တခြားလူတွေတော့ အချစ်ကို ဘယ်အရွယ်မှာ စတွေ့လဲ မသိပေမယ့် မယ်မင်းကတော့ ရှစ်တန်းနှစ်မှာ စတွေ့ခဲ့တယ် မယ်မင်းက သာမန်အရမ်းဆန်ပေမယ့် မယ်မင်းချစ်တဲ့ကောင်လေးကတော့ ကျောင်းမှာ ထူးခြားပေါ်လွင်သူတစ်ယောက်ပေါ့ ။ စာလည်းတော်သလို ဆရာ ဆရာမတွေရဲ့ လက်စွဲတော်လေး မိဘနှစ်ယောက်ထဲက တရုတ်တစ်ယောက်ဖြစ်ပုံရတာကြောင့် သူက အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ချောမောတဲ့ ရုပ်ရည်လည်း ရှိတယ် အမယ် အဲ့လိုပြောလို့ ချောလို့သူကိုကြိုက်တာ မထင်နဲ့
သူနဲ့ ငါးတန်းထဲက တစ်ကျောင်းထဲပေမယ့် မယ်မင်းက ရှစ်တန်းရောက်မှ သူ့ကိုစချစ်မိတာပါ
မယ်မင်းက သူ့လို စာအရမ်းတော်တဲ့ ကျောင်းသားမဟုတ်လို့မယ်မင်း ကို သူသတိမထားမိတာ မဟုတ်ဘူး
မယ်မင်းက စချစ်မိထဲကမတွေ့အောင်ကို ရှောင်နေခဲ့တာပါ 🤨မျက်မှန်းတန်းမိရုံလောက်ပဲသူကသိခဲ့မှာပေါ့အင်း... ဘယ်အချိန် မယ်မင်းစချစ်သွားလည်းပြောရမယ်ဆိုရင်တော့ မယ်မင်းရဲ့ ရှစ်တန်းကျောင်းသူဘဝ
တစ်ရက်ကပေါ့ မှတ်မှတ်ရရ ခုနစ်တန်းမှာ စာနည်းနည်းပိုလုပ်ခဲ့လို့လားမသိဘူး ရှစ်တန်းမှာ ထူးဆန်းစွာ အေခန်း
ရောက်သွားတယ်ပြောရမယ် ဆိုရင် သူနဲ့ တစ်တန်းထဲပေါ့ 🧍♀️🧍♂️
သူကလည်း သာမန်ကျောင်းသူမို့ မယ်မင်းကို သတိမထားမိသလို မယ်မင်းတွက်လည်း အဲ့အချိန်တုန်းက
သူကအတန်းခေါင်းဆောင် ဆိုတာထက်မပိုခဲ့ဘူး ပြောရမယ်ဆို အမြင်တောင်ကတ်သေးတယ် ကြီးကျယ်သလိုလိုနဲ့ သူ့လိုစာတော်ပြီး ချမ်းသာတဲ့ကလေးမျိုးတွေနဲ့ပဲ စကားပြော ပေါင်းသင်းတတ်လို့😏 ..(ကိုယ်ထင်တာလေ😂)အင်း ... တစ်ရက်ပေါ့ မယ်မင်းရဲ့ သူငယ်ချင်းအရူးမလေးတွေနဲ့ စာသင်ချိန် တစ်ချိန်ပြီးလို့ ဟီလာတိုက်နေချိန်
ဟာသတွေပြောလိုက် ရေသန့်ဘူးနဲ့ခွံနဲ့ တစ်ယောက်ခေါင်းတစ်ယောက်ထုလိုက်နဲ့ဆော့နေကျတယ်
မယ်မင်းသူငယ်ချင်း တစ်ယောက်က မယ်မင်း ရေသန့်ဘူးနဲ့ လိုက်ထုနေတာကို ဘီလူးမကြီးလိုပဲလို့ပြောတော့ ကျန်တဲ့ သူတွေရီပါလေရော သူ့အသံကအကျယ်ကြီးမို့ယောကျာ်းလေးတန်းက ကလေးတွေပါကြားသွားပြီး
ခိုးရီနေကျတယ် မယ်မင်းက ဘယ်လောက်လူသိပ်မသိတဲ့ သာမန်မိန်းကလေးဖြစ်ရသလဲဆိုရင် ယောကျာ်းလေး
သူငယ်ချင်းမရှိသလို သူတို့နဲ့စကားလည်းမပြောတတ်သလို သူတို့အတွက်လည်းကိုယ်က ရုပ်ရည်ရော ပညာပါသာမန်ပဲမို့လားမသိဘူး အရေးတယူကြီးမခေါ်ကျသလို ပစ်ပယ်ထားသလိုကြီးလည်းမဟုတ်ခဲ့ဘူး ယောကျာ်းလေးတွေကြားမှာ ပေါ်ပြူလာဖြစ်တဲ့ အထဲလည်းမပါဘူး အဲ့တော့ အမှန်တိုင်းပြောရရင် ရှက်သွားတယ်
အဲ့လိုနဲ့ စာသင်ချိန်ရောက်လာတော့ မေ့မေ့ပျောက်ပျောက်ပြီးသွားတယ် ဆိုပါတော့ မပြီးတာက နေ့လည်စာစားချိန်မှာ သူငယ်ချင်းမ သယ်လာတဲ့သတင်းပဲ...
![](https://img.wattpad.com/cover/271358603-288-k373951.jpg)
VOCÊ ESTÁ LENDO
First (ပထမ)
Romanceတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌