ခရီးကပြန်လာပြီးထဲက ထူးထူးဆန်းဆန်းတစ်ခု ဖြစ်သွားတာကတော့ ကိုရှိန်းရော ဘုန်းမာန်ရော မယ်မင်းကိုစကားမပြောကျဘူး။ အချိန်ပြည့် စာပဲလုပ်နေကျတော့တာပဲ ။
ဒီလိုနဲ့ စာမေးပွဲကြီးဖြေခါနီးပြီမို့ ကျူရှင်ရဲ့နောက်ဆုံးနေ့ကိုရောက်လာတယ်။ ကိုရှိန်းတစ်ယောက်ကဒီနေ့မလာတာမို့ သက်ထားက စောင့်ပေးမယ်ပြောပေမယ့် သူ့အိမ်ကပုံမှန်အချိန်လာကြိုတာမို့ပြန်သွားရတယ် ။ အတန်းဖော်တွေနှုတ်ဆက်တဲ့ အနေနဲ့ တီချယ်ကို ကန်တော့ကျပြီး မုန့်တွေမှာပြီးတော့ ကျူရှင်ဆင်းခါနီး မုန့်တွေစားကျတယ် ။ မယ်မင်းကဗိုက်အောင့်နေတာနဲ့ပဲ မစားတော့ဘဲလေညင်းခံဖို့ ဝရံတာဘက်ထွက်လာလိုက်တယ်။
"ချာတိတ်"
"ရှင် ကိုကြီး"
မယ်မင်းလှည့်အကြည့် ကိုကြီးကိုတွေ့လိုက်ရတယ်။
"ဘာလုပ်နေတာလဲ ပီဇာမစားဘူးလား"
"ဟုတ် ဗိုက်သိပ်မကောင်းလို့ ကိုကြီး"
"ဟင် ဟုတ်လား ဘာဆေးသောက်ပြီးပြီလဲ"
"အရမ်းကြီးမဟုတ်တော့ မသောက်တော့ပါဘူး ရတယ်"
"ဟာ မဟုတ်တာ ချာတိတ်ကလည်း နေဦး ကိုယ်သွားယူပေးမယ် ခဏစောင့်"
ပြောပြီး ကိုကြီးထွက်သွားတော့ မယ်မင်းလည်းမတားတော့ဘဲ လေညင်းဆက်ခံနေလိုက်တယ် ။
ဝရန်တာကနေ အပြင်ဘက်ကိုငေးနေတုန်း အနောက်ကနေ အရိပ်တစ်ခုကျလာတော့ ကိုကြီးပြန်လာတယ်အထင်နဲ့ လှည့်ကြည့်လိုက်တယ်။
"ကိုကြီး ဟင်.."
"ဆောရီးပါ မင်းမျှော်နေတဲ့သူမဟုတ်တဲ့အတွက်"
ကိုကြီးထင်ပြီး လှည့်ပြောမိတာကို ဘုန်းမာန်ဖြစ်နေတော့ မယ်မင်း ဘာဆက်ပြောရမှန်းမသိဖြစ်သွားတယ် ။မယ်မင်းဘာမှမပြောဘဲငြိမ်နေတော့
"ဘာလဲ ကိုယ်ဖြစ်နေလို့ ဘာမှဆက်မပြောတော့တာလား"
မယ်မင်းအံ့ဩပြီးငြိမ်နေတာကို တစ်မျိုးမြင်ပြီး ခနဲသလိုပြောလာတော့ မယ်မင်းမှာ မနေနိုင်ပြန်
ВЫ ЧИТАЕТЕ
First (ပထမ)
Любовные романыတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
