အမှား

830 51 1
                                        

မယ်မင်း တစ်ယောက် ကျူရှင်နောက်ကျမည် ဆိုး၍ညနေစာအမြန်သွပ်ပြီး လမ်းကိုအမြန်လျောက်နေရတယ် အဲ့အချိန်မှာပဲ မယ်မင်းဘေးကို လူမရောက်ခင် အနံ့ကရောက်လာတယ် ။
သေချာပြီ ဒါ ဟိုအဖွဲ့ကပဲ ။

ကျူရှင် စရောက်ပြီး တစ်ရက်နှစ်ရက်တွင်းပဲ ကျူရှင်ရဲ့ ဒိတ်ဒိတ်ကျဲတွေ အကြောင်းသိရတယ် ။အထူးသဖြင့် မိန်းကလေး ငါးယောက်ဖွဲ့ထားတဲ့ အဖွဲ့ အဲ့ထဲမှာ စကားဝါမေ က ခေါင်းဆောင်။ အကုန်လုံးက ပိုက်ဆံရှိသားသမီးတွေပီပီ မယ်မင်းတို့ စိတ်ကူးမယဉ်နိုင်တဲ့ အရာတွေက ကိုင်နိုင်ကျတယ်။ ကျူရှင်ချိန်အပြင် သီးသန့်ဂိုက်ဝိုင်းတွေပါထပ်ယူထားကျပြီး အမြဲလိုလို ကျူရှင်ကို လိုအပ်တာတွေဝယ်လှူကျတယ်။

"ဟေ့ နင်က ကျောင်းသူသစ်မှတ်လား"

မယ်မင်း ကိုခေါ်လို့ လှည့်ကြည့်လိုက်တော့ စကားဝါတို့ အဖွဲ့ထဲက တစ်ယောက် သူ့နံမည်က စင်သီ တဲ့။

"အင်း ဟုတ်တယ်"

"အိုင် တို့ကျူရှင်မှာလေ မိန်းကလေးတွေက အတိုအပြတ်တွေ မဝတ်ရဘူး သိလား။ ယူက အသစ်မို့ မသိမှာစိုးလို့"

"ဟမ်"

မယ်မင်း ကိုယ့်ကိုပြောလို့ ဒေါသထွက်ဖို့ထက် အံ့ဩသွားတာကပိုတယ် ။ မအံ့ဩဘဲနေမလား မယ်မင်းကို မေကြီးချုပ်ပေးထားတဲ့ ဝမ်းဆက်မှာ စကပ်ကဒူးအတိထိ ရှည်တယ်။ သူဝတ်ထားတာက အင်္ကျီ လက်ပြတ်နဲ့ ကျားသစ်ကွက်ပုံစကပ်က ပေါင်တစ်ဝက်ပဲရှိတယ် ။ ပြီးတော့ မယ်မင်းတို့လွယ်သလို ကျောပိုးအိတ်နဲ့ မဟုတ်ဘဲ မမတို့အပျိုမတွေလွယ်သလို ဘေးလွယ်အိတ် အလှနဲ့ စာအုပ်တွေကိုဖိုင်ထဲ ထည့်ကိုင်လာတာ။

"နင်ကျတော့ ရော ဘာလို့ဝတ်တာလဲ နင်ဝတ်တာက ပိုတောင် တိုသေးတယ်"

"ဟွန်းးး ယူကစေတနာနဲ့ ပြောတာကို စွာလိုက်တာ ။ မတူဘူးလေ ယူတို့နဲ့ အိုင်တို့က ။ အိုင်တို့က ဂိုက်ပါတက်တာမို့ ဝတ်လို့ရတယ်"

"အမ် ။ ဟာသတွေပဲ"

မယ်မင်း ရီချင်လွန်းလို့ သေတော့မယ်။ ဘယ်လိုဟာတွေမှန်းကိုမသိဘူး။

မယ်မင်း ကျူရှင်ရောက်တော့ ဆရာ မဝင်သေးတာနဲ့။ ကျောင်းအုပ်ဆရာမ ဆီ သွားလိုက်တယ် ။

First  (ပထမ)Where stories live. Discover now