အပိုင်း(၂၅)

281 22 9
                                    

ရန်ကုန်မြို့၏ လူစည်ကားရာနာမည်ကြီးစင်တာတစ်ခု။ဥဒဟိုဝင်ထွက်သွားလာနေသောလူများ၏အာရုံကိုဖမ်းစားနေသည့်က စင်တာ၏ဧည့်မျက်နှာစာခန်းမတွင် ကျင်းပနေသောပွဲတစ်ခုကြောင့်။ချိန်ညှိထွန်းပေးထားသော မီးအလင်းများကြောင့် စင်မြင့်ထက်ရှိလူများမှာ ဝင့်ဝင့်ကြွားကြွားနှင့်အမြင်အာရုံထဲမယ် ထင်းထင်းလင်းလင်းရှိလှသည်။

မြန်မာနိုင်ငံစျေးကွက်အတွင်းသို့ တစ်စတစ်စထိုးဖောက်ဝင်ရောက်ကာ cosmetic လောကထဲနေရာယူလာသည့် ထိုင်းနိုင်ငံအခြေစိုက်အလှကုန်လုပ်ငန်းစုမှကြီးမှူးကျင်းပသည့်
lady boyပြိုင်ပွဲကြီးက စင်တာထဲရှိလူအများ၏အာရုံကိုဖမ်းစားထားသည်။
လက်ရှိအနေအထားတွင် အစီအစဉ်တင်ဆက်သူ၏စကားအရ ရွေးချယ်ထားခြင်းခံရသည့် နောက်ဆုံးဆန်ခါတင်ပြိုင်ပွဲဝင်သုံးဦးအနက်မှ အနိုင်ရရှိသူကိုကြေညာပေးမည့်အချိန်ဖြစ်သည်။ကြည့်ရှုသူရွှေပွဲလာများသည်ပင် စိတ်လှုပ်ရှားနေသောကြောင့် ပြိုင်ပွဲဝင်များ၏ စိတ်လှုပ်ရှားမှုကခန့်မှန်း၍ပင်မရနိုင်တော့။

"ဟဲ့ မြန်မြန်လာစမ်းပါဟဲ့။ နင်ကြာနေတာနဲ့ လွတ်တော့မယ်"

အရှေ့ကိုအာရုံစိုက်ကြည့်ရင်း စင်မြင့်ထက်မှထင်ပေါ်နေသောသူငယ်ချင်းဖြစ်သူကိုလိုက်ကြည့်နေစဥ်မှာပင် ခပ်သေးသေးယောကျာ်းအသံနှင့်အတူဝင်တိုက်ခြင်းခံလိုက်ရသောကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့ တောင်းပန်ဟန်မျက်နှာနှင့်ကြည့်နေသော ကောင်မလေး....အင်း....ကောင်မလေးနှစ်ယောက်ကိုတွေ့သည်။ဒီလိုနေရာ ဒီလိုပွဲမျိုးမှာတော့ သူတို့လိုမိန်းကလေးများကို လွတ်လပ်ရဲတင်းစွာသွားလာနေသည်ပိုတွေ့ရသည်။

သုတလှည့်ကြည့်တော့ သူ့ကိုဝင်တိုက်သည့်နှစ်ယောက်ထဲမှတစ်ယောက်က အံ့သြဝမ်းသာသည့်နှယ်ရယ်ပြသည်။

"ဟိုအကိုကြီးမလား။မဝတ်ရည်ကို လာလာကြိုတာလေ"

"သြော်...ဟုတ်ပါတယ်ခင်ဗျ"

သုတလည်းအခုမှပင်သူတို့ကိုမျက်မှန်းတန်းမိသည်။ဆောင်းဦးအလုပ်လုပ်သောဆိုင်က လုပ်ဖော်ကိုင်ဖက်များဖြစ်လိမ့်မည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီOnde histórias criam vida. Descubra agora