မဆိုင်ပင်မယ့် သဝန်တို မိခြင်း

1.1K 54 0
                                        

တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းရင်း မယ်မင်းတို့ ရှစ်တန်းတွေရဲ့ နှုတ်ဆက်ပွဲနေ့လေး ရောက်လာပါတော့တယ်
မုန့်တွေစားကျရင်း သူငယ်ချင်းတွေနဲ့ နောက်နှစ်ကိုးတန်း ဘိုင်အို နဲ့ အီကို ဘာယူမလဲ ငြင်းခုံနေကျတော့
မယ်မင်းလည်း သူငယ်ချင်းတွေပြောတာ ပြုံးပြီးနားထောင်ရင်း သူ့ကိုခိုးငေးနေလိုက်တယ်

နှုတ်ဆက်ပွဲနေ့မို့ စာမသင်ရတာကြောင့် ကျောင်းသားတွေ  ပျော်ရွှင်နေကျတာပေါ့  မုန့်စားရင်း သူ့သူငယ်ချင်းတွေနဲ့ ရီမောနေတဲ့ ဘုန်းမာန် မျက်နှာကိုကြည့်ရတာ မယ်မင်းအတွက်တော့ဘာနဲ့မှ မလဲနိုင်တဲ့ ကျေနပ်မှုပဲ မယ်မင်းသူငယ်ချင်းတွေ ဘိုင်အို အီကို ဘယ်ဟာယူမလဲ တစ်ယောက်ကိုတစ်ယောက်မေးနေကျတယ် သူကတော့ ဘိုင်အိုယူမှာ မပြောပေမယ့်ရာနှုန်းပြည့်သေချာတာ မယ်မင်းသိတာပေါ့
မယ်မင်းသာ ဘာယူရမလဲမသိဖြစ်နေမိတယ် သူနဲ့လည်းနေတိုင်းဆုံချင်တယ် ဘိုင်အိုယူပြီးမလိုက်နိုင်မှာလည်းကြောက်တယ်လေ

နှုတ်ဆက်ပွဲ နေ့မို့လားမသိဘူး ကျောင်းသားအချင်းချင်း ရေးပေးပါ

စာအုပ်တွေ ရေးခိုင်းကျတယ်  ပြည့်ဘုန်းမာန် အရှေ့မှာ ပုံနေတဲ့ စာအုပ်တွေကို ကြည့်ပြီး စိတ်ထဲမှာ ဝမ်းနည်းနေမိတယ် မယ်မင်းက အဲ့လိုရေးခိုင်းရမှာ ရှက်တာကြောင့် စာအုပ်မဝယ်ထားဘူး

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

စာအုပ်တွေ ရေးခိုင်းကျတယ် ပြည့်ဘုန်းမာန် အရှေ့မှာ ပုံနေတဲ့ စာအုပ်တွေကို ကြည့်ပြီး စိတ်ထဲမှာ ဝမ်းနည်းနေမိတယ် မယ်မင်းက အဲ့လိုရေးခိုင်းရမှာ ရှက်တာကြောင့် စာအုပ်မဝယ်ထားဘူး

ဘုန်းမာန်ကိုလှမ်းကြည့်တော့ ဘယ်စာအုပ်မှ ယူမရေးဘူး😁 အဲ့ဒါနဲ့ ကြိတ်ပြုံးလိုက်တယ် (မယ်မင်းတို့စိတ်ပုတ်ချက်🤣)

ခဏလောက်လည်းနေရော ယောက်ကျားလေးတွေကြား နာမည်ကြီးနေတဲ့ Bအခန်းက စကားဝါမေ ကစာအုပ်လေးကိုင်ပြီး အခန်းထဲ ဝင်လာတော့ တစ်တန်းလုံးက ဝိုးးးး ဆိုပြီး ဝိုင်းအော်ကျတယ် စကားဝါမေက ရှက်ပြုံးလေး ပြုံးပြီးအခန်းထဲ ဝင်လာတယ်

ဘုန်းမာန်အရှေ့မှာရပ်လိုက်ပြီးတော့ ဘုန်းမာန်ကိုစာအုပ်လှမ်းပေးပြီး ရေးပေးပါစာအုပ်မှာဖြေပေးဖို့ ပြောလိုက်ရော တစ်ခန်းလုံး က ယောကျာ်းလေးတွေ "ရေးးးး"ဆိုပြီးထအော်ကျပါလေရော မယ်မင်းရင်ထဲမှာ မွန်းကျပ်လာတယ် ဘာမှမဆိုင်တာ မှန်ပေမယ့် စကားဝါ့ရဲ့စာအုပ်ကိုမရေးပေးချင်တဲ့ယောကျာ်းမျိုးရှိမယ်လို့ မယ်မင်းမထင်ဘူး
ဘုန်းမာန်ကရော စကားဝါမေ လို မိန်းမလှလေးက ရေးခိုင်းတာ ငြင်းပါ့မလား

မယ်မင်းလည်း ဆက်မကြည့်နိုင်တော့ဘူး ပေါက်ကျော်မကိုဆွဲခေါ်ပြီး အိမ်သာဘက်ထွက်ခဲ့တယ် အခန်းထဲကအထွက်မှာ မော့ကြည့်နေတဲ့ ဘုန်းမာန်နဲ့ မျက်လုံးချင်း ဆုံတော့ မယ်မင်းချက်ချင်းမျက်နှာလွှဲမိသွားတယ်

အိမ်သာရောက်တော့ လူများတာနဲ့ စောင့်နေရင်း မိန်းကလေးတစ်ချို့ဝင်လာပြီး စကားဝါ့ဆီက အမှတ်တရစာအုပ်ကနေ ပြည့်ဘုန်မာန်ရဲ့အချက်လက်တွေတောင်းမည်ဖြစ်ကြောင်း ကြားရတော့ မျက်ရည်ပေါက်ခနဲ ကျလာမိတယ် မယ်မင်းသူငယ်ချင်းမမြင်ခင် ခက်မြန်မြန်ပဲမျက်ရည်သုတ်လိုက်ရတယ် မယ်မင်းသူငယ်ချင်းက သူလည်းတောင်းမယ်လို့ပျော်ပြီးရီနေခဲ့တယ်

အပြင်မှာ ခဏကြာအောင် နေပြီး အခန်းထဲပြန်ဝင်လာချိန်မှာ မယ်မင်းမပျော်တော့ဘူး သူငယ်ချင်းတွေကိုအိမ်ပြန်တော့မယ်လို့နှုတ်ဆက်ပြီး လွယ်အိတ်ကောက်လွယ်တော့ လွယ်အိတ်ထဲက စာရွက်လေးတစ်ခုထွက်ကျလာတယ် စာရွက်ထဲမှာ ပြည့်ဘုန်းမာန်ရဲ့ အချက်အလတ်တွေရေးထားတာ တွေ့လိုက်တော့ မယ်မင်းတစ်ယောက်ငိုင်သွားတယ် ဘုန်းမာန်ရဲ့ ph no နဲ့ သူ့အဖေ အမေ နာမည်ကလွဲလို့ မယ်မင်းမသိတာ ဘာမမှ မရှိတာ မယ်မင်းက ဒိထက်ပိုသိပါတယ်ကွယ်
မယ်မင်းသူငယ်ချင်းပေါက်ကျော်မ စကားဝါဆီက တောင်းထားပြီး မယ်မင်းကိုလည်းပေးတာ ထင်တယ်

ကျောင်းကနေပြန်လာတော့ မယ်မင်းဆုံးဖြတ်လိုက်တယ် မဖြစ်နိုင်တာကို မလုပ်ချင်တော့ဘူး ညဘက် မိသားစု ထမင်းစားကျတော့ မယ်မင်းဖေဖေက ကိုးတန်းမှာ ဘိုင်အိုယူမလား အီကိုယူမလား မေးတော့ "အီကိုယူမယ် ဖေဖေ"လို့ မယ်မင်းဖြေလိုက်တယ် မမကလည်း အီကိုနဲ့ဘွဲ့ရထားတော့ အီကိုကအဆင်ပြေကြောင်း ကောင်းကြောင်းပြောပြီးဝမ်းသာနေတယ်
မယ်မင်းလည်း အိပ်ရာစောဝင်တော့မယ်ပြောပြီး ထလာလိုက်တာ
အင်းးးး အချစ်ကပူတယ်ဆိုဒါ အဲ့ဒါမျိုးလားဆိုတာ မယ်မင်း သိခဲ့ရတယ် ။ ကျေးဇူးပါ ငါ့ကောင်လေးရေ အတွေ့ကြံုသစ်တွေရစေလို့။

First  (ပထမ)Место, где живут истории. Откройте их для себя