အထပ်ထပ်ရစ်ပတ်ခြင်း

818 48 0
                                        

ကားပေါ်ကဆင်းလာပြီး စားသောက်ဆိုင်ထဲဝင်တော့ ကျောင်းသားတွေ လူစုမကွဲအောင် ဂိုက်တွေက စာရင်းနဲ့တိုက်စစ်ရင်း မုန့်စားချိန် နာရီဝက်ရကြောင်းပြောတယ်။

"ချာတိတ် ကိုယ်တို့နဲ့ လိုက်ထိုင်လေ မမနဲ့ မေမေက ချာတိတ်ကိုခေါ်ခိုင်းနေတာ လာ"

"ရတယ် ကိုကြီး သက်ထားတစ်ယောက်ထဲဖြစ်မှာစိုးလို့ သူငယ်ချင်းတွေနဲ့ပဲထိုင်လိုက်မယ်နော် မယ်မင်းအဆင်ပြေပါတယ်လို့ တီချယ့်ကိုပြောပေးနော်"

မယ်မင်းတစ်ယောက် ကိုကြီးကိုပြောပြီး ဒီဘက်ပြန်လှည့်တော့ ဘုန်းမာန်ရော ကိုရှိန်းပါ မယ်မင်းကို မျက်ထောက်နီနဲ့ ကြည့်လို့ 'အမယ်လေး ငါလေး ဘာလုပ်မိလို့လဲနော် ကျောချမ်းလိုက်တာ🥶'

အဲ့လိုနဲ့ သက်ထားရယ် ၊ မယ်မင်းရယ် ၊ကိုရှိန်းရယ် စာပွဲတစ်ဝိုင်းလွတ်တာနဲ့ ထိုင်လိုက်ကျတယ် ။ ဘုန်းမာန်က သူ့
သူငယ်ချင်းတွေလာခေါ်တာကြောင့် စကားဝါမေတို့နဲ့ တစ်ဝိုင်းထိုင်ဖြစ်ကျတယ်။ ဘာကြောင့်မှန်းမသိ စိတ်ထဲအလိုမကျဖြစ်သွားပေမယ့် သက်ထားတို့ရှိနေတာကြောင့်ဟန်မပျက်ဆက်နေခဲ့တယ်။

"မယ်မင်း ဘာစားမလဲ"

"ရတယ် ကိုရှိန်း မယ်မင်း ဗိုက်မဆာလို့ မစားတော့ဘူး"

"ဟာ မဟုတ်တာ တစ်ခုခုတော့စားပါ မဟုတ်ရင် မင်း ဗိုက်အောင့်နေမယ်လေ"

"အေးလေ ငါစားသလို မုန့်ဟင်းခါးပူပူလေးစားမလား မယ်မင်း"

သက်ထားက မြောင်းမြဇာတိမို့မုန့်ဟင်းခါးကြိုက်ပေမယ့် မယ်မင်းက မုန့်ဟင်းခါးမကြိုက်ပါ။ မုန့်ဟင်းခါးမကြိုက်တာထက် မုန့်ဖတ်ကိုမကြိုက်တာပါ။ ဒါကြောင့် အမြဲလိုလို မုန့်ဟင်းခါးဟင်းရည်နဲ့ ခေါက်ဆွဲဖတ်နဲ့စားပါတယ်။ သူများဒေသမှာမို့ မှာလို့မကောင်းတာကြောင့် မုန့်ဟင်းခါးစားချင်စိတ်မရှိဘူးဖြစ်နေတယ်။

"ငါ မုန့်ဟင်းခါးကို မုန့်ဖတ်နဲ့ မကြိုက်ဘူး မစားတော့ဘူးနော် ငါရှမ်းခေါက်ဆွဲလေးပဲစားမယ်နော် သက်ထား ဟီးးး"

"အိုကေ ကိုယ် ရှမ်းခေါက်ဆွဲမှာပေးမယ်"

ကိုရှိန်း ပြောတုန်းရှိသေးတယ် "ညီမလေး ညီမအတွက် ဟိုဘက်ဝိုင်းကကောင်လေးက မုန့်ဟင်းခါးမှာပေးထားလို့ ရော့ ညီမ"

First  (ပထမ)Where stories live. Discover now