"ဟဲ့ကောင်လေး ပိတ်လေ ဟဲ့"
"ဟင်...သြော်ဟုတ်ကဲ့ဟုတ်ကဲ့ကြီးကြီး"
အတွေးပေါင်းသောင်းခြောက်ထောင်ထဲနစ်မွန်းနေခိုက် ကြီးကြီးရဲ့စိတ်မရှည်လက်မရှည်အသိပေးသံကြောင့် ကိုယ်ကမတ်ခနဲဖြစ်သွားသည်။
"ဟဲ့ ပဲအိုးကြီးပိတ်လို့ပြောတာ"
"ဟုတ်ကဲ့ကြီးကြီး"
မီးဖိုပေါ်မှ အရှိန်အဟုန်နှင့်တပွက်ပွက်ဆူဝေနေသော ကုလားပဲပြုတ်အိုးကြီးကိုမီးပိတ်ပြီး အဖုံးကိုဖွင့်လိုက်သည်။အပူများကန်မတက်စေရန် အဖုံးနှင့်ကိုယ်ကိုကာဖွင့်ပြီး သစ်သားယောက်မနှင့်မွှေလိုက်သည်။
"နူးပြီလား"
"ဟုတ်ကြီးကြီးနူးနေပြီ"
"အေး ပြီးရင်နင့်အမကိုပဲတိုက်ခိုင်းရမယ်"
"ဟာ အမေကလည်း အခုတောင်ကြက်သွန်ထောင်းနေရတာလက်မောင်းပြုတ်တော့မယ်"
မမကညည်းညည်းညူညူအသံကြီးနှင့်ပြောတော့ အိုးပူပူနှင့်ဆီသတ်နေသောကြီးကြီးကနှုတ်ခေါင်းရှုံ့သည်။
မမကအပြင်အလုပ်၊စာသင်တဲ့အလုပ်သာ ဇွဲနပဲနှင့်စိတ်အားထက်သန်သလောက် အိမ်အမှုကိစ္စချက်ခြင်းပြုတ်ခြင်းကို အလွန်မုန်းတီးသူဖြစ်သည်။
"အေးမလုပ်ချင်ရင် ကျက်လည်းလာမစားနဲ့၊
တကယ်ဘဲ သူတို့ဘဲစားချင်လွန်းလို့ချက်ပေးရတာကို"
"အဖေလည်းအားနေတာ အဖေ့လည်းလုပ်ခိုင်းပေါ့ ဒီနေ့နားရက်ဟာကို"
"အေးလုပ်ခိုင်းမှာ ပြီးရင်သားဖနှစ်ယောက်လုံးပဲတိုက်ကြ၊နင့်အဖေလည်း တစ်မနက်လုံး လက်ဖက်ရည်သောက်လိုက် သတင်းစာဖတ်လိုက် ဘောလုံးပွဲကြည့်လိုက်နဲ့ ငါ့ကိုကူဖို့စိတ်ကူးကိုမရှိဘူး"
ကြီးကြီးက မဲ့ကာရွဲ့ကာနှင့်ဘဘကိုအပြစ်တင်နေသော်လည်း စိတ်ဆိုးသည့်အမူအရာမရှိပြုံးတုံ့တုံ့ပင်ဖြစ်နေပါသေးသသးည်။
ဆောင်းဦးဟင်းအိုးပိတ်ကာ လုပ်နေမြဲဖြစ်သော ငါးပြုတ်အရိုးနွှင်နေလိုက်သည်။ငါးကြင်းနှင့် ငါးရံ့ငါးခူ သုံးမျိုးသောငါးပြုတ်တို့က စပါးလင်းနိုင်နိုင် ငံပြာရည်လှိုင်လှိုင်တို့ကြောင့် မွှေးကြိုင်လို့နေတော့သည်။
YOU ARE READING
ဆောင်းတို့သည်လည်း မအေးတော့ပြီ
Teen Fiction(on going) ဆောင်းဟူသည် အေးချမ်းသောအရာဟု တင့်စားပါလျှင် ကိုယ့်ဆောင်း သည်အဘယ်ကြောင့်ပူလောင်ရပါသနည်း... ဆောငျးဟူသညျ အေးခမြျးသောအရာဟု တငျ့စားပါလြှငျ ကိုယျ့ဆောငျး သညျအဘယျကွောငျ့ပူလောငျရပါသနညျး...
