စွန့်လွတ်မှု ၂

2.2K 61 9
                                        

မယ်မင်းတို့နဲ့ တိုက်မိပြီးနောက် စကားဝါတစ်ယောက်ပြုံးနေမိတယ် အဲ့နောက်မှာတော့ ဘုန်းမာန်ရဲ့ အိမ်ကိုဦးတည်လိုက်တယ်။ ဘုန်းမာန်ဆီရောက်တော့ ဘုန်းမာန်က အပြင်ထွက်ဖို့ လုပ်နေတာကြောင့်
"ဘုန်းမာန် ဘယ်သွားမလို့လဲ စကားဝါလည်း လိုက်မယ်လေ"
မယ်မင်းနဲ့ ဆုံးမဲ့နေရာကိုစောရောက်ချင်လို့ ပြင်ဆင်ကာထွက်ဖို့လုပ်နေတဲ့ ဘုန်းမာန်တစ်ယောက် စကားဝါကိုမြင်တော့ စိတ်တွေ ညစ်သွားမိတယ်။

"ငါမအားဘူး စကားဝါ နင့်လည်း မခေါ်နိုင်ဘူး အဲ့တော့နင်သွားတော့"

"ဟွန့် ဘုန်းမာန်က အမြဲအဲ့လိုပဲ တို့ကိုဆို ပစ်ပစ်ခါခါနဲ့ပြောတယ် မယ်မင်းနဲ့ ကိုရှိန်းတို့ နှစ်ယောက် ပစ္စည်းတွေနဲ့ ပျော်ပွဲစားထွက်ကျမလို့လား မသိဘူး တွေ့ခဲ့တယ်"

စကားဝါလှမ်းပြောလိုက်တဲ့ စကားကြောင့် ဘုန်းမာန်ခြေလှမ်းတို့ရပ်တန့်သွားတယ်။စိတ်ထဲမှာလည်း ဒေါသကြောင့် ဗလောင်ဆူသွားကာ ခြေလှမ်းတို့ အိမ်ထဲပြန်လှည့်ကာ အခန်းတံခါးကိုဝုန်းခနဲပိတ်လိုက်မိတယ်။ အဲ့တာကို မြင်ပြီး စကားဝါ နှုတ်ခမ်းလေးတွန့်ကာပြုံးလိုက်မိတယ်။ဘုန်းမာန် အခန်းတံခါးကိုသွားခေါက်ကာ
"ဒေါက် ဒေါက် ဒေါက် ဘုန်းမာန် ငါ ငါကဒီတိုင်းတွေ့လို့ပြောလိုက်တာပါ နင်ဘာဖြစ်လို့လဲဟင် မသွားတော့ဘူးလား"

"သွား ထွက်သွား မလာနဲ့"

ဘုန်းမာန်အော်လိုက်တာကြောင့် စကားဝါလန့်သွားပေမယ့် စိတ်ထဲလည်းပျော်နေမိတယ်

"အေးပါ ငါပြန်တော့မယ်နော် နင်နားလိုက်ဦး"

ဘုန်းမာန်ကို နှုတ်ဆက်ပြီး စကားဝါတစ်ယောက် ပြန်လှည့်ထွက်ခဲ့လိုက်တာ အရေးကြီးတာ သူလိုချက်တဲ့အရာတစ်ခုကို သူများမရဖို့ပဲ။

ဘုန်းမာန်တစ်ယောက် အခန်းထဲမှာ တစ်လှိမ့်လှိမ့်နဲ့ နေလို့မရတော့ကာ လမ်းထိပ်စာအုပ်ဆိုင်ကိုထွက်လာခဲ့လိုက်တယ်။ နေ့လည် ၁နာရီ ချိန်းထားပေမယ့် ငါးနာရီသာထိုးသွားတယ်မယ်မင်းက ရောက်မလာပေ။

🍄🍄🍄
မယ်မင်းတစ်ယောက် ဆေးရုံမှာနာရီကိုမော့ကြည့်မိတော့ နေ့လည် တစ်နာရီထိုးနေတာတွေ့တော့ ဘုန်းမာန်ကို သတိရသွားတယ် ။ သူမလာရင် ပြန်သွားမှာပါလို့တွေးပြီးတော့ စိတ်ထဲပူပေမယ် ဖြေနေမိတယ်။

First  (ပထမ)Onde histórias criam vida. Descubra agora