အပိုင်း(၂)

619 53 7
                                    

               တဂျောင်းဂျောင်းတဂျုန်းဂျုန်းမြည်နေသော ဂွန်နောင်းကြီးက တာရိုးလမ်းမပေါ်ရပ်လျှင်ရပ်ချင်း ဆောင်းဦးဝိုင်းထဲကအပြေးအလွှားထွက်လာခဲ့သည်။သို့သော်
သူမျှော်လင့်ထားသကဲ့သို့ ကောင်းဆက်သူတစ်ယောက်တည်းမဟုတ်။ဘေးတွင် စောယုစံပယ်၏ဦးလေးဖြစ်သူ ကိုမျိုးမင်းနိုင်ပါပါလာသည်။ကိုမျိုးက ဆောင်းဦးကိုမြင်သည်နှင့်ပြုံးပြသည်။ထိုအပြုံး.....
ထိုအပြုံးကို ဆောင်းဦးမကြိုက်ပါ။ထိုအပြုံးတွင်ရိုးသားမှုမပါဟု ထင်မှတ်နေလျက် ကိုယ့်ကိုကိုယ် သိမ်ငယ်သလိုလို ဝမ်းနည်းသလိုလိုပင်ခံစားရစေသည်။ထို့ကြောင့် ကိုမျိုးနှင့်တွေ့ရန် ဆောင်းဦးအတတ်နိုင်ဆုံးရှောင်ဖြစ်သည်၊ယခုကတော့ ရှောင်လို့လည်းမရတော့ပါ။လိုက်ပါမည်ပြောထားပြီးမှ ဗြုန်းစားကြီးမလိုက်တော့ပါဟု ငြင်းလျှင်လည်းမကောင်းတော့၍ ကိုယ်သာမှန်ရင်ဘာမှကြောက်စရာမရှိဘူးဟူသော စကားကိုစွဲကာသူ့ဘေးတွင်ခပ်တည်တည်ဝင်ထိုင်လိုက်သည်။

"သြော်...ကိုမျိုးပါပါလာတာလား"

"ဟုတ်တယ်ဆောင်း...အကိုကြီးက အိတ်တွေစာရင်းမကိုက်လို့ ပိုင်ရှင်ကလည်းအသစ်ပြောင်းသွားလို့ လိုက်သွားဆိုတာနဲ့ လိုက်လာတာ"

"ဟုတ်ကဲ့"

ဆောင်း...ဟုသူခေါ်လိုက်သည်။မကြိုက်ပါ မနှစ်မြိုပါ။ကြီးမေသည်ပင် သူ့ကိုဖိုးထောင်ဟုခေါ်သည်။တစ်ရွာလုံးကလည်း ဆောင်းဦးကိုဖိုးထောင်ဟုသာခေါ်သည်။ဆောင်း...လို့ခေါ်ခြင်းသည် ကောင်းဆက်သူတစ်ယောက်သာရံဖန်ရံခါ ခေါ်တတ်သောနာမည်။ကောင်း နှင့်
ဆောင်း နာမည်ကာရန်တူသည်ကိုပင်သဘောကျသောကြောင့် ကောင်းဆက်မှလွဲ၍ ဘယ်သူမှဆောင်းဟုခေါ်တာမခံချင်ပါ။
ဆောင်း...ဟူ၍အဖျားစွတ်ခေါ်ခြင်းသည် မိန်းကလေးတစ်ယောက်ကိုခေါ်နေသကဲ့သို့ပင်။

            မျိုးမင်းနိုင်သည် သိုလှောင်ရုံပိုင်ရှင်၏ညီဖြစ်ပြီး ရွာတွင်သုံးနိုင်စွဲနိုင်သောအနေအထားဖြစ်သည်။မိဘကချမ်းသာ၍ ကျောင်းထားပေးသော်လည်း တက္ကသိုလ်ပင်ပထမနှစ်နှင့်ရပ်တန့်ကာ အလေလိုက်သုံးဖြုန်းခဲ့ပြီး မိန်းမခိုးသွားခဲ့သည်။လက်ကြောမတင်း လုပ်ရည်ကိုင်ရည်မရှိဘဲ ရွာတွင်ဟောင်ပွာဟောင်ပွာလုပ်တတ်သော သူဖြစ်သည်။မိဘများ၏ တောင်းဆိုမှုအရ သိုလှောင်ရုံပိုင်ရှင်မှာ ညီဖြစ်သူအတွက်အလုပ်ကလေးပေးပြီး လစာရစေရန်ကြံဖန်ထားပေးထားရသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီHikayelerin yaşadığı yer. Şimdi keşfedin