ထိုအရာတွေကြောင့်မစွန့်လွတ်နိုင်ခဲ့ပါ

843 49 2
                                        

ဆရာမအခန်းထဲ ရောက်တော့ သုံးကောင်သားငြိမ်ပြီးရပ်နေကျတယ်။

"ကဲ ပြောပါဦး ဘယ်လိုဖြစ်လဲဆိုတာ"

တစ်ယောက်မှ အသံမထွက်လာတော့ ဆရာမစိတ်ဆိုးသွားတယ် ထင်တယ်။ နောက်ဆုံးတော့ အပြစ်ဒဏ်အနေနဲ့  ရှိန်းသူရော ဘုန်းမာန်ရော ဝရန်တာမှာ လက်မြှောက်ပြီးမတ်တပ်ထွက်ရပ် ရပါတော့တယ်။
မယ်မင်းလည်း အခန်းပြန်ရမှာမို့ သုံးကောင်သား အခန်းထဲကအထွက်မှာ

"မယ်မင်း သမီး တီချယ်ပြောစရာလေးရှိလို့"

"ဟုတ်"

"တီချယ် CCTV ပြန်ကြည့်ပြီးပြီ အဆင်ပြေလားသမီး။ စကားဝါမေ လာပြောတာလည်း တီချယ်တွေ့တယ်။တီချယ် စကားဝါကိုလည်း ခေါ်ပြီးဆူလိုက်ပါ့မယ်"

"မဟုတ်တာ တီချယ် မဆူပါနဲ့။ အခုပြသာနာက စာအုပ်ငှါးလို့ ဖြစ်တာမဟုတ်ပါဘူး။ သမီးအလွယ်ကြိုက်ပြီး ကိုယ်တိုင်အပင်ပန်းမခံချင်ဘဲ သူများကြိုးစားရေးထားတဲ့ note တွေကို အလကားလိုချင်မိလို့ ဖြစ်ရတာပါ။ note တွေကိုလည်း ပိတ်ရက်မှ သမီးဘာသာ ပြန်ကူးလိုက်ပါ့မယ်တီချယ် နောင်အဲ့လိုမဖြစ်စေရပါဘူး သွားလိုက်ပါဦးမယ် တီချယ်"
မယ်မင်းနဲ့ တီချယ် ပြောသံကြားပြီး အခန်းအပြင်က ဘုန်းမာန် ငိုင်သွားမိတယ်။

ဝရန်တာမှာ မတ်တပ်ရပ်နေရင်း

ကိုရှိန်း : "ဟျောင့် မင်းနောက်တစ်ခါ မယ်မင်းကိုဒီလိုထိခိုက်နစ်နာအောင်ပြောရင် ဒီလောက်နဲ့မရပ်ဘူး မင်းကိုသတ်ပစ်မယ် နားလည်ထား။ မယ်မင်းကမင်းကြောင့်အမြဲ ငိုရတယ် ကဲ့ရဲ့ခံရတယ် ဒီလိုဖြစ်နေတာတောင် မယ်မင်း မင်းကိုအပြစ်မပြောခဲ့ဘူး။ ဒါကို မင်းက ထပ်ခါထပ်ခါ နာကျင်အောင်လုပ်တယ် မင်းမိန်းကလေးတစ်ယောက်ကို လူပုံအလယ်မှာ ထိခိုက်နစ်နာအောင်ပြောတာ မရှက်ဘူးလား ဟမ်"

ဘုန်းမာန် : "ခင်ဗျားကရော ဘာကိစ္စ မယ်မင်းကိစ္စမှာ ဝင်ပါနေရတာလည်း ခင်ဗျားလို လူမျိုးနဲ့ ပတ်သတ်နေလို့ မယ်မင်းကို ဝိုင်းပြောနေကျတာ ခင်ဗျားကမှ မယ်မင်းကို နစ်နာစေတာ နားလည်လား"

First  (ပထမ)Dove le storie prendono vita. Scoprilo ora