မယ်မင်း အိမ်ပြန်ရောက်တဲ့အထိ အတွေးမျိုးစုံနဲ့ ငြိမ်သက်နေမိတယ်။ နှစ်ရက်သုံးရက်လောက် အိမ်တွင်းအောင်းနေပြီး နောက်တစ်နေ့ နေ့လည်ခင်းအချိန်လောက်မှာပဲ မနေနိုင်လောက်အောင်ပျင်းလာတာနဲ့ စာအုပ်ဆိုင်ဘက် ခြေဦးလှည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။ သက်ထားတစ်ယောက်က နယ်ကအဘွားကို သွားကြိုရမှာမို့ မနက်စောစောထဲက ဖေကြီးနဲ့ကားကွင်းထွက်သွားတာကြောင့် မယ်မင်းတစ်ယောက်ထဲ ထွက်လာခဲ့ရတာပေါ့။
လိုချင်တဲ့ စာအုပ်ငှါးပြီး မုန့်တီဆိုင်ဝင်ပြီး စားနေကျ အစပ်ဂိတ်ဆုံး အာပူလေးမှာပြီး သောက်မလို့ ဟန်ပြင်နေတုန်း ကိုရှိန်း တစ်ယောက် မယ်မင်း ခုံအရှေ့ရောက်လာပြီး
"ဟဲ့ မယ်မင်း မုန့်တီသောက်မလို့လား"
"မဟုတ်ဘူး သွန်ပစ်မလို့😏" ဟုတ်တယ်လေ သောက်မလို့ လုပ်နေတာမြင်ရဲ့သားနဲ့ မေးပုံကြီးကိုက ။
"အာ နင်ကလည်း လုပ်ပြီ ငါကဝယ်ကျွေးမလို့မေးတာနော်"
"မစားပါဘူး သူများကျွေးတိုင်း"
"နင်မစားဘူးပေါ့ ငါကျွေးတာ ကောင်းပြီလေ အဲ့ဒါဆို နင်ကျွေး ငါစားမယ်"
"အမ် မကျွေးပါဘူး မယ်မင်း မုန့်တီ တစ်ပွဲဖိုးပဲ ပါတာ ပိုက်ဆံက"
"ရတယ် နင့်ပန်းကန်ထဲကပဲစားမယ် ငါအဆင်ပြေပါတယ် ဟဲဟဲ"
"ဟာ မကျွေးပါဘူး မယ်မင်းတောင်မလောက်တဲ့ဟာ ကိုယ့်ဘာသာဝယ်စားလေ"
"နောက်တာပါဟာ ငါမစားပါဘူး နင့်တွေ့လို့ဝင်လာတာ ကိုကြည်သာနဲ့ချိန်းထားတယ် အခုသွားမှာ အစားပုတ်မ ကို့ဘာသာကိုစား ကတ်စီးနဲချက်ကွာ"
ကိုရှိန်းနဲ့ မယ်မင်း ငြင်းခုန်နေတုန်းမှာပဲ
"မယ်မင်း ငါထိုင်မယ်နော်"
'ဟင် ဘုန်းမာန်ပါလား ။ အမယ်လေး ငါထိုးပေးထားတဲ့သိုးမွေးအင်္ကျီလေးနဲ့ပါလား'
မယ်မင်း ဘာမှမပြောရသေးခင်မှာပဲ
"ဟေ့ရောင် ဟိုမှာ ဝိုင်းအလွတ်သုံးဝိုင်းတောင်ရှိတယ် မမြင်ရတာလား ခုံအလွတ်တွေ"
ကိုရှိန်းတစ်ယောက် ဘုန်းမာန်ကို မျက်လုံးတစ်ချက်စောင်းကြည့်ပြီးပြောလိုက်ပေမယ့် ဘုန်းမာန်က ကိုရှိန်းကို တစ်ချက်မှလှည့်မကြည့်ဘဲ မယ်မင်းကိုထပ်ပြောလာခဲ့တယ်။
ESTÁS LEYENDO
First (ပထမ)
Romanceတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
