ကျောင်းစတက်တဲ့နေ့မို့လား မသိဘူး ကျောင်းသားတွေကအစောကြီး ရောက်ပြီး ဆရာ ဆရာမတွေကမလာကျသေးဘူး ။
မယ်မင်းကောင်လေးကတော့ ကျောင်းမဖွင့်ခင်ထဲကစာသင်ထားပုံရတယ် စာအုပ်နဲ့မျက်နှာ မခွါဘဲ စာကြည့်နေလေရဲ့ ။
မယ်မင်းလည်း သူ့စာအုပ်ကို တွေ့တာနဲ့ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမြဲ လွယ်အိတ်ထဲထည့်ထားတော့
သူ့ကိုပြန်ပေးဖို့ကိုချောင်းနေမိတယ် ။
မယ်မင်း အခုချိန်သွားပေးလိုက်ရင်လည်း အတန်းထဲကအကြည့်တွေ မယ်မင်းဆီကပ်လာမှာ လည်းကြောက်နေမိတယ် တခြားမိန်းကလေးတွေလို သူ့ဆီချဉ်းကပ်တယ်လို့အထင်ခံရမှာလောက်မယ်မင်းကြောက်တာ မရှိဘူး
ပြန်မချစ်ရင်နေပါစေ အထင်သေးခံရမှာသေလောက်အောင်ကြောက်တယ် ။
အဲ့ဒါကိုအထင်လွဲနေတဲ့သူငယ်ချင်းအချို့က မယ်မင်းအခုထိ ဘုန်းမာန်ကို စိတ်ဆိုးပြီး အမြင်ကတ်နေသေးတယ်လို့ထင်နေကျလေရဲ့။
'နောက်မှပဲပေးတော့ပါမယ်လေ'
အဲ့အချိန်မှာပဲ သူ့သူငယ်ချင်းသုံးယောက် အလောတကြီး ပုံစံနဲ့ မယ်မင်းတို့အခန်းထဲဝင်လာကျတယ်
"ဟျောင့် မာန်ကြီး မင်း တကယ်ကြီး အီကိုယူချလိုက်တာလား ငါတို့အခုပဲ ကျောင်းရောက်ရောက်ချင်း သတင်းကြားလို့ မင်းအခန်းရှာပြီး လိုက်လာတာ"
" အေးလေ ငါတို့ကျူရှင်ကြိုတက်ထားတာတောင် ကိုးတန်းစာကပြီးတော့မယ် မင်းအခု အီကို ကိုဘယ်လိုလုပ်မလဲ"
"ဟုတ်တယ်နော်ဟျောင့်မင်းကို ငါတို့ဝိုင်းချုပ်က တော်တော်တင်းနေတယ် စောနကလေးတင် ငါ့ကိုဖုန်းလှမ်းဆက်တယ် မင်းအီကိုယူလိုက်တာ တကယ်လားဆိုပြီး"
"ဝိုင်းချုပ်က မင်းကိုအများကြီးမှန်းထားတာကွ ဟျောင့် မင်း အဲ့ကလေးမကြောင့် ပြောင်းလိုက်တာတော့မဟုတ်ပါဘူးနော်"
"ဟာ ဟျောင့် အဲ့ဒါမပြောနဲ့လေကွာ မာန်ကြီးမကြိုက်မှန်းသိရဲ့သားနဲ့"
"ငါ မင်းတို့ကို မုန့်စားဆင်းချိန် ကျရင် ရှင်းပြပါမယ် သွားကျ ကိုယ့်အတန်း ကိုပြန်ကျတော့ စာသင်ချိန်ရောက်တော့မယ်"
"အေးပါ ငါတို့သွားပြီ break ချိန်မင်းကိုလာ ခေါ်မယ်ဟျောင့်"
ВЫ ЧИТАЕТЕ
First (ပထမ)
Любовные романыတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
