ဒီနေ့ ကျောင်းပြန်ဖွင့်ဖို့ တစ်ပါတ်လောက်ပဲလိုတော့တာကြောင့် မယ်မင်း ကျူရှင်တက်ဖို့ ဖေကြီးလိုက်အပ်ပေးမဲ့ကျူရှင်ကို သားဖနှစ်ယောက်သွားကျတယ်။
ကျူရှင်ရဲ့ founder ဆရာက ဖေကြီးငယ်ငယ်ကဝိုင်းထိန်းကျောင်းပေးဖူးတဲ့ အိမ်နီးချင်း ကလေး လို့ပြောတယ်။
'😱 အိုးမိုင်ဂေါ့ ကျူရှင်က အကြီးကြီးပဲဟ'
ကျူရှင်ရောက်တော့ ဖေကြီးက "သမီး စာကြိုးစားနော် သိလား"
"ဟုတ် ဖေကြီး"
ဆရာမ : " ဪ ဦး ရောက်ပြီလား ။ လာလေ သမီးလည်းဝင်ခဲ့ လာသမီး"
ဖေကြီး : " အေး သမီး ညည်း ညီမလေးကိုအပ်ပါတယ် စာမလုပ်ရင် ရိုက်သာရိုက် ဦး ကို အားမနာနဲ့"
'အမ် ငါလေးကို အသေအချာကို အပ်နေတာပဲ'
ဆရာမ : " စိတ်ချပါ သမီးသေချာသင်ပေးပါ့မယ်"
"ကဲ မယ်မင်း ဖေကြီးပြန်မယ် ကျူရှင်က ညရှစ်နာရီဆိုတော့ ဖေကြီး ရှစ်နာရီ လာကြိုမယ်"
"ဪ ဦးရေ သမီးတို့ကျူရှင်က ကလေးတစ်ယောက်က ဦးတို့ရပ်ကွက်ဘက်ကပဲဆိုတော့ ပြန်ရင် တူတူထည့်ပေးလိုက်လို့ရတယ် လုပ်ပေးရမလား"
"ရပါတယ် သမီးရယ် ဦးဘာသာပဲ လာလာကြိုပါမယ့် သူများကို အားနာလို့"
"ဟုတ်ပြီ ဦးရေ ညရှစ်နာရီပါ"
"အေးအေး သမီး ။ မယ်မင်းရေ ဖေကြီးပြန်ပြီနော် ဆရာမစကားနားထောင်"
"ဟုတ်"
"လာ သမီးလာ စာသင်ခန်းထဲလိုက်ပို့မယ်"
ကျူရှင်က ခြောက်ထပ်တိုက်တစ်ခုလုံးဖွင့်ထားတာမို့ စာသင်ခန်းတွေက အပေါ်ထပ်မှာ ရှိမယ်ထင်တယ်။
မယ်မင်းတစ်ကောင် လမ်းထဲက ဆရာမဝိုင်းပဲ တက်ဖူးတာကြောင့် ဒီနေရာမှာ လက်ဖျားတွေအေးစက်နေခဲ့တယ်။
တတိယထပ် စာသင်ခန်းတံခါးကို ဆရာမ ဆွဲဖွင့်တော့ မယ်မင်း အခန်းထဲ ဝင်လာခဲ့လိုက်တယ်။
"ကဲဒါကကျောင်းသူသစ် မယ်မင်းဂုဏ်ရောင် တဲ့ ။ သမီး မယ်မင်း တတိယတန်းမှာထိုင် ဆရာမတို့ကျူရှင်က သုံးလပိုင်းထဲကစတာမို့ စာတွေတော်တော်ပြီးနေပြီ ။ ပြီးမှ ဆရာမ ကူးထားတဲ့စာရွက်တွေပေးမယ်နော်။ သွားထိုင်"
YOU ARE READING
First (ပထမ)
Romanceတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
