တဂျောက်ဂျောက် တဂျုန်းဂျုန်းစက်နင်းသံများ၊ကတ်ကြေးနှင့်ကိုက်သံများ၊ နှစ်သက်စရာပိတ်စရနံ့များနှင့်ရင်းနှီးကျွမ်းဝင်နေသည်မှာ နှစ်လကျော်ပင်ရှိခဲ့ပြီ။
ကိုယ်နှင့်တစ်သားတည်းဖြစ်စေသည့် နေရာတစ်ခုတွင်နေရခြင်းကလည်း စိတ်ကိုသက်တောင့်သက်သာဖြစ်စေသည်။
"ဝတ်ရည်"
"ရှင်...မသွယ်"
ချုပ်ပြီးစ ကချင်အဆင်ရင်ဖုံးကိုမီးပူထိုးရင်း ဆောင်းဦးအသံပြုလိုက်သည်။တနင်္ဂနွေနေ့ဖြစ်၍ အလုပ်ဆင်းစရာမလိုသော်လည်း လက်စသတ်စရာများ၊ကိုယ်လုပ်ချင်သည့်အထည်များကိုလာချုပ်၍ရသည်။
"ပြီးရင် အန်တီစန်းလာလိမ့်မယ်၊လာရင် ဒီအိတ်အမည်းထုတ်ကိုပေးလိုက်နော်...ငွေရှင်းပြီးသား၊မသွယ်အိမ်ခဏပြန်ဦးမယ်"
"ဟုတ်...မသွယ်"
ဒီနေရာ၊ဒီပုံစံ၊ဒီအနေအထားနှင့် အသားတကျဖြစ်ဖို့ ဆောင်းဦးသိပ်တော့မကြိုးစားလိုက်ပါ။ကိုယ်တိုင်ကစိတ်ပါလက်ပါနှင့် နေပျော်သောကြောင့်လည်းပါပါလိမ့်မည်။
မမနှင့်တိုင်ပင်ပြီးနောက် တက္ကသိုလ်ဒုတိယနှစ်မစမီကာလလေးတွင် သူ၏တတိယမြောက်ခိုနားရာနေရာသို့ပြောင်းရွေ့လာခဲ့သည်။အစပိုင်းတွင် အနေရခက်သော်လည်း ကြာလာသည်နှင့်အမျှနေပျော်လာပြီး နေခဲ့ဖူးသမျှထဲတွင်သက်တောင့်သက်သာအဖြစ်ဆုံးနေရာတစ်ခုဖြစ်ပြီးခင်တွယ်လာသည်။ဖုံးကွယ်စရာမလိုဟန်ဆောင်ခြင်းကင််းမဲ့စွာနှင့် မိမိပုံစံအတိုင်းနေခွင့်ရသောသီးသန့်နေရာလေးတစ်ခု။
အဆောင်အနေနှင့်ငှားထားသည့်အိမ်တွင် ဆောင်းဦးအပါအဝင်၈ယောက်ရှိသည်။
အောက်ထပ်တွင် အယ်စတာဟုခေါ်သည့် ကရင်ဗမာကပြားမလေးနှင့် မဗိုက်မဗိုက်ဟုချစ်စနိုးခေါ်ကြသည့် ကိုယ်ဝန်သည်မမိုးတို့မိန်းကလေးနှစ်ယောက်နေကြပြီး အပေါ်ထပ်တွင်တော့ ဆောင်းဦးတို့လိုစူးစမ်းပြောင်းလဲကာစကလေးများနှင့် ဘဝကိုအရှိအတိုင်းရင်ဆိုင်နေကြသော စရိုက်ပြောင်းပန်းကလေးများကစုစုပေါင်းခြောက်ယောက်။
အကုန်လုံးကဘဝတူ၊အခက်အခဲကိုယ်စီနှင့်မို့အချင်းချင်းကူညီဖေးမကြသည်။
တချို့ကလည်း ဝါသနာရောအသက်မွေးဝမ်းကြောင်းအတွက်လာရောက်နေထိုင်ကြသလို၊အချို့ကတော့ ဘဝကပေးတဲ့အတိုင်းနေထိုင်မိ၍ မိသားစု၊ပတ်ဝန်းကျင်မှပေးသော ရက်စက်စွာဒဏ်ခတ်မှုများကို အပြစ်မဲ့စွာခံယူရင်း သွားစရာနေစရာမရှိဘဲဒီကိုရောက်လာ၍ ပညာတစ်ခုကိုတတ်အောင်ဝင်သင်ကြသူများလည်းရှိသည်။
ပုံပြင်မျိုးစုံ ၊ မတူညီသောဖြတ်သန်းမှုအလီလီများရှိသော်လည်း အားလုံး၏စိတ်ထဲတစ်နေရာတွင်တာ့တူညီသောနာကျင်မှုတစ်ခုကတော့ရှိကြပေလိမ့်မည်။
ВЫ ЧИТАЕТЕ
ဆောင်းတို့သည်လည်း မအေးတော့ပြီ
Подростковая литература(on going) ဆောင်းဟူသည် အေးချမ်းသောအရာဟု တင့်စားပါလျှင် ကိုယ့်ဆောင်း သည်အဘယ်ကြောင့်ပူလောင်ရပါသနည်း... ဆောငျးဟူသညျ အေးခမြျးသောအရာဟု တငျ့စားပါလြှငျ ကိုယျ့ဆောငျး သညျအဘယျကွောငျ့ပူလောငျရပါသနညျး...
