စာမေးပွဲကြီး နီးလာပြီမို့ မယ်မင်းတို့ဆယ်တန်းကျောင်းသားတွေ တော်တော်များများ ကျောင်းသွားမတက်ကျတော့ ဘဲ ကျူရှင်ကို တစ်နေကုန်နီးပါး သွားနေကျရတယ်။
သက်ထားနဲ့ မယ်မင်း တစ်ကျူရှင်ထဲပေမယ့် seriesဖြေထားတဲ့ အမှတ်တွေကြောင့် ကျူရှင်ချိန် မတူဘဲ သက်ထားက ည ရှစ်နာရီဆို ပြန်ရပြီး မယ်မင်းတို့ camp သမားတွေက အချိန်ပို ထပ်တက်ရတာကြောင့် ဆယ်နာရီခွဲမှ ပြန်ရတယ်။ အမြဲလိုလို ဖေကြီးလာကြိုတော့ အိမ်က ဖေကြီးကို စိတ်မချတာကြောင့် ကျူရှင်လာကြိုတဲ့ တာဝန်ကို ကိုကြီးကို ပေးကျတယ်။ ကိုကြီးက ငပျင်းမို့
နောက်ဆုံးတော့ ကိုရှိန်းနဲ့ ပြန်ခိုင်းပြီး စတေးရှောင်သွားလေရဲ့။ အိမ်ပြန်ပြောရင်လည်း ဖေကြီးပဲ လာကြိုရမှာမို့ မယ်မင်းလည်း မပြောဘဲ ကိုရှိန်းနဲ့ ပဲ ပြန်လိုက်တော့တယ်။
မုန့်စားဆင်းချိန်တိုင်း တခြားသူတွေက မုန့်ဆိုင်တွေမှာ သွားစားကျပေမယ့် မယ်မင်းတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ကျူရှင် ထမင်းစားခန်းမှာပဲ စားပြီး ဝရန်တာမှာ ထွက်အပန်းဖြေတတ်ကျတယ်။
"မယ်မင်းရေ ဒီနေ့ နင် အချိန် ပိုရှိလား"
သက်ထားကထူးထူးဆန်းဆန်း မေးနေတော့ မယ်မင်း လမ်းမပေါ်ကိုငေးနေရင်း "ဘာလို့လဲ ရှိတယ်လေ"
"နင် အိမ်ကိုပြောခဲ့လား ဒီနေ့ လာကြိုဖို့"
"မပြောခဲ့ဘူး အယ် ဟုတ်သားပဲ ဒီနေ့ ကိုရှိန်းကျူရှင် မတတ်တာ ငါမေ့နေတာ"
ဒီနေ့က ကိုရှိန်း ညီမလေး သေတာ နှစ်ပတ်လည်နေ့မို့ ကိုရှိန်း ကျူရှင် မလာတာပါ။
"အင်း ငါလည်း နင့်ကိုစောင့်ပေးချင်ပါတယ် ငါ့အဘွားနေမကောင်းလို့ပါဟာ"
"ရပါတယ် ငါဘာသာ ပြန်ရဲပါတယ်"
"ချာတိတ်"
"ဪ ကိုကြီး , ဝရန်တာမှာ ရှိနေတာလား မမြင်လိုက်ဘူး"
"အင်း ညကျရင် အိမ်ကလာ မကြိုဘူးလား"
"ဟုတ် ရတယ် ရပ်ကွက်က ကပ်ရပ်မို့ မယ်မင်းပြန်ရဲပါတယ် သိပ်လည်းမလျှောက်ရပါဘူး"
ESTÁS LEYENDO
First (ပထမ)
Romanceတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
