အပိုင်း(၁၀)

386 48 14
                                    

ဆောင်းဦးသတိရလာတော့ညနေအတော်ပင်စောင်းနေပြီ။ဟိုဘက်ဒီဘက်စောင်းငဲ့ကြည့်တော့ မိမိရဲ့တစ်ကိုယ်ရည်ကျောချရာအခန်းငယ်လေးထဲရောက်နေသည်။
ရုတ်တရက်ခေါင်းထဲသို့ အစီအရီဝင်ရောက်လာသည့် အဖြစ်အပျက်များကြောင့်
ကယောင်ကတမ်းနှင့်ထထိုင်မိသည်။
တစ်ခေါင်းလုံးတူနှင့်ထုထားသလို တဆစ်ဆစ်ထိုးကိုက်ပြီး မျက်လုံးများလည်းကျိန်းစက်ပူလောင်နေသည်။ဝင်ခါနီးပြီဖြစ်သော နေရောင်နီနီရဲရဲက တစ်စွန်းတစ်စဟထားသောပြတင်းပေါက်ကြားက အားဖျော့ဖျော့ဝင်နေသည်။

ချစ်ရသူကိုနောက်ဆုံးအကြိမ်သွားကြည့်ပြီး ကျန်တာဘာမှမသိလိုက်တော့။မြေချခြင်းလည်းမမီလိုက်။လောကကြီးနှင့်ခေတ္တအဆက်အသွယ်ပြတ်ကာ ဘာတွေဆက်ဖြစ်လဲမသိတော့သလို ဘယ်သူပြန်ခေါ်လာလည်းမသိ။သေချာတာတော့ ဘဘတို့ပဲကားနဲ့အရင်တင်ခေါ်ပြီးပြန်လာတာဖြစ်လိမ့်မည်။

အသိစိတ်များပုံမှန်ပြန်ဖြစ်ချိန် တစ်ကိုယ်လုံးအားအင်မရှိတော့သလို။ခံစားချက်တို့ကဗလာနတ္ထိ။မခံစားနိုင်ခြင်းမဟုတ် နာကျင်ရလွန်း၍ထုံထိုင်းကာ ဝိုးတဝါးဖြစ်နေသည်။
အသက်ရှိလျက် လွင့်မျောနေသကဲ့သို့၊အိပ်မက်ယောင်ယောင် ဝေဝါးနေသကဲ့သို့။

လည်ပင်းပေါ်တွင် တွဲလဲခိုနေသော ဆွဲကြိုးလေးကိုပွတ်သပ်ကိုင်တွယ်ရင်း
ထိန်းချုပ်ခြင်းမဲ့နေသော မျက်ရည်တို့ကအတားအဆီးမရှိ တစိမ့်စိမ့်ကျဆင်းနေသည်။မျက်ရည်ကျနေသော်လည်း သူငိုမနေပါ။ရှိုက်ခြင်းလည်းမရှိ။နှလုံးသားတစ်ခုလုံးလည်းထုံကျင်လို့နေသည်။စင်စစ်ထုံကျင်နေခြင်းမဟုတ် နှလုံးသားကင်းမဲ့သွားခြင်း။
သူ၏နှလုံးသားသည် ချစ်ရသူနှင့်အတူ ပါသွားခဲ့ပြီ။

"ကောင်း မရှိတော့ဘူး
ကောင်း ပြန်မလာတော့ဘူး"

မိမိကြားရုံသာ တိုးတိုးလေးရေရွတ်အပြီးတွင်
ဟာသတစ်ပုဒ်ကိုကြားရသကဲ့လို့ ရယ်မိသည်။ထိုရယ်သံသည် နာကျင်မှု၊အရွဲ့တိုက်မှု၊စိတ်ပျက်ဝမ်းနည်းမှုတို့ကြောင့် ခြောက်ကပ်ကပ်နိုင်လိုက်လှသည်။

"သားလေး နိုးပြီလား"

ကြီးမေမှလိုက်ကာစလေးလှစ်ကာ လာအ
ကြည့် ထိုင်နေသောဆောင်းဦးကိုလာမေးသည်။
ဆောင်းဦးမဖြေနိုင်ပါ။ခေါင်းလေးအနည်းငယ်ညိတ်နိုင်ရုံမှအပ တစ်ကိုယ်လုံးအင်အားများဆုတ်ယုတ်နေသလို။

ဆောင်းတို့သည်လည်း မအေးတော့ပြီDonde viven las historias. Descúbrelo ahora