အပိုင်း(၁၅)

260 28 2
                                    

ယနေ့တော့ အထည်ဆိုင်မှအပြန်ဆောင်းဦး  ခြေလှမ်းတို့က တက်ကြွမြူးတူးလျက်ဖြစ်နေတော့သည်။မျက်နှာတစ်ခုလုံးလည်း ကျေနပ်ရိပ်နှင့်အပြုံးရေးရေးတို့ကတွဲခိုလျက်။
အိမ်ပြန်ရောက်တော့ မမကကလေးတွေကိုကျူရှင်ဆင်းပေးနေပြီ။ခြံဝန်းထဲမှ စုပြုံထွက်လာကြသောကိုးတန်းကလေးများအသံက ဆူညံလျက်။

"ကိုကြီးသမီးတို့ကိုမုန့်ကျွေးရဦးမယ် သင်္ချာ၉၀ကျော်တဲ့သူတွေကိုကျွေးမယ်ဆို"

စာတော်သောအသေးစား hyperအုပ်စုက လှမ်းသတိပေးတော့ ပြုံးနေသောမျက်နှာလေးကမဲ့ချင်ချင်။သြော်...ငါ့ပါးစပ်ကလည်းဘရိတ်မရှိလိုက်တာ။စာမလုပ်လုပ် လုပ်အောင်အစားနှင့်မျှားပြီးပြောခဲ့တာ ကိုယ်ကမေ့နေပေမဲ့သူတို့ကမမေ့ကြသေးပါ။ သို့သော်လည်း ဆရာဆိုသည့်ဂုဏ်နှင့် ခပ်တည်တည်မပြုံးမရယ်မျက်နှာထားနှင့်

"နောက်လလည်းတစ်ချက်စောင့်ကြည့်ပြီးမှ ကျွေးသင့်မကျွေးသင့်ဆုံးဖြတ်မယ်"

"ဟာဗျာ...ဟင်...သွားပြီ"

အမျိုးမျိုးညီးညူသံများနှင့် တစ်ယောက်တစ်ပေါက်ရေရွတ်သံများကို မသိချင်ယောင်ဆောင်ကာ ခပ်တည်တည်နှင့်ခြံထဲဝင်ခဲ့သည်။

ဒီနေ့ညပိုင်းတော့ ဘာဂိုက်အချိန်၊ကျူရှင်အချိန်မှမရှိပဲ အားလပ်သည်။အားလပ်သည်ဆိုပေမဲ့ နည်းနည်းပါဘဲ
စာမေးပွဲနီးလာလို့ အနီးကပ်ကျူရှင်တက်နေသောကြောင့် ကျူရှင်စာ၊သင်တန်းကစာတွေလုပ်လိုက်ရင် မအားလပ်ပြန်တော့ပါ။

"သားစောသားဘဲ"

ကြီးကြီးက သစ်ခွပင်များကိုအုန်းဆံထည့်နေရာမှလှမ်းပြောသည်။

"ဟုတ်ကြီးကြီး ဒီနေ့ဆိုင်ရှင်ကအပြင်သွားစရာရှိလို့နည်းနည်းစောပိတ်လိုက်တာ"

အိမ်ထဲရောက်လို့မမကိုရှာတော့မတွေ့မိ။အပေါ်ထပ်တက်သွားပုံရသည်။ဘေစင်တွင်လက်ဆေးပြီး ရေအိုးစင်တွင်ရေတစ်ခွက်ခပ်သောက်ကာအပေါ်တက်လာတော့ မမကသူ့အခန်းထဲကထွက်လာသည်။

"မမ မမ မမ မမ"

အဆက်မပြတ်တရစပ်ခေါ်ကာ မမဆီပြေးသွားပြီး လက်တွေဆွဲရင်းအကြောင်းမဲ့ လွှဲယမ်းခါနေမိသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီTempat cerita menjadi hidup. Temukan sekarang