အပိုင်း(၂၃)

188 18 1
                                        

သုံးခွမြို့မှကြိုဆိုပါ၏ဟူသောဆိုင်းဘုတ်လေးကိုမြင်တော့ တုန်နေသောရင်ကနှစ်ဆပိုမြန်လာသလိုပင်ခံစားရသည်။ကိုယ်တိုင်မသိလိုက်ခင်မှာပင် ပေါင်ပေါ်တင်ထားသောချွေးစေးပြန်နေသောလက်ဖဝါးနှစ်ခုက တင်းတင်းဆုပ်မိသွားသည်။

"အရမ်းတွေးပူမနေပါနဲ့...ရော့ရေလေးဘာလေးသောက်လိုက်ဦး"

ဘေးတွင်ကားမောင်းနေသောသုတက
ဆောင်းဦးကိုကြည့်ပြီး သူပါစိတ်ဂနာမငြိမ်ဖြစ်လာသည်။သုတပေးသောရေဘူးကို လေးဖင့်စွာယူပြီး ရေပိုက်မှတဆင့်အေးစက်နေသောရေကိုစုပ်ယူလိုက်သည်။ရေခဲရေသည်လည်း ရင်ထဲကအပူကိုတော့မငြှိမ်းနိုင်ပါချေ။
ဆေးလိပ်သောက်ရန်ကလည်း ရန်ကုန်မှစထွက်ကတည်းကသောက်လာတာ နှစ်လိပ်လောက်ရှိနေပြီ။

ကြီးကြီးပေးခိုင်းသောငရုတ်သီးခွဲကြမ်းဖိုးပေးပြီးသည့်လမှစ၍ အကြောင်းပြချက်မျိုးစုံပေးပြီးရွာမရောက်ဖြစ်သည်မှာ နှစ်လပင်ရှိနေပြီ။စင်စစ်ထိုအခေါက်တည်းကcome out လုပ်ရန်ရည်ရွယ်ထားသော်လည်း အခြားကိစ္စများကြောင့်နောက်ရွေ့ရင်းယခုမှသာအခြေအနေပေးတော့သည်။ထိုနှစ်လအတွင်းမှာပင်ဆောင်းဦး၏ဘဝဖြစ်တည်မှုသည်လည်း အတော်အတန်ပင်ပြောင်းလဲနေပြီးဖြစ်နေခဲ့သည်။ဆောင်းဦးဟူသည့်ကောင်လေးနေရာတွင် ဝတ်ရည်ဟုခေါ်သောအမျိုးသမီးတစ်ယောက်က တစ်စတစ်စဝင်ရောက်ဖြစ်တည်လာသည်။

ပုခုံးသို့တိုင်အောင်ရှည်နေပြီးဖြစ်သောဆံပင်များက တစ်သက်လုံးမလုပ်ဖူးသည့် ပုံသွင်းဂရုစိုက်မှုများကြောင့် နုထွေးဝဲကျနေသည်။ပင်ကိုယ်ကောင်းပြီးသား အသားအရည်သည်လည်း ဆေးများကြောင့်နူးညံ့လာသည်။ပုံမှန်မဟုတ်သော ခန္ဓာကိုယ်ပြောင်းလဲရန်အတွက် သောက်ရသောဆေးများကြောင့်
ဘေးထွက်ဆေးကျိုးများကို ပြင်းပြင်းထန်ထန်မခံစားရသော်လည်း မလွယ်ကူခဲ့ပါ။

ယခင်ငေးကြည့်ရုံပဲတတ်နိုင်ခဲ့သည့် အလှကုန်ပစ္စည်းများက ယခုတော့မျက်နှာတွင်တသားတည်းအလား။သင်ယူလွယ်သောဆောင်းဦးအဖို့ မိမိမျက်နှာကိုအဆင်ပြေပြေချယ်သရန်အတွက် လေ့ကျင့်တတ်မြောက်ပြီးနေပြီ။နီစိုစိုနှုတ်ခမ်းဆေးဟာလည်း နှုတ်ခမ်းထက်တွင်နေရာယူတတ်နေပြီ။ဤသို့ဤသို့ အဝတ်အစားအပြင်အဆင်အားလုံးပြောင်းလဲနေခြင်းအပေါ် ကြီးမေမည်သို့တုန့်ပြန်မလဲဟု စဥ်းစားရင်ကြောက်စိတ်ဝင်မိတာလည်းအခါခါ။

ဆောင်းတို့သည်လည်း မအေးတော့ပြီTempat cerita menjadi hidup. Temukan sekarang