အပိုင်း(၂၆)

207 19 12
                                    

"ဒီထဲမှာပါတဲ့ကော်လဂျင်က အသားအရည်လျော့တွဲတာတွေ၊အသားခြောက်တာတွေကိုလျော့ချပေးပါတယ်..."

အကြမ်းမှတ်ထားသောစာအုပ်ကိုခဏချကာကျင့်နေကျအပြုံးပီပြင်စေရင် စားပွဲတင်မှန်လေးကိုထောင်ကြည့်ပြီး မျက်နှာထားလေ့ကျင့်နေရင်း လှေကားနားမှ ပြုံးပြုံးပြုံးပြုံးနှင့် လျှောက်လာသောထက်ထက်ကိုမှန်ထဲမှတစ်ဆင့်တွေ့လိုက်ရတော့ အိုးတိုးအမ်းတမ်းဖြစ်သွားသည့်ဆောင်းဦးရယ်ပါ။

"ဆက်လုပ်ပါ...မြင်နေကျပဲကို"

ထက်ထက်ကရောက်ရောက်ချင်း သူ့နေရာမှာလှဲချပြီး ဆောင်းဦးကိုပြောသည်။

"မြင်နေကျတော့မြင်နေကျပဲ။တစ်ခါတလေကျတော့လည်း တစ်ယောက်တည်းပြောနေတာချောင်းချောင်းကြည့်တော့ ရှက်တယ်ဟဲ့"

"ချောင်းကြည့်တာမဟုတ်ပါဘူး။ဒီအတိုင်းပဲ ကြည့်ကောင်းလို့ကြည့်နေတာ။ကြော်ညာအတွက်လား"

အပြင်မှရောက်ရောက်ချင်းမို့ ချွေးပြန်နေသောထက်ထက်က အနားကပလက်စတစ်ယပ်တောင်နှင့်ယပ်ခတ်ရင်းမေးသည်။

"ကြော်ညာရော၊အင်တာဗျူးရော၊live အတွက်ရော၊သဘက်ခါကျရင် ပရိုမိုးရှင်းပွဲအသေးလေးတစ်ခုရှိသေးတယ်"

"ဒီလောက်အလုပ်တွေများနေတာနဲ့ ထက်ကိုမုန့်ကျွေးဖို့အခုထိအထမမြောက်သေးဘူးနော်...စားချင်လို့တော့မဟုတ်ပါဘူး ပြောပြတာ"

ပါးစပ်ကသာပြောပြတာဟုပြောပြီး မျက်လုံးတော့ဟိုကြည့်ဒီကြည့်ပုတ်ခတ်ပုတ်ခတ်လုပ်နေပုံက စောင်းချိတ်ပြောနေသည့်အလား။

"ဘွဲ့ရတဲ့နေ့ကျဝယ်ကျွေးမယ်"

"လာပြန်ပြီ"

ထက်ထက်က မကျေမနပ်နှင့်တိုးတိုးတိုးတိုးပြောပြီး ဆောင်းဦးဘက်လှည့်နေရင်းမှပတ်လက်လှဲချလိုက်သည်။

"ညောင်းလိုက်တာ။ထက် မျက်မှန်တပ်ရတော့မယ်သိလား၊ကြည့်ရတာဝါးနေလို့အားမရတော့ဘူး၊ဇက်ကြောတွေထိုးတာတအားဘဲ..."

"ငါပြောသားဘဲ ရေချိုးခါနီးဆားကြမ်းနင်းပါဆို။အပူလျော့တယ်...မျက်စိကြည်တယ်၊ဇက်ကြောထိုးတာသက်သာတယ်ဆို၊ဖုန်းသုံးတာလည်းလျော့"

ဆောင်းတို့သည်လည်း မအေးတော့ပြီOpowieści tętniące życiem. Odkryj je teraz