အပိုင်း(၁၉)

231 20 2
                                    

"မမသွယ်...ခေါက်ဆွဲသုပ်တော့မကျန်တော့ဘူးတဲ့၊အဲ့ဒါနဲ့ မုန့်ဖတ်သုပ်ပဲဝယ်လာတယ်...ရတယ်မလား၊အစပ်လျော့ခိုင်းထားတယ်"

ထက်ထက်တစ်ယောက် သွယ်သွယ်စေခိုင်းမှုကြောင့် ဆိုင်ရှိလူများစားရန်အတွက် လမ်းထိပ်မှရခိုင်မုန့်တီဆိုင်က အသုပ်များဝယ်ပြီးပြန်လာရင်း အကြောင်းပြန်သည်။

"အေးအေးရတယ်"

သွယ်သွယ် အသုံးမလိုတော့သောပြန့်ကျဲနေသည့် တိုလီထွာလီပိတ်စများကို စုသိမ်းရင်းပြောသည်။
ဆောင်းဦးကတော့ ကာစတန်မာတစ်ယောက်၏ ကိုယ်တိုင်းကိုယူရင်းစကားစမြည်ပြောနေသည်။

"ဝတ်ရည်ကဘာစကင်းကဲသုံးတာလဲဟင်၊အသားအရည်ကောင်းလိုက်တာ"

တက်သစ်စသရုပ်ဆောင်ဖောက်သည်မလေးကဆောင်းမျက်နှာကိုစေ့စေ့ပေါက်ပေါက်ကြည့်ရင်းမေးသည်။ရုတ်တရက်အမေးခံရသဖြင့် ဆောင်းဦးအနည်းငယ်ပင်ရှက်ပြီးမျက်နှာပူမိသည်။

"ဘာမှတော့တကူးတကမသုံးဖြစ်ဘူး။မျက်နှာသစ်ရယ်၊တခါတလေမသွယ်ပေးထားတဲ့အစိုဓာတ်ဖြည့်ခရင်မ်ပဲသုံးဖြစ်တာ"

ဧည့်သည်မလေးက အံ့သြအားကျသည့်မျက်လုံးတောက်တောက်များနှင့်ကြည့်ပြီး...

"ဘာမှမသုံးပဲဒီမျက်နှာရှိတာ အားကျလိုက်တာ...မီးဆိုရင် စကင်းကဲပေါင်းသောင်းခြောက်ထောင်သုံးလည်း မရပါဘူး။ရေဆိုတာကလည်းသောက်လိုက်ရတာရှူးပိုပေါက်ရတာပဲအဖတ်တင်တယ်၊ ဘုတွေထစ်တွေကထွက်လိုက် အမာရွတ်ကျန်လိုက်နဲ့၊အခုတောင်ဆေးခန်းနဲ့သေချာပြနိုင်လို့ဒီလောက်ပဲဖြစ်နေတာ...ရှူတင်မှာကမိတ်ကပ်နဲ့ဖုံးနိုင်ပေမဲ့ အမြဲတမ်းကျဘယ်အဆင်ပြေမလဲနော်....ပင်ကိုအသားအရည်ပါကောင်းနေမှရတာ၊အားကျလိုက်တာ...ပြောင်ရှင်းနေရော"

"ကျေးဇူးတင်ပါတယ်၊ဒါနဲ့ mv ကဘယ်တော့ထွက်မှာလဲ"

"နောက်လကျမှထွက်မှာ...ထွက်ရင်အားပေးဦးနော်"

"ဒါပေါ့...အားပေးရမှာပေါ့"

ဆောင်းဦးသည်လည်း အလုပ်ရပြီးနောက် ဝင်ဆန့်ရသည့်နယ်ပယ်က ကျယ်လာလေလေ အတွေ့အကြုံကသင်ပေးလေကြောင့် ယခင်ကထက် ပို၍လူမှုပေါင်းသင်းဆက်ဆံရေးပြေပြစ်လာခဲ့သည်။အရာရာကိုမကြောက်မရွံ့ရင်ဆိုင်နိုင်သည့် သတ္တိမရှိသေးသည့်တိုင် ယခင်ကထက်တော့ကိစ္စတိုင်းအပေါ်ကြောက်မနေတော့ဘဲ ယုံကြည်မှုလည်းပိုရှိလာခဲ့ပြီဖြစ်သည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီWhere stories live. Discover now