အနမ်းတစ်ပွင့်၏အဓိပ္ပာယ်

980 45 0
                                        

မယ်မင်းတစ်ယောက် အရှေ့ကိုလဲကျတော့မယ့် အချိန် မယ်မင်းဆီကို စိုးရိမ်တကြီးကမ်းလာတဲ့
ကိုရှိန်းရဲ့လက်မရောက်ခင် မယ်မင်းတစ်ကိုယ်လုံး မယ်မင်းရှေ့ကိုရောက်လာတဲ့ ဘုန်းမာန်ဆီကို ပစ်ကျသွားပါတော့တယ်
"ဝုန်း" 💥

"ဟာ"

ခန်းမထဲက အသံတွေ တိခနဲ ရပ်သွားပြီး ဝင်ပေါက်ရှေ့က ကြမ်းပြင်ပေါ်မှာ ပြိုလဲကျနေတဲ့ မွေးနေ့ရှင်လေးနဲ့ ကောင်မလေးဆီကို အကြည့်တွေရောက်လာပါတော့တယ်။

မယ်မင်းကို လှမ်းဖမ်းလိုက်တဲ့ ဘုန်းမာန်ကြောင့်
မယ်မင်းရဲ့ ခေါင်းတစ်ခုလုံးက ဘုန်းမာန်သိုင်း ဖတ်ထားသလိုဖြစ်ပြီး ဘုန်းမာန်ရင်ခွင်ထဲမှာမြှုပ်သွားလေရဲ့။

  'ဒုတ် ဒုတ် ဒုတ်ဒုတ် ဒုတ် ဒုတ်'
ဘယ်သူ့ရင်ဘတ်ကအသံလဲမသိအောင်ဘဲ မယ်မင်းတို့နှစ်ယောက်တစ်ထပ်ထဲကျနေတယ်။

မယ်မင်းရင်ထဲ ဘာမှတွေးမရတဲ့အထိ အသံတွေမြည်ဟည်းသွားလေရဲ့
'ငါလေး ဘုန်းမာန် ရင်ဘက်ကို နမ်းနေတာလား💋😱'

မယ်မင်းပြုတ်ကျတာ နာလား မနာလားထက် ရင်ခုန်ပြီးသေဖို့ကပိုသေချာနေပါပြီ။

"မယ်မင်း   မယ်မင်း  အဆင်ပြေလား ထပါဦး"

"ဟုတ် အင်း အဆင်ပြေတယ်"

ကိုရှိန်းက မယ်မင်း လက်ကောက်ဝတ်ကလေးက ကိုင်ရင်း ဆွဲထူလိုက်တယ် ဘုန်းမာန်တစ်ယောက် ကြမ်းပြင်ပေါ်မှာ နာသွားလို့ထင်တယ် မျက်နှာလေးမဲ့ပြီး ကျန်ရစ်ခဲ့တယ် ။
ဘေးကလူတွေလည်း မွေးနေ့ရှင်နားဝိုင်းအုံလာပြီး ဆွဲထူကျ ဖုန်ခါပေးကျနဲ့ ဘုန်းမာန်အနား ဝိုင်းနေကြတယ် ။

ဘုန်းမာန် အမေက သူ့သားကို စိုးရိမ်တကြီးနဲ့ ဆရာဝန် ခေါ်ဖို့လုပ်နေတော့

"သား အဆင်ပြေတယ် မေမေ မခေါ်ပါနဲ့ရတယ်"

"သား အဆင်ပြေတယ်ဆိုတာ ပြင်ပမြင်ရတဲ့နေရာပဲဖြစ်လိမ့်မယ်  အတွင်းပိုင်းတစ်ခုခု ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ မေမေစိတ်မချဘူးသား"

"ဟုတ်တယ်အန်တီ ဘုန်းမာန်က အောက်က ကျတာဆိုတော့ လက်ဆစ်တွေ ခါးတွေ အတွင်းပိုင်းကကျိုးသွားရင် ဒုက္ခပါပဲ"
စကားဝါမေက ဝင်ပြောလိုက်တော့ ဘုန်းမာန်အမေက မယ်မင်းဆီအကြည့်တစ်ချက်ရောက်လာတယ်။

First  (ပထမ)Место, где живут истории. Откройте их для себя