just a brother

794 35 0
                                        

အခုရက်ပိုင်း စာမေးပွဲကြီးကနီးလာတာကြောင့် မယ်မင်းတို့ ကျောင်းသားတွေ စာအုပ်နဲ့ မျက်နှာ မခွါတန်းကို စာကျက်ရပါတယ်။ စာမေးပွဲနီးလာပြီမို့ တီချယ်က ကျောင်းသားကျောင်းသူတွေကို ကားစီစဉ်ပေးကာ ဒီဇင်ဘာ ပိတ်ရက်မှာ ပြင်ဦးလွင်ခရီးစီစဉ်ပေးထားတယ် ။ မယ်မင်းတို့ကျောင်းလေ့လာရေးခရီးတွေလို အနီးနားမဟုတ်တဲ့အပြင် ဟိုမှာလည်း ပိုက်ဆံရှိတဲ့သူများတာမို့ hotelတည်းမှာကြောင့် ကျောင်းသားတစ်ယောက် သုံးသောင်းတောင်မို့ ဖေကြီးတို့ပိုက်ဆံကုန်မည် ဆိုး၍ မယ်မင်း မလိုက်ဖို့
ဆုံးဖြတ်လိုက်တယ်။ မယ်မင်းမလိုက်တော့
သက်ထားမကပါ လိုက်ချင်ရဲ့သားနဲ့ မလိုက်တော့ဘူး။ စာရင်းတွေကောက်ပြီးတော့ မယ်မင်းတို့အတန်း ဂိုက်က

"ကဲ ဒါဆို မလိုက်တာ အားလုံး သုံးယောက်ပေါ့ ဟုတ်လား။ စိတ်ပြောင်းသွားရင် စာရင်းလာပေးလို့ရသေးတယ်နော် ဒီတစ်ရက်"

ဂိုက်ထွက်သွားပြီး ခဏအကြာ မယ်မင်းအိမ်သာဘက် ထွက်လာခဲ့တယ်။ အိမ်သာထဲ တောင်မဝင်ရသေးဘူး အိမ်သာထဲကစကားဝါတို့ အဖွဲ့ အသံတွေက အပြင်ကကြားနေရတယ် ။

"ဟေ့ စကားဝါ ယူစိတ်ချမ်းသာတော့ ဟို အတင်းဖြူစင်နေတဲ့ဟာမ မလိုက်ဘူးတဲ့"

"အေးလေ သူက ပိုက်ဆံသုံးသောင်းတောင် မတတ်နိုင်ဘူးလားမသိဘူးနော်"

"ဟဲ့ ငါလည်းကြားတယ် သူက ကျူရှင်အလကားတက်တာ ဆို တီချယ်နဲ့ အသိမို့"

"ဟားးး အဲ့ဒါကြောင့် အမှီသဟဲ ရှာတာနေမယ် ဟင့် လူကြည့်တော့ ရိုးပုံရိုးပန်းနဲ့ မထင်ရဘူး"

"ဟဲ့ စကားဝါ သူကနင်နဲ့ တစ်ကျောင်းထဲမှတ်လား ကျောင်းမှာရော အဲ့လိုပဲလား ယောကျာ်းလေးတွေဆီကချူစားနေတာလား"

"အင်းး အဲ့လိုလည်းမဟုတ်ပါဘူး သူက ကိုရှိန်းသူ နဲ့ ရင်းနှီးလို့ပါ။ သူ့အိမ်ကလူတွေကလည်း ကိုရှိန်းသူကို ဝင်ထွက်ခွင့်ပေးထားတော့"

"ဘာ သူက ဘုန်းမာန်နဲ့ ကိုကြီးတင်မကဘူး အနောက်ခုံက ဟိုစာတော်တဲ့ ဆရာဝန်တွေရဲ့ သားနဲ့လည်း ပတ်သတ်တာပဲလား"

"ဟာ တော်တော်များသွားပြီ ငါက ဘုန်းမာန်မရလို့ ကိုရှိန်းကို ပြောင်းမလို့ကို၊ ငါဟိုနေ့က ညဘက် သူကိုရှိန်းစက်ဘီးနဲ့ လိုက်ပြန်သွားတာတွေ့ထဲက ထူးဆန်းလို့ဓာတ်ပုံရိုက်ထားတာ၊ ဟိုနေ့ကလည်း ဝရန်တာမှာ ကိုကြီးသူ့ကိုဆေးလိမ်းပေးနေတာတွေ့တယ် ငါလည်းဓာတ်ပုံရိုက်ထားလိုက်တယ်။ တီချယ်ဆီသွားပြရမယ် သူ့တပည့်အလိမ္မာလေးက တီချယ်မောင်လေးကို မြူစွယ်နေပါတယ်လို့ ဟွန့်"

First  (ပထမ)Où les histoires vivent. Découvrez maintenant