၁၇ရက်နေ့ ရောက်လာခါနီးတော့ မယ်မင်းတစ်ယောက်အဲ့အချိန်က ဘာကြောင့်စိတ်လိုက်မာန်ပါ ပြောလိုက်မိလည်း စဉ်းစားမရဖြစ်နေမိတယ် ။ မယ်မင်းတစ်ယောက်ပြောချင်ရာပြောပြီးမှ တကယ်တန်း အဲ့နေ့ကျရင်ဘယ်လိုသွားရမလဲ အကြံထုတ်နေမိတယ် ။ ဖေကြီးကတော့ သူလိုက်ပို့ပေးမယ်ပြောတယ်။ မေကြီးကတော့ ထုံးစံအတိုင်း
ရှုပ်ရှုပ်ယှက်ယှက်အေ လို့ပြောပြီးမယ်မင်းဝတ်လို့ရနိုင်မယ့်အဝတ်စားအသစ်တစ်ချို့ကိုထုတ်ပြီး မီးပူတိုက်ပေးနေလေရဲ့။သက်ထားကို လိုက်ခဲ့ဖို့ပြောတော့ အင်တင်တင်နဲ့ ငြင်းပြီးမှ မယ်မင်းတစ်ယောက်ထဲ ဖြစ်နေမှာမို့ လိုက်ခဲ့ပေးမယ် ပြောလာတယ် ။ညဘက်အိပ်ခါနီး မမကို ဟော်တယ်အကြောင်းမေးတော့ မယ်မင်းကို ကလေးပေါက်ကလေးလို့ကြည့်ပြီး သေချာရှင်းပြနေလေရဲ့။
🌸🌸🌸🌸🌸
မွေးနေ့ မနက်ခင်း
သက်ထားတစ်ယောက် မယ်မင်းမနိုးခင်ထဲက ဘယ်ထွက်သွားမှန်းမသိဘူး မေကြီးနဲ့များ စျေးလိုက်သွားသလား မသိဘူး ။
"မယ်မင်းရေ ငါ့မှာ ဝတ်စုံနှစ်ခုရှိတယ် နင်တစ်ထည် ငါတစ်ထည် ဝတ်မယ်လေ"
"ဟေ ဟုတ်လား ငါက ငါ့အစ်မဆီက ခိုးမလို့ ..ဟီးးး
နေပါဦး ကမ နင်ပြောတော့ နယ်ကအားချင်းပြန်လာလို့ အဝတ်စားမပါဘူးဆို ဒါတွေက ဘယ်ကရတာလည်း"
"ဟို ဟာ ငါလေ.. အာာာာ မယ်မင်းကလည်း ဝတ်မှာသာဝတ်စမ်းပါ စကားများတယ် ရော့ အဝါဝတ်စုံလေးကနင့်အတွက် ဖိနပ်လေးရော အိတ်လေးရော အင့်"
မယ်မင်းတစ်ယောက် တွေဝေသွားတယ် သက်ထားက
တစ်ခုခု ကို လိမ်ပြီဆို အဲ့လိုပဲ စကားထစ်နေတတ်တယ် ။ အခုလည်း မျက်နှာကြီး နီရဲနေပြီး ကြက်ကြီးလည်လိမ်ထားသလို မူမမှန်ထဲက သက်ထားမ လိမ်နေပြီဆိုတာ။
"သက်ထား ဒါတွေဘယ်ကဟာတွေလည်း နင်မပြောရင် ငါစိတ်ဆိုးမှာနော် ငါအရင်းနှီးဆုံးလူတွေ ငါ့ကိုလိမ်တာ ငါအမုန်းဆုံးပဲ"
"နင်ကလည်း မယ်မင်းရယ် ငါ့ကိုအမှုကြီးအောင်လုပ်ပြန်ပြီ အေးပါဟာ မနေ့ထဲက ကိုရှိန်းလာပေးထားတာ နင်ဝတ်ဖို့တဲ့ မသိအောင်ပေး ပေးပါတဲ့ အဲ့ဒါပဲ"
ВЫ ЧИТАЕТЕ
First (ပထမ)
Любовные романыတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
