ပြိုင်မျဉ်း

872 45 4
                                    

ဘာလိုလိုနဲ့ မယ်မင်းတို့ ကိုးတန်းစာမေးပွဲနောက်ဆုံးနေ့ ရောက်လာခဲ့တယ်
"မယ်မင်း နင်အိမ်ပြန်ရင် ငါလည်း လိုက်မယ်နော် ဖြေပြီးတန်းမပြန်နဲ့ ငါ့စောင့် ငါ အန်တီလက်ရာ လက်ဖတ်သုပ်လေး စားချင်လို့ ဟီးးးး"

"အေးပါဟ နင် စက်ဘီး မယူလာဘူး မှတ်လား ငါနဲ့လိုက်စီး"
"စက်ဘီးလေးတွန်းပြီးလမ်းလျောက်ကျတာပေါ့ ငါနင်စီးတဲ့နောက်က မစီးရဲဘူးလေ သူငယ်ချင်းရယ် ဟီးးး"

"ဘာ စွကမ အေးပါ ငါကောင်းကောင်းစီးတတ်နေပြီနော် မယုံလည်းနေပေါ့😏"

မယ်မင်းတစ်ယောက် အခုဆိုရင် စက်ဘီးလည်း ကောင်းကောင်းစီးတတ်နေပြီ ဆံပင်လေးလည်း ဖေဖေနဲ့ အတိုက်ခံလုပ်ပြီး ထားလာတာ ခါးလည် မရောက်တစ်ရောက်လေး ဖြစ်နေပြီ အမြဲ အပေါ်ထပ် အင်္ကျီ ဝတ်တာကြောင့် သက်ထားကတောင်ပြောတယ် အသားဖြူလာတယ်တဲ့။

မယ်မင်းနဲ့ သက်ထား စာမေးပွဲဖြေပြီး မယ်မင်းအိမ်ကိုပြန်ဖို့လုပ်ကျတော့ ကျောင်းထဲမှာ ကျောင်းသား ကျောင်းသူတွေ ရေသန့်ဘူး ကိုယ်စီနဲ့ ရေလောင်းနေကျတယ် တစ်ချို့ကျတော့လည်း နှင်းဆီ ပန်းတွေပေးကျပေါ့ ။

မယ်မင်းလည်း သက်ထားလက်ကိုဆွဲပြီး အခန်းပြင်ကိုထွက်လာတယ် အခန်းဝမှာ ဘုန်းမာန်တစ်ယောက်ရေဘူးလေးကိုင်ပြီး အခန်းဘက်ကိုမျက်နှာမူပြီး ကြည့်နေတာ တွေ့လိုက်တော့ မယ်မင်း ခြေလှမ်းတွေတောင်မှားတယ် ။

"မယ်မင်း တွေ့လား သူ စကားဝါမကို ရေလောင်းဖို့စောင့်နေတာနေမယ်ဟ သူဟာမက စာညံ့လို့ အခန်းထဲကတောင်မထွက်ရသေးဘူး ဟားး"

'စကားဝါမေ ကိုတကယ်စောင့်နေတာလား ကောင်လေးရယ်'

ကျောင်းစတတ်တဲ့ချိန် ဘုရားခန်းဝင်တဲ့နေ့က ကိစ္စကြောင့် နောက်ပိုင်း ဘုန်းမာန် နဲ့ အရင်လောက်မနွေးထွေးတော့ဘူး ။ သူလည်း အရင်လို မယ်မင်းကို စကားသိပ်မပြောတော့ဘဲ မယ်မင်းတို့နှစ်ယောက် စိမ်းသွားသလိုပဲ။

ဘုန်းမာန်တစ်ယောက် မယ်မင်းနဲ့ အကြည့်ချင်းဆုံသွားတော့ မယ်မင်းတို့ဘက်ကို လျောက်လာတယ်။ အဲ့အချိန်မှာပဲ မယ်မင်းကို အနောက်ကတစ်ယောက် ဝင်တိုက်ပြီး ကျော်တက်သွားတယ်။ 'သူတကယ် စကားဝါမေ ကိုစောင့်နေတာပဲ"

First  (ပထမ)Donde viven las historias. Descúbrelo ahora