အပိုင်း(၅)

388 47 7
                                    

ဆောင်းဦးရန်ကုန်ရောက်တာသုံးလလောက်ရှိသဖြင့်အတော်အသင့်နေသားကျနေပြီ။ကားစီးလည်းမမူးတော့သလို ကားလမ်းလည်းကူးတတ်နေပြီ။

ရန်ကုန်အိမ်သည် ကိုယ်ပိုင်ခြံဝင်းနှင့် နှစ်ထပ်တိုက်ဖြစ်ပြီးအောက်ထပ်တွင် မမစာသင်ရာ ဧည့်ခန်းကျယ်ကြီး၊ကြီးကြီးတို့လင်မယားအခန်းကျယ်တစ်ခန်းနှင့် မီးဖိုချောင်တစ်ခုရှိသည်။အိမ်သာရေချိုးခန်းက အောက်ထပ်နှင့် အပေါ်ထပ်ရှိမမအခန်းတွင်လည်းရှိသည်။အပေါ်ထပ်တွင် မမအခန်းနှင့် နောက်အခန်းလွတ်တစ်ခုရှိသည်။ထိုအခန်းလွတ်သည်ယခုတော့ ဆောင်းဦးနေထိုင်ရာအခန်းဖြစ်ပြီး
ကျယ်ကျယ်ဝန်းဝန်းလွတ်လွတ်လပ်လပ်ရှိသည်။ရွာတွင်တော့ တစ်ကိုယ်ရည်ကျောချစရာလောက်သာကျယ်သောအခန်းလေးနှင့်
မကျယ်လှ‌သော အိမ်လေးတွင်နေခဲ့ရသဖြင့် ရန်ကုန်အိမ်မှာ ဆောင်းဦးအတွက်လိုသည်ထက်ပိုကျယ်ဝန်းနေသယောင်။

ကြီးကြီးနဲ့ဘဘကလည်း သဘောကောင်းဖော်ရွေသလို မမကလည်းစာအသင်အပြကောင်းသည်။ရင်းရင်းနှီးနှီးနေသလို ဆောင်းဦးကိုလည်းအနေရမခက်အောင်ဖော်ဖော်ရွေရွေဆက်ဆံသည်။

မြို့ပြအင်ဂျင်နီယာတစ်ယောက်ဖြစ်သောသူမသည် လာအပ်သောဆိုက်တချို့ကိုသာကိုင်ပေးပြီး စာသင်ခြင်းကိုပိုမိုအလေးပေးအာရုံထားသည်။
*ရရင်ရမရရင်ချ*ဟူသည့် ဆောင်ပုဒ်ကိုကိုင်ပြီး စာမလုပ်လျှင်တော့ဆော်ပလော်တီးတတ်သည်။
ဆောင်းဦး မမကိုသဘောကျသောအချက်တစ်ချက်ရှိသည်။မမက ကလစ်မပန်ပါ။သို့သော် ဆံပင်ရှည်ထားတာအလုပ်ရှုပ်တယ်ဟူသောအကြောင်းပြချက်နှင့်ဂုတ်ထောက်လောက်သာထားပြီး ပုံစံမျိိုးစုံဆံပင်တုတော့တပ်တတ်သည်။
ကလစ်ပန်လျှင်လည်း ယိုးဒယားကလစ်အမည်းလေးများသာ တခါတလေမှထိုးတတ်သည်။

ရန်ကုန်ရောက်ကာမှ ရန်ကုန်သားများမှာ ထင်သလောက်မဆိုးလှကြောင်းသဘောပေါက်မိသည်။လေကြီးလေကျယ်ကောင်များမရှိဘူးမဟုတ် ရှိသော်လည်းတော်တော်များများကဖော်ရွေကြပါသည်။ဆောင်းဦးကိုယ်တိုင်က စာတော်သည့်ကျောင်းသားဖြစ်သောကြောင့်ဖြစ်ပါလိမ့်မည်
စာကိစ္စလည်းအဆင်ပြေသည်။ဆောင်းဦးကိုယ်တိုင်လည်းကြိုးစားသလို မမကိုယ်တိုင်ကလည်းတွန်းသောကြောင့် ကျောင်းတွင်လည်း လူအထင်ကြီးခံရပြီးဆရာမများကြားနာမည်ကောင်းရသော ကျောင်းသားသစ်တစ်ယောက်ဖြစ်လာသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီWhere stories live. Discover now