အပိုင်း(၃)

405 48 8
                                    

"သားမသွားချင်ဘူး ကြီးမေ...သားဒီမှာပဲဆက်တက်လို့မရဘူးလား"

ဆန်ပြာနေသော ကြီးမေဖြစ်သူနားတွင်ကပ်ကာ မျက်နှာငယ်နှင့်ငြင်းဆိုနေသည့်ဆောင်းဦး။ကြီးမေက ဆန်ပြာနေရာမှဆောင်းဦးဘက်လှည့်ကာ အထွန့်တက်ရန်ကောဟူသည့် အကြည့်မျိုးဖြင့်ကြည့်သည်။

"မရဘူးလို့ ငါပြောပြီးပြီလေ...ရန်ကုန်ကိုလည်းငါပြောပြီးပြီ နင်ကအေးအေးဆေးဆေးကျောင်းလေးသွားတက်ရုံဘဲ၊ဟိုကလည်းလာလို့ရတယ် လာတက်ပါလို့ပြောနေတာကို "

"သားက ရွာကိုထားပြီးဘယ်လိုလုပ်အေးအေးဆေးဆေးစာသွားသင်နိုင်မှာလဲ...
ပြီးတော့ သားရန်ကုန်မှာမနေချင်ဘူး...သူငယ်ချင်းတွေလည်းမရှိဘူး၊ပြီးတော့ကြီးမေကိုလည်း တစ်ယောက်တည်းမထားခဲ့နိုင်ဘူး"

ဆောင်းဦးစကားကြောင့် ကြီးမေကဟက်ဟက်ပက်ပက်ရယ်တော့သည်။

"အမလေးဟဲ့...ငါကကိုယ့်ဘာသာကိုယ့်စောင့်ရှောက်နိုင်ပါတယ်၊ကြီးကြီးကျယ်ကျယ်ပြောမနေစမ်းပါနဲ့...ကဲပါ..ငါကလည်းနင့်ကိုအမြဲမနေခိုင်းပါဘူး ကိုးတန်းဆယ်တန်းလေးကို
ရန်ကုန်မှာတက်ပါလို့ပြောတာ။ပြီးတော့ အဲ့အိမ်ကလည်း တို့နဲ့ဆိုအမျိုးနှစ်ဝမ်းကွဲ။အမျိုးတော်တယ် တစ်စိမ်းမဟုတ်ဘူး။ရွာကိုလာလာနေကျလေ နင်သိပါတယ်...အဲ့မှာလာရင်ပါပါလာတဲ့အစ်မကြီးကလည်း နင်တို့ကိုးတန်းဆယ်တန်းတွေကို ကျူရှင်သင်ပေးတယ်
အဲ့ဒါကြောင့်..."

ကြီးမေစကားဆုံးတော့ ဆောင်းဦးမငြင်းနိုင်ဘဲ လက်သည်းသာဖိကိုက်နေမိသည်။သူမသွားချင်ပါ...တစိမ်းတရံဒေသသို့ နှစ်ရှည်လများသွားမနေချင်ပါ။ကြောက်သည်။ရန်ကုန်သားတွေက မျက်နှာများတယ်။လူလည်ကျတယ်။တော်ကြာ သူ့ကိုတောသားဆိုပြီး ဝိုင်းအနိုင်ကျင့်မှဖြင့်....အတွေးနှင့်ပင်ငိုချင်လာသည်။
ပြီးတော့...ကောင်းဆက်နှင့်မတွေ့ရမှာလည်းကြောက်သည်။အားနာသည်။ကောင်းဆက်ကိုတစ်ယောက်တည်းထားခဲ့ပြီး သူကတော့ရန်ကုန်မှာစာတွေသွားသင်ရမှာအားနာသည်။

"သားမသွားချင်ဘူး မေမေ"

အရှိကိုအရှိအတိုင်းရိုးသားစွာထုတ်ဖော်တော့
ကြီးမေက ဆန်ပြာလက်စ ဇကောကြီးကိုချကာ ဆောင်းဦးဘက်လှည့်လိုက်သည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီDonde viven las historias. Descúbrelo ahora