အပိုင်း(၂၇) (ပ)

258 19 2
                                    

ရည်မွန်ထွေးပြောသွားသည့်စကားနှင့်ပတ်သတ်၍ ရင်ထဲခံနေရင်း တအုံနွေးနွေးပူလောင်စိတ်တို့ကြီးစိုးကာ ရွာမှာမျက်နှာငယ်နေရမည့် ကြီးမေအဖြစ်ကိုတွေးကြည့်မိတော့
အသက်ရှူတောင်မဝတော့သလိုခံစားရသည်။
ဒီကြားထဲ အဆက်အသွယ်ပြတ်သည်နှင့် အရာအားလုံးကို လက်လွတ်စပယ်ထားခဲ့သလိုခံစားရသည်နှင့် စိတ်အစဥ်ကနောက်ကျိလာသည်။

ညဦးပိုင်း မမနှင့်မက်ဆင်ဂျာမှာစကားပြောမိရင်း ကြီးမေနှင့်ကြီးကြီးဖုန်းပြောဖြစ်လားဟုမေးစမ်းကြည့်ရင်းမှသည် ကြီးမေမှထွေထွေထူးထူးဘာမှမပြောကြောင်းသိရပြန်တော့ အနည်းငယ်စိတ်သက်သာရာရသလိုခံစားရသော်ငြား နောက်ဆံတင်းသည်ကတော့မလျော့သေးချေ။

--------------------

"ဝတ်ရည်ရေ ဖုန်းလာနေတယ်"

"ဟုတ်မာမီ...ကျေးဇူးပါ"

ယနေ့ရှူတင်ရှိ၍ ဆောင်းဦးကိုမိတ်ကပ်ပြင်ဆင်ခြယ်သပေးနေချိန် ကိုယ်နှင့်အတူရှိမနေသောလက်ကိုင်အိတ်ထဲမှဖုန်းလာ၍ stylistမာမီတစ်ယောက်က ဖုန်းလာကမ်းပေးသည်။

ဖုန်းဆက်သူက ကိုစိုးဇော်။မနက်စောစော ရှူတင်မလာခင်ကဆက်ကြည့်သော်လည်းမကိုင်ဖြစ်ပဲ ယခုမှပြန်ဆက်ခြင်းဖြစ်သည်။

"ဟဲလို ကိုစိုးဇော်"

"အေး...မင်းမနက်ကခေါ်ထားတာတွေ့လို့"

"ဟုတ်တယ်...အကို၊မနေ့က အထွေးကဒေါ်လေးကိုဆေးခန်းပြဖို့ငွေပို့ခိုင်းလို့။အဲ့ဒါမနက်က အလုပ်မသွားခင် ဝင်လွှဲမလို့ဖုန်းဆက်တာ။အခုရော နေ့ခင်း၁နာရီဝန်းကျင်လောက်အားလား...ရှူတင်းခဏနားတဲ့အချိန်ကျလွှဲပေးမလို့"

"အေး...အဲ့အချိန်ငါတို့လည်းထမင်းစားတယ်၊ရတယ်လေ...ထုတ်ပေးထားမယ်လေ။ဟိုဒင်း...ဒေါ်လေးက နေမကောင်းဘူးတဲ့လား"

"ဟုတ်...ထုံးစံအတိုင်းပေါ့၊ခါးလည်းနာနေတယ်ပြောတယ်....အဲ့ဒါသုံးခွမှာ မြန်မာဆေးဆရာတစ်ယောက်ရောက်နေတယ်ဆို၊အဲ့ဒါသူနဲ့ပြချင်လို့တဲ့"

"သြော်....အေး၊ဦးကျော်ခင်ရောက်နေတာ။ငါ့ယောက္ခမတောင် ဟိုတစ်နေ့ကသွားပြသေးတယ်။"

ဆောင်းတို့သည်လည်း မအေးတော့ပြီDonde viven las historias. Descúbrelo ahora