အပိုင်း(၄)

348 46 6
                                    

"ကိုကိိုမရှိဘူး...မြို့ထဲသွားတယ်"

ရည်မွန်ထွေးက ရောက်မဆိုက်စီးပြောတော့
ဆောင်းဦးရင်ထဲမြေပြိုသလို။သူ
ကောင်းဆက်ကိုနှုတ်မဆက်ရဘဲနှင့်တော့ ရန်ကုန်မသွားနိုင်။

"ကိုကိုဆောင်းတော့ ရန်ကုန်သားကြီးဖြစ်တော့မှာဘဲ"
ထပ်ဆင့်ပြောကြားလာသောရည်မွန်ထွေးစကားများကို သူကောင်းကောင်းမကြားနိုင်။
ကောင်းဆက်ကိုနှုတ်မဆက်လိုက်ရမှာသာ
စိုးရိမ်နေသည်။

"အဲ့တာဆိုငါပြန်တော့မယ်...ဖိုးကောင်းလာရင်ပြောလိုက်နော်"

"ဟုတ်ကဲ့"

အမှတ်တမဲ့မြင်လိုက်မိသည့်
ရည်မွန့်ခေါင်းမှာပန်ထားသော ပန်းရောင်ဖဲပြားကလစ်လေးက သူ့ကိုနောက်နေဟန်။
မုန်းသည်။ကလစ်တွေကိုမုန်းသည်။ကလစ်ပန်သောမိန်းကလေးတွေကို အကြောင်းမဲ့
မနှစ်မြိုပါ။

စကားစမြန်မြန်ဖြတ်ကာ အိမ်ကိုပြန်လာခဲ့ရသည်။အထုတ်အပိုးတွေပြန်စစ်ရဦးမည်။
အထူးသဖြင့် မှန်ဝိုင်းလေးနှင့်ရှုံကြိုးကလစ်အထုတ်လေးကိုတော့ လုံခြုံစွာသိမ်းထုပ်ထားပါရဲ့လားပြန်စစ်ကြည့်ရဦးမည်။
ကောင်းရာ...မင်းဘယ်တွေလျှောက်သွားနေတာလဲ။

———————

"ညည်းမောင်ကိုဆုံးမစရာရှိတာဆုံးမ၊ရိုက်စရာရှိတာရိုက်၊စာမလုပ်ရင်လည်းဆော်သာဆော်"

ကိုယ်တိုင်တော့ဆောင်းဦးကို လက်ဖြင့်ပင်မရွယ်တတ်သော
ကြီးမေသည် ရန်ကုန်မှအစ်မကြီးကိုတော့
စိတ်ပါလက်ပါအပ်နှံနေသည်။
အစ်မကြီးနှင့် သူ့အဖေအမေတို့ကတော့ ကြီးမေစကားကိုရယ်ကြသည်။

"ကလေးကလိမ္မာပါတယ် ဥါ်လေးရယ်၊သမီးကလည်း ကလေးတွေကိုအရမ်းမရိုက်တတ်ပါဘူး၊ဒါပေမဲ့စာနဲ့ပတ်သတ်လာရင်တော့ သမီးနဲ့တွေ့ပြီဘဲ"

"အေးပါ ညည်းလုပ်ချင်သလိုသာလုပ်"

အိမ်ရှေ့တွင် ရယ်လိုက်ပြောလိုက်နှင့်
လူကြီးများစကားပွဲကျနေသော်လည်း အိပ်ခန်းထဲရှိဆောင်းဦးမှာ အထုတ်တွေစစ်ရင်းငူငူငိုင်ငိုင်။လက်ထဲတွင်လည်း ကြီးမေပေးထားသောငွေထုတ်လေးကိုဆုပ်ကိုင်ရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ကြီးမေနှင့်ခွဲရတော့မည်။သူချစ်သောရွာနှင့်ခွဲရတော့မည်။ပြီးတော့.....

ဆောင်းတို့သည်လည်း မအေးတော့ပြီOù les histoires vivent. Découvrez maintenant