မယ်မင်း ဖေဖေနဲ့ မေမေ ကသာမန်လက်လုပ်လက်စားတွေမို့ မယ်မင်းတစ်ယောက် အလိုက်သိစွာပဲ နွေရာသီအပြင်ကျူရှင်တွေ သုံးလပိုင်းကုန်လောက်ထဲက စဖွင့်နေပေမယ့် မတက်ခဲ့ပါဘူး ။ ဖေဖေကစိတ်မကောင်းပေမယ့် မယ်မင်းကိုကျောင်းဖွင့်တာနဲ့ အကောင်းဆုံးကျူရှင်ထားပေးမယ်လို့ ကတိပေးတော့ ကျေးဇူးဖေကြီး လို့ပဲ မယ်မင်းပြန်ပြောရင်း ပြုံးနေခဲ့တယ်။
နွေရာသီပိတ်ရက် သူငယ်ချင်းတွေအကုန်လုံးက ကျူရှင်ကြိုတက်နေကျပြီး သက်ထားတစ်ယောက်လည်းနယ်ခဏပြန်သွားတော့ မယ်မင်းတစ်ယောက် အဖော်မဲ့နေသမျှကို စာအုပ်ဆိုသွားပြီး အချိန်ဖြုန်းနေမိတယ်။
"ဖေကြီးရေ စာအုပ်လေးသွားပို့ဦးမယ် စာအုပ်ဖိုးနှစ်ရာနဲ့မုန့်တီလေးသောက်ချင်လို့ နှစ်ရာလောက်ဟီးးး"
"တန်းမှာချိတ်ထားတဲ့ ဖေကြီးအင်္ကျီထဲက နှိုက်သွားလိုက်"
"ဟဲ့ နင်တစ်နေ့ထဲ ဘာလို့ လေးရာသုံးမှာလည်း ကျောင်းလည်းမတက်ရသေးဘဲနဲ့ အဲ့စာအုပ်တွေမငှါးပါနဲ့ဆိုလည်း မရဘူး"
"ဟာ မေကြီးကလည်း အဲ့ဒါဆို ဘာလုပ်ရမှာလည်း ပျင်းစရာကြီးကို"
"နင် ပျင်းရင် ရေချိုးပါလား ငပျင်းမရဲ့ ရေမချိုးတာ ဘယ်နှစ်ရက်ရှိပြီလည်း လူလည်းပုပ်တော့မယ်"
"မေကြီးကလည်း အီစကိုက ဗြဟ္မာပြည် ကလာတာ အနံ့မထွက်ဘူးသိလား ဟီးးး သွားပြီ"
မယ်မင်းအိမ်ရှေ့ကို ပြေးထွက်လာတော့ အိမ်ရှေ့မှာစက်ဘီးရပ်နေတဲ့ ကိုရှိန်းကိုတွေ့တယ်
"ကိုကြီးဆီ လာတာလား ကိုရှိန်း"
"အေး နင်ကဘယ်လဲ"
"မုန့်တီဆိုင် စာအုပ်ဆိုင်"
"ဟုတ်လား ငါလည်းသောက်ချင်တယ်ဟာ ငါ့တွက်ပါဝယ်ခဲ့ပေး ၅၀၀၀ လောက်လား"
'အောင်မလေး လောက်တာပေါ့ကွယ် သားလေး ရယ်'
"ရပါတယ် ပေး ဝယ်ခဲ့ပေးမယ် မယ်မင်းလည်းသောက်မှာနော်"
"အေးပါ သောက်"
မယ်မင်းတစ်ယောက်ပျော်မြူးပြီး ထွက်သွားတာကိုကြည့်ရင်း ကိုရှိန်း ပြုံးနေမိတယ် 'အရူးမလေး ရေမချိုးဘဲလည်း အပြင်ထွက်တာပဲ'
🌸🌸🌸🌸
ဘာလိုလိုနဲ့ဧပြီလရောက်သွားပြီ။ ဧပြီလမှာ မယ်မင်းချစ်ရတဲ့ကောင်လေး မွေးနေ့ရှိတယ် သူ့မွေးနေ့က ဧပြီ၁၇ မို့ မယ်မင်းက နှစ်ဆန်းတစ်ရက်နေ့ကုသိုလ် လုပ်သလိုနဲ့ သူ့မွေးနေ့အတွက် အမြဲကုသိုလ်လုပ်ပေးဖြစ်တယ်။
YOU ARE READING
First (ပထမ)
Romanceတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
