အပိုင်း(၉)

433 45 22
                                    

               အခန်းထိပ်ဆုံးတွင်ချိတ်ထားသောတိုင်ကပ်နာရီကို တစ်ချက်လှမ်းကြည့်၍
အဖြေလွှာစာရွက်ကို ပြန်စစ်သည်။
True /False၊ definition များ၊တွက်စာများ၊ယူနစ်မှန်မမှန်ကို စိတ်တိုင်းကျစွာစစ်ဆေး
ကြည့်ရှူလိုက်သည်။မေးခွန်းအကုန်လုံးဖြေနိုင်သည်မဟုတ်သော်လည်း
ဖြေထားသလောက်ကကျေနပ်စရာပါ။

အခန်းစောင့်ဆရာမကို အဖြေလွှာအပိုထပ်တောင်းလိုက်သည်။နောက်ဆုံးကျန်နေသည့် ပုံဆွဲရမည့်အပိုင်းကိုသာအဆုံးသတ်လိုက်လျှင် ရူပဗေဒဘာသာရပ်ကိုအောင်မြင်စွာဖြေဆိုပြီးဖြစ်မည်။

"အာ့"

ရုတ်တရက်ထွက်လာသောအော်သံသည် မကျယ်သော်ငြား တိတ်ဆိတ်နေသောစာဖြေခန်းမို့ တစ်တန်းလုံးကြားသွားရသည်။

စားပွဲအောက်ပြုတ်ကျသွားသော ထောက်ချွန်ကိုကုန်းမကောက်နိုင်သေးဘဲ ပေါင်မှအနာကိုလက်နဲ့ဖိလိုက်မိသည်။

"သား...ဘာဖြစ်တာလဲ"
အခန်းစောင့်ဆရာမကအနားရောက်လာကာ
မူပျက်နေသောဆောင်းဦးကို စိုးရိမ်စွာလာမေးသည်။

"ထောက်ချွန်... စိုက်သွား..လို့"

ကျန်နေသည့် ထောက်ချွန်သုံးကာဆွဲရမည့်အပိုင်းကို အလျင်လိုစွာနှင့်လုပ်မိသော
ကြောင့် ထောက်ချွန်မှာလက်နှင့်တိုက်မိပြီး
ဒူးအပေါ်နားအသားပေါ်သို့စိုက်ရာ အလျင်အမြန်ခါထုတ်လိုက်သော်လည်း
အသားပေါက်သွားသည်။ကြီးမားသောဒဏ်ရာမဟုတ်သည့်တိုင် ထောက်ချွန်၏အစူးတစ်ဆုံးစိုက်သွားသဖြင့် နာတော့နာသည်။

"ဟယ်...ကလေးရယ် ဖြစ်ရလေ"
ဆရာမနောက်တစ်ဦးကပါ ဆောင်းဦးကိုလာကြည့်သည်။

"သား...လာ၊ရုံးခန်းထဲခဏသွားရအောင်
ဆေးလေးထည့်ပြီးမှဆက်ဖြေ မိနစ်လေးဆယ်လောက်ကျန်ပါသေးတယ်"

ဆရာမတစ်ယောက်၏ ဦးဆောင်ခေါ်ယူမှုဖြင့်
လိုက်သွားကာ အနာကိုဆေးကြောသန့်စင်ဆေးထည့်ပြီး ပလာစတာကပ်ထားလိုက်သည်။ဒဏ်ရာကြီးကြီးမားမားမဟုတ်သော်လည်း စာမေးပွဲဖြေရာ၌ အနှောင့်အယှက်တော့ဖြစ်သည်။

ပေါင်ကအောင်တောင့်အောင့်တောင့်နှင့် နာနေရသည့်ကြားထဲ ဖြေရသည့်အထပ်က
ဒုတိယထပ်ဖြစ်နေ၍ပိုဆိုးသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီМесто, где живут истории. Откройте их для себя