့်တောင့်ကြီးစိုက်ကြည့်နေရင်းမှ မမြင်ဖူးသည့်လူတစ်ယောက်ကိုမြင်သည့်အလား စူးစိုက်ကြည့်နေမိသည်။

"ဟေ့ကောင် ဖိုးထောင်၊မင်းဘာတွေလုပ်ထားတာလဲ ဟမ်၊မင်းဘာဖြစ်နေတာလဲ"

"အဖေ"

အနားကပ်လာသော အဖေဖြစ်သူထံမှချွေးနှင့်အရက်ရောသောမနှစ်မြိုစရာအနံ့ကြီးကိုရလိုက်သည်။

"ငထွန်း နင်ဆိုင်းမဆင့်ဘုံမဆင့်ဘာလာလုပ်လဲ"

ကြီးမေကလဲနေရာမှကုန်းရုန်းထကာ ဆောင်းဦးအဖေကိုစကားလမ်းကြောင်းပြောင်းပြီး အတင်းဆွဲနေသည်။

"အစ်မနင်အသာနေစမ်းပါ"

အရက်ဝင်ထား၍ပုံစံထက်လက်ရဲဇက်ရဲဖြစ်နေသောအဖေက ကြီးမေကိုတွန်းထုတ်ပြီးဆောင်းဦးနားတိုးလာသည်။ဆောင်းဦးယခုအခြေအနေကို ခုနတုန်းကထက်ပိုကြောက်နေသည်။မတ်တပ်ရပ်နိုင်ရန်အားပြုအားထောက်ထားသော ဒူးနှစ်ဖက်ကတဆက်ဆက်တုန်ရင်းခွေမကျအောင်အားတင်းထားရသည်။

"အဖေ"

"ငါလိုး...ဟေ့ကောင်မင်းခြောက်နေတာလားဟမ်ဟေ့ကောင်...ဘာတွေလုပ်ထားတာလဲ"

အဖေကဆောင်းဦးမေးစေ့ကို အားနှင့်ဆွဲညှစ်ပြီးဘယ်ညာလှည့်ကြည့်သည်။ဆိုးဝါးသောအရက်နံ့စူးစူးကနှာခေါင်းထဲတိိုးဝင်လာသောကြောင့် အသက်ကိုအောင့်ထားလိုက်မိသည်။

"မင်းခြောက်နေတာလား၊အခြောက်ဖြစ်သွားတာလား"

"တောင်းပန်ပါတယ်အဖေ"

တောင်းပန်ခြင်းကိုသာ စကားလုပ်ပြောနိုင်တော့သောဆောင်းဦးအတွက် ပြောစရာစကားများများစားစားထွက်မလာ။ဆောင်းဦးစကားအပြီး အဖေ့မျက်လုံးများကပြူးကျယ်ကာ တက်တစ်ချက်ကျယ်လောင်စွာခေါက်လိုက်ပြီး ဆောင်းဦးမျက်နှာပူခနဲဖြစ်ကာလည်ထွက်သွားသည်။ကိုယ်အရှိန်ထိန်းနိုင်ရန်လက်ထောက်လိုက်မိသည်ကာ ပူနေသောဟင်းအိုးဘေးမှာ ဘယ်ဘက်လက်ဝါးစောင်းနှင့်ထိကပ်မိလျက်သား။ပူသွားသောလက်ကို လျင်မြန်စွာပြန်ရုတ်ရင်း အဖျားတက်နေသူနှယ်တဇက်ဇက်တုန်နေမိသည်။အထိုးခံလိုက်ရသောကြောင့် မေးစေ့နေရာကဂလောက်ဂလောက်ဟုအံချော်နေသလိုခံစားရသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီDonde viven las historias. Descúbrelo ahora