ပထမ(အချစ်နဲ့ ခေတ္တ နီးစပ်ခဲ့ခြင်း)

1.2K 53 0
                                        

ရှစ်တန်း တစ်နှစ်လုံး အရင်နှစ်တွေကထပ်စာပိုလုပ်လာတယ် ဘယ်သူ့ပရောဂမှ မပါဘဲ မယ်မင်းကို သူသတိထားမိဖို့ကတော့ ကြိုးစားရခြင်းအတွက် ပန်းတိုင်ပေါ့။

လပတ်စာမေးပွဲရဲ့ အဆင့်တွေက ဆရာမတွေရဲ့ကျူရှင်နဲ့ တိုက်ရိုက်နီးပါး အချိုးကျနေချိန်မှာ အတန်းပိုင်ကျူရှင်မတက်နိုင်တဲ့ မယ်မင်းအတွက်တော့ တစ်ပါတ်မှာ လေးရက်လောက်က ညမအိပ်ရတော့ဘူး ။

ဒါပေမယ့် တစ်တန်းလုံး အဆင့် တစ်ဖြစ်တဲ့ သူ့နဲ့ အပြင်မှာ မနီးရင်တောင် တစ်လ တစ်လကပ်တဲ့ အမှတ်စာရင်းစာရွက်မှာတော့ နီးချင်ခဲ့မိတယ်။

တစ်ခုတည်းသော အားသာချက်ကလေးကို ပြောပါဆို မယ်မင်းလက်ရေးတွေကို မယ်မင်းတို့အတန်းချုပ်ဆရာက အရမ်းကြိုက်တာပဲ။ မယ်မင်း အတွက် နေ့စဉ်ကျောင်းခေါ်ချိန် စာအုပ်မှာ "ပြည့်ဘုန်းမာန်"ဆိုတဲ့ အမည်ကို ရေးခွင့်ရတာက မယ်မင်းကျောင်းတက်မှန်ရခြင်းရဲ့ အကြောင်းရင်းဖြစ်လာခဲ့တယ်။

မယ်မင်း တစ်သက်လုံး အချိန်တွေရပ်ထားခြင်တဲ့နေ့လေးရှိတယ် ။ သူနဲ့ မျက်နှာခြင်းဆိုင်ထိုင်ရပြီး သူရီနေတာကိုထိုင်ကြည့်ခွင့်ရခဲ့တဲ့နေ့လေ ။ ကဲ မယ်မင်း ကံမကောင်းလွန်းဘူးလား ပြောကြည့် ။

ဖြစ်ပုံက ဒီလိုလေးရှင့် 😊

အတန်းချုပ်ဆရာ :  "မယ်မင်းရေ သမီး ဒီအချိန်ပြီးရင်
ဆရာနားနေခန်းကိုလာခဲ့ဦး ဆရာခိုင်းစရာရှိလို့"
မယ်မင်း : "ဟုတ် ဆရာ"
တစ်ချိန်ပြီးတော့ ဘေးက သူငယ်ချင်း ပေါက်ကျော်မကို ခေါ်ပြီး ဆရာဆီ သွားခဲ့တယ် သူငယ်ချင်းကလည်း တော်တော်ခေါ်ရခက်တယ် နောက်တစ်ချိန်က သချင်္ာချိန်မို့လားမသိဘူး ခေါ်တောင်မခေါ်ရသေးဘူး ကောက်ခနဲ ထလိုက်တော့တာပဲ😂
ဆရာဆီရောက်တော့ ဆရာက နောက်တစ်ပါတ် ရှစ်တန်းနှုတ်ဆက်ပွဲ အတွက် ပျော်ပွဲလေးလုပ်မည် ဖြစ်ကြောင်း၊
အားလုံးပျော်ရအောင် မုန်းစားပြီး game လေးတစ်ခုဆော့ရအောင် ဘာလုပ်ကျမလဲ မေးရော
မယ်မင်းတို့လို အပျော်ပါး မက်တဲ့ ဆရာသမားတွေ အတွက် happy ပေါ့

အဲ့လိုနဲ့ ပါဆယ်ဂိမ်း ကစားမယ် လုပ်ပြီး မဲလိပ်များများလုပ်ဖို့ မယ်မင်းတို့နှစ်ကောင်တာဝန်ဖြစ်ရော ဆရာက သူအတန်းချိန်ရှိလို့ မယ်မင်း သမီးပဲစီစဉ်လိုက် ဆရာသွားပြီဆိုပြီး နားနေခန်းကထွက်သွားတယ် ဆရာမတွေ စာသွားသင်နေကျတော့ ကိုယ်တွေနှစ်ကောင်ထဲ နားနေခန်းထဲ ဟီလာတိုက် သာယာပျော်ရွှင်နေကျတယ်လေ

ငါးမိနစ်လောက်ကြာရော အရီလွန်ပြီး မယ်မင်းတစ်ကောင်ထိုင်ခုံပေါ်က ဖင်ထိုင်ကျရော
အဲ့အချိန် လက်ကိုလာဆွဲထူတဲ့သူကို မော့ကြည့်တော့

ပြည့်ဘုန်းမာန် : "ထလေ ထနိုင်လား  ထ ထ"
မယ်မင်း : " အင့် အင့် အင့်"
(ကျွတ်ထိုးတာ ဆိုတာ မရပ်မနား😂)

သူနဲ့ သူ့ သူငယ်ချင်း ကပြုံးစိစိနဲ့ မယ်မင်းတို့ မျက်နှာချင်းဆိုင် ခုံ ကိုဝင်ထိုင်ပြီး ဆရာလွှတ်လိုက်လို့ လာကြောင်း ပြောပြတယ် ။ မယ်မင်း  ကျွတ်ထိုးတာလည်း မရပ်ဘူး သူရီနေတာကိုလည်း ဒေါသတွေ ထွက်နေမိတယ်

အဲ့အချိန်မှာ ပြည့်ဘုန်းမာန် က တစ်ခွန်းထပြောတယ်
"မယ်မင်း နင်ငါ့ဘောပင် ခိုးထားတယ် မှတ်လား"   "ဘာ"
"ငါကဘာကိစ္စ သူများဘောပင်ယူရမှာလည်း နင်.. နင်မြင်လို့လား ငါယူတာ"  "ဟားးးးးး နင် ကျွတ်ထိုးတာ ရပ်သွားပြီ တွေ့လား" မယ်မင်းလည်း အဲ့တော့မှ သတိထားမိတယ် ကျွတ်ထိုးတာရပ်သွားမှန်း

အဲ့ကျမှ သူက ကျွတ်ထိုးရင် စိတ်လှုပ်ရှားစရာ တစ်ခုခုပြောပြီး စိတ်ပြောင်းလို့ ရကြောင်း မယ်မင်းကို ပြောပြတယ် သူကလေ အရမ်းသက်တောင့်သက်သာရှိတဲ့ လူမျိုးပါ
မယ်မင်းနဲ့ စကား အရင်က သိပ်မပြောဘူး တာတောင် အခု နေရမခက်နေဘူး

အဲ့တစ်နေ့လုံး  မဲလိပ်တွေ လုပ်လိုက် ရီမော ကျလိုက်နဲ့
ပျော်ရွှင်ဖွယ် အတိဖြစ်ခဲ့တယ် အခန်းပြန်ရောက်တော့ မယ်မင်းကို သူငယ်ချင်းကပြောတယ် "နင်ရုပ်တည်ကြီး နဲ့ သိပ်လည်းမရီဘူး ပြည့်ဘုန်းမာန် ကိုစိတ်ဆိုးနေတုန်းလားတဲ့"

တကယ်တော့ သူတို့မသိတာက ရင်ထဲ ကုလားဘုရား လှည့်သွားခဲ့တာပါ ဒါပေမယ့် မယ်မင်း ဘယ်တော့မှ မျက်နှာမှာ မထုတ်ပြတတ်ဘူး

First  (ပထမ)Donde viven las historias. Descúbrelo ahora