မယ်မင်းတစ်ယောက် ပခုံးပေါ်ခေါင်းလေးမှီပြီး အိပ်နေတဲ့ ဘုန်းမာန်ကို ဆံပင်လေးသပ်ပေးနေမိတယ်။ အချိန်တွေသာ ရပ်တန့်လို့ရရင် ဒီချိန်မှာပဲ ရပ်တန့်ထားမိမယ်ထင်တယ်။
တစ်နာရီလောက် မောင်းလို့အပြီးမှာ
မယ်မင်းတို့ကားလေး Hotel တစ်ခုရှေ့ ရပ်သွားတယ်
ဂိုက်ရဲ့ ကျယ်လောင်တဲ့ အသံကြောင့် မယ်မင်း ပခုံးပေါ်မှာ အိပ်နေတဲ့ ကောင်လေးကနိုးလာတယ်။ပြီးမှအိပ်မှုံစုံမွားနဲ့
ဘုန်းမာန် : "ဟင် ရောက်ပြီလား ကိုယ် မင်းပခုံးပေါ်အိပ်ပျော်သွားတာလား sry ကွာ မင်းပခုံးနာသွားမှာပဲ"
"ရပါတယ် ငါလည်း မှီမိတာပဲ ကြေပြီပေါ့"
"ကဲ တည်းမဲ့ နေရာရောက်ပြီ ကျောင်းသားတွေ
ဂိုက်ကျော်ကိုကိုနောက်လိုက်မယ် ၊ ကျောင်းသူတွေ
ဂိုက်မိုးပွင့်နောက်လိုက်မယ်နော်"
ကားပေါ်ကဆင်းလာကျတော့ ကျောင်းသားတွေ တည်းမဲ့နေရာကို ကြည့်ပြီး တစ်ယောက်တစ်ပေါက်ပြောဆိုနေကျတယ် ။ တစ်ချို့လည်း MP4 လေးတွေထုတ်ပြီး သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်နေကြတယ်။
Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.
မယ်မင်းနဲ့ သက်ထားကတော့ ကိုယ်တည်းမဲ့ အခန်းရောက်ဖို့သာစိတ်စောနေတယ်။
ကျောင်းသူတွေကို လေးယောက်တစ်ခန်း ပေးနေတာကြောင့် မယ်မင်းတို့ အခန်းမှာ မယ်မင်းတို့နှစ်ယောက်နဲ့ မယ်မင်းတို့အတန်းက တခြားအတန်းဖော်နှစ်ယောက်
နေရတယ်။ မယ်မင်းတို့ နှစ်ကောင်သား အခန်းထဲရောက်တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် မျက်စပစ်ရင်း လက်ထဲကအိတ်တွေပစ်ချကာ ဝုန်းခနဲ ကုတင်ပေါ် ခုန်တက်လိုက်ကျတယ်။ မွေ့ယာသားက အိနေတာမို့ နှစ်ကောင်သား ထိုင်နေရင်း လှုပ်လှုပ် လှုပ်လှုပ် လုပ်နေမိတယ် ။ အခုမှ မိဘမပါဘဲ ခရီးဝေးထွက်ဖူးတာမို့ နှစ်ယောက်သားပျော်ရွှင်နေမိတယ်။
BẠN ĐANG ĐỌC
First (ပထမ)
Lãng mạnတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
