Jealous

959 47 0
                                    

        ဆရာမကို ပြောပြီး မယ်မင်းတစ်ယောက် အခန်းထဲပြန်ဝင်လာတယ် ။ အခန်းထဲရောက်တော့ ကိုယ့်နေရာ ကိုဝင်ထိုင်ပြီး ကိုယ့်တစ်ဖက်ဘေးက ကိုရှိန်းကိုကြည့်လိုက်တော့မတွေ့ဘူး တစ်အောင့်လောက်ကြာတော့ ကိုရှိန်းအခန်းထဲပြန်ဝင်လာတယ် ။ မယ်မင်းဘေးကသူ့ခုံလည်းရောက်ရောခုံပေါ် မှောက်အိပ်လိုက်တော့တာပဲ။
          မယ်မင်းလည်းအရှေ့ကိုလှမ်းကြည့်လိုက်တော့ ဘုန်းမာန်ကနေရာမှာမရှိဘူး 'ပြန်မရောက်သေးဘူးထင်တယ်'
         "ကိုရှိန်း"
    "ဟင် ပြော မယ်မင်းကြီးမ"
"ဟာ ဘာ မယ်မင်းကြီးမလည်း မယ်မင်းနာမည်
မယ်မင်းဂုဏ်ရောင် အဲ့လို မယ်မင်းကြီးမ လို့မခေါ်ပါနဲ့ဆို"

(မယ်မင်းဖေဖေနာမည်က ဦးဂုဏ်ရောင် မို့ မယ်မင်းတို့မောင်နှမသုံးယောက်လုံးနာမည်မှာ ဂုဏ်ရောင်ပါတယ်
မေမေက မယ်မင်းကိုစိတ်တိုတဲ့ အချိန်ဆို မယ်မင်းကြီးမ လို့ခေါ်တာကို ကိုရှိန်းတစ်ယောက်ကြားပြီးထဲက တစ်ခါတစ်လေ လိုက်ခေါ်တတ်တယ်)

"အေးပါဟာ ပြောမှာသာပြောစမ်းပါ ငါအိပ်ရေးပျက်တယ်နော်"

"မနက်ဖြန် ကိုရှိန်း လိုက်ခဲ့လို့ မယ်မင်းဆရာမကိုပြောပြီးပြီ"

"ဟို စာကြမ်းပိုးမလိုက်ဘူးလား ငါ့မလိုက်ခိုင်းဘူးမှတ်လားဆရာမက ဟွန့်"

"အင်းးး ကိုရှိန်းနဲ့သွားမယ်လို့ မယ်မင်းသွားပြောထားတယ် ဆရာမကို နော် မနက်ဖြန်လိုက်ခဲ့ပေး"

"ပြီးတာပဲဟာ"

ပြောပြီး ခုံပေါ်ပြန်မှောက်အိပ်သွားတဲ့ ကိုရှိန်းတစ်ယောက် စပ်ဖြီးဖြီး ပြုံးနေတာကို မယ်မင်းတစ်ယောက်မမြင်လိုက်ဘူး။

မယ်မင်း တစ်ယောက် စိတ်လှုပ်ရှားနေတယ် ဘုန်းမာန်ကို ဆရာမက လိုက်စရာမလိုတော့ဘူး ပြောလိုက်ရင် ဘုန်းမာန် ဘယ်လိုဖြစ်သွားမလဲ မယ်မင်းအရမ်းသိချင်နေမိတယ်။ 'မယ်မင်းကသာ စိတ်ထင်နေတာပဲနေမှာပါ သူက အားလို့လိုက်မယ်ပြောတာ မလိုက်ရလည်း သူ့တွက်ဘာမှထူးခြားပြီး ပြောင်းလဲမသွားနိုင်လောက်ပါဘူး😞'

  လူတစ်ယောက်အပေါ် စိတ်ဝင်စားရတာ မကောင်းပါဘူး
ကိုယ့်စိတ်ဝင်စားတဲ့ လူဆီက ကိုယ်အတွက် ကိုယ်နဲ့သတ်ဆိုင်မဲ့ အပြုမူလေးတစ်ခုခုဖြစ်ဖြစ်မြင်ရဖို့ မျော်လင့်ရတာ အရမ်းပင်ပန်းတယ်။
   
ကျောင်းပြန်တက်တဲ့ ခေါင်းလောင်းထိုးတော့ ဘုန်းမာန် အခန်းထဲပြန်ဝင်လာတယ် စိတ်ထင်လို့ပဲလား မသိဘူး
မယ်မင်းကိုစိုက်ကြည့်သွား သလိုဘဲ

First  (ပထမ)Tempat cerita menjadi hidup. Temukan sekarang