အချစ်ကနားလည်ရခက်တဲ့ပုစ္ဆာ

1K 44 0
                                        

မယ်မင်းတို့ နှစ်ယောက်သား စာအုပ်ဆိုင်မျက်စောင်းထိုးက မုန့်တီဆိုင်ထဲ ဝင်လိုက်ရုံနဲ့ ဆိုင်ရှင် အန်တီကြီးက မယ်မင်းကို "ပုံမှန်ပဲလား ကလေးမ" ဆိုပြီး လှမ်းမေးတော့ မယ်မင်းလည်း " ဟုတ် အန်တီ ငါးဖတ်ကလေးပိုထည့် ဟီးးး"
ဘုန်းမာန်ဘက်လှည့်ပြီး သူဘာစားမလဲ မေးတော့ မယ်မင်းစားသလိုပဲ စားမယ်တဲ့ 'သူအစပ်လည်း မစားနိုင်ဘဲနဲ့ အေ'

"ဟဲ့နင်စားနိုင်မှာ မဟုတ်ဘူး ငါစားမှာကအစပ်ဂိတ်ဆုံး နော်"

"ဟင် ဟုတ်လား ရပါတယ် နင်တောင် စားနိုင်သေးတာ ငါကယောက်ျားလေးပဲ စားနိုင်ပါတယ် လုပ် လုပ်"

"ပြီးတာပဲ အာ့ဆို"

"အန်တီ နှစ်ပွဲ လုပ်ပေး တစ်ပွဲ အာပူလျော့ပေးနော်"

မယ်မင်းအဲ့လိုမှာလိုက်တော့ ကောင်လေးကမယ်မင်းကို မကြည်ကြည့်နဲ့ လှမ်းကြည့်နေလေရဲ့ 'တကယ့်ဟာလေး သူ့အတွက်လုပ်ပေးမှန်းမသိ'

"မယ်မင်း"
"ဟင် ပြော"
"ဟိုလေ နင် eco ယူမှာလား bio ယူမှာလား"

မယ်မင်း ဘလိုဖြေရမလဲဆိုတာ တွေဝေသွားတယ်

"အင်းးး eco ယူဖြစ်မယ်ထင်တယ် ငါကဆရာဝန်လုပ်မှာ မဟုတ်တော့ အချိန်အားသာချက်အရရော တခြားဘာသာတွေ ပိုလုပ်နိုင်ဖို့ရော အတွက် eco က ပိုသင့်တော်မလားလို့"
"  နေပါဦး ဘာလို့မေးတာလဲ နင်ရော မဆုံးဖြတ်ရသေးဘူးလား အခုထိ"

"မယ်မင်း ငါ့ကိုပြောပြပါလား ရည်မှန်းချက်ဆိုတာ နင်ဘယ်လိုနားလည်လဲ"

မယ်မင်းရဲ့ crush လေး အရမ်းထူးဆန်းနေတယ်ကွယ်
သူ့လိုစာတော်ပြီး အားလုံးရဲ့စံပြလေး က မယ်မင်းလို သာမန်အဆင့် ကျောင်းသူတစ်ယောက်ကို ရည်မှန်းချက်အကြောင်း အလေးအနက်ကို မေးနေတာပဲ

မယ်မင်း : အင်း ငါ့မှာတော့ ရည်မှန်းချက်မရှိဘူး ဒါမဲ့ စိတ်ကူးလေးတော့ရှိတယ် နင်မရီနဲ့နော်"

ဘုန်းမာန် : "အင်း မရီဘူး စိတ်ချ.. ပြော"

မယ်မင်း : " ငါ သူများတွေလို မအောင်မြင်ချင်ဘူး မကြီးပွါးချင်ဘူး ဒါမဲ့ ငါနယ်မြို့လေး တစ်မြို့မှာ အိမ်လေးတစ်လုံးလောက်တော့ လိုချင်တယ် ပြီးရင် ငါ ကိုယ်ပိုင် စိုက်ခင်းလေးလည်း လုပ်မယ် အနီးနားက ကလေးတွေကိုလည်း စာသင်ပေးမယ် မနက်ခင်းတိုင်းမှာ စိတ်ပူစရာမရှိဘဲ နိုးထလာချင်တယ် ဘယ်သူ့အတွက်မှမစဉ်းစားပေးရ
စိတ်မပူပေးရဘဲ ညဘက်တွေအိပ်စက်ချင်တယ် ဟီးးး ငပျင်းစိတ်ကူး 😁စိတ်ကူးး"

ဘုန်းမာန် : "တော်လိုက်တာ ငါ့ကိုတော့လူတိုင်းက တစ်နေ့မှာ အောင်မြင်ကျော်ကြားတဲ့ လူတစ်ယောက် လူတိုင်းအားကျရတဲ့လူတစ်ယောက်ဖြစ်မှာတဲ့"

မယ်မင်း : "အင်းးး နင်ပျော်မှာလားအဲ့လိုဆို"
ဘုန်းမာန် : " ကျေးဇူးပါ မယ်မင်း"

မယ်မင်းကိုဘာလို့ကျေးဇူးတင်မှန်းမသိ လာချပေးတဲ့ အာပူသုတ်စပ်စပ်ကို ချွေးတွေပေါက်ပေါက်ကျအောင် စားနေတဲ့ မယ်မင်းရဲ့ ကောင်လေးကို ငေးကြည့်နေမိတယ်

စားလို့ပြီးတော့ မယ်မင်းကို လမ်းထိပ်လိုက်ပို့ပြီး စက်ဘီးလေးနဲ့ ထွက်သွားတဲ့ သူ့နောက်ကျောကို ကြည့်ပြီး စောနကအချိန်လေးတွေကို နှမြောမိနေပြီ

ပထမဆုံး ပျော်ရွှင်စရာ နွေရာသီအားလပ်ရက် ကလေးပါကွယ်😍

ပထမဆုံး ပျော်ရွှင်စရာ နွေရာသီအားလပ်ရက် ကလေးပါကွယ်😍

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
First  (ပထမ)Where stories live. Discover now