step by step

787 38 0
                                        

ဒီ​နေ့ ခရီးစထွက်မဲ့​နေ့မို့ မယ်မင်း အကုန်ပြင်ဆင်ပြီး သက်ထားတို့အိမ်ကို ထွက်လာခဲ့တယ်။ သက်ထားဆီ​ရောက်​တော့ နှစ်​ကောင်သား ဟိုဟာယူဦး ဒီဟာယူဦးနဲ့ ​တွေ့သမျှပစ္စည်း အိတ်ထဲ​ကောက်ထည့်​နေကျတယ်။ ဒီ​နေ့မှ​မေကြီးက ထူးထူးဆန်းဆန်း ​စျေး​ခေါ်သွားက ဂျင်း​ဘောင်းဘီ​လေးတစ်ထည် ဝယ်​ပေးတာမို့ မယ်မင်းတစ်​ယောက်စပို့ရှပ်အဖြူ​လေးနဲ့ ဂျင်း​ဘောင်းဘီတွဲပြီး မဝတ်စဖူး ဝတ်ပြီး ကိုယ့်ကိုကိုယ် အရမ်းလှ​နေပြီ ခံစား​နေရတယ်😂

သက်ထားနဲ့ နှစ်​ယောက်သားပြင်ဆင်​ပြီး ထွက်လာ​တော့ သက်ထားအိမ်​ပေါက်ဝမှာ ​စောင့်​နေတဲ့ကိုရှိန်းကို​​တွေ့လိုက်တယ်။

သက်ထား : "ဝိုးးး ကိုရှိန်း မိုက်လှရီလား စတိုင်က ဟဲဟဲ တိုက်ဝတ်လာကြသလား မှတ်ရတယ်"

ကိုရှိန်းက အမဲ​ရောင်စပို့ရှပ်နဲ့ ဂျင်း​ဘောင်ဘီနဲ့မို့ သက်ထားမလှမ်းစ​နေမှန်း မယ်မင်းသိတာ​ကြောင့် စကားချက်ချင်းလွှဲလိုက်မိတယ်။

"ကိုရှိန်း မယ်မင်းတို့ကို လာ​စောင့်​နေတာလား"

"အင်းးး"

"​သြော် ဟုတ်"

"သွားကြမယ်​ဟေ့ ငါတို့​တွေ"သက်ထားတစ်​ယောက်
​ပြောပြီး အ​ရှေ့ကထွက်သွားတာမို့ မယ်မင်းတို့နှစ်​ယောက် အ​နောက်ကလိုက်ရတယ်။ မယ်မင်းလက်ထဲက အဝတ်အိတ်ကို အမှတ်တမဲ့ လှမ်းဆွဲလိုက်တာ​ကြောင့်

"ရပါတယ် ကိုရှိန်းရဲ့ မယ်မင်းနိုင်ပါတယ်"

"ကို ဆွဲ​ပေးချင်လို့ပါ"

" အင်း ​ကျေးဇူးပါ ကိုရှိန်း"

ကိုရှိန်းတစ်​ယောက်ဒီ​နေ့ ထူးဆန်း​နေသလိုပဲ။ စကားလည်း သိပ်မ​ပြောဘဲ ဘာဖြစ်​နေမှန်းကို မယ်မင်းမခန့်မှန်းတတ်ဘူး။

"မင်း ​ဆေး​တွေ​ရော ပါလာရဲ့လား"

"ပါတယ် ကိုရှိန်း နှစ်​ယောက်စာလုံးအ​သေချာထည့်လာတာ😁"

သက်ထား​ရော မယ်မင်းပါ နှစ်​ယောက်စလုံးကားမူးတတ်တာ​ကြောင့် ခရီးထွက်ရတာကြိုက်​ပေမယ့် ကားစီးရမှာ ​ကြောက်ကျတယ်။

First  (ပထမ)Tahanan ng mga kuwento. Tumuklas ngayon