ကျောင်းတွေပြန်ဖွင့်ပြီး ကျောင်းနဲ့ ကျူရှင်ကြားမှာ မယ်မင်းတစ်ကောင်တိုင်ပတ်နေပါတယ်။
"သက်ထားရေ နောက်ကျနေပြီဟ မြန်မြန်လုပ်"
မယ်မင်းအိမ်ရှေ့ကလှမ်းအော်တော့ ပေါက်ကျော်မ တစ်ကောင် တလိမ့်လိမ့်နဲ့ ပြေးလာပါတော့တယ်။
မယ်မင်းတို့နှစ်ယောက် ကျူရှင်က သွားတဲ့ လမ်းတစ်လျှောက်မှာ တစ်ယောက်တစ်လှည့် ခက်ဆစ်တွေမေးပြီး ဖြေကျတယ် ။
နှစ်ကောင်သား ဖြေလိုက်ရီလိုက်နဲ့ ကျူရှင် သွားကျတာ အကျင့်လို ဖြစ်နေပြီ။
မယ်မင်းကျောပိုးအိတ်ကြီးပွင့်နေတာလည်း နှစ်ကောင်လုံးမသိ ဟီလာတိုက်ရင်း သွားနေကျတာပဲ စာအုပ်တွေ ဘောပင်အိတ်တွေက ကျလို့။
သုတဆွေ : ' ဟိုမှာ ချာတိတ်ပဲ'
"ဟိတ်ချာတိတ်"
"အဲ့ကလေးမကလေ သူ့ သူငယ်ချင်းနဲ့ တွတ်ထိုးရင် ပတ်ဝန်းကျင်လည်းမမြင်တော့ဘူး ဟား"
"မယ်မင်းရေ ငါတော့ ကြွတော့မယ် ထင်တယ်ဟ"
"ဘာကိုလဲ"
"နောက်တစ်ပါတ် ကျူရှင်မှာ series ဖြေရမှာလေ ကျောင်းမှာလည်း လပါတ်စာမေးပွဲနဲ့ 😭😭"
"နင်ကလည်း သက်ထားရယ် ကျူရှင်ကစာကကျောင်းကို ကျောနေတာပဲ လပါတ်စာမေးပွဲက အဲ့လောက် မခက်ပါဘူးဟ"
"အေးပါ မယ်မင်းကြီးမရယ် နင်ကတော့ ပြောအားရှိတာပေါ့ စာရတာကို မေးမိတာ ငါ့အမှား ဟွန့်"
"ငါက အကောင်းပြောတာ ကျူရှင် series က ရမှတ်နဲ့ ထိုင်ခုံခွဲမှာ ကြားတယ် နင်ဟိုအကောင် မှန်ကြောင်နား ထိုင်ချင်လား"
(စာကျက်၍မဟုတ်ဘဲ ဂိမ်းဆော့လွန်းပြီး အအေးပုလင်းဖင်လောက် မျက်မှန်အထူကြီးနဲ့ မိန်းကလေးတွေ သူ့ကိုစကားပြောမိရင် သူ့ကိုကြိုက်နေတယ်ဟုထင်တတ်သော မှန်ကြောင် တစ်ကောင်😂)
ဟမ်းးးး မထိုင်ချင်ဘူး မယ်မင်း ငါတို့ စာအတူလုပ်ရအောင်လေ နော် နော်လို့"
"အေးပါ နင်က ငါနဲ့ လုပ်ချင်တယ် ဆိုတော့လည်း လုပ်ရတာပေါ့ ဒါနဲ့ မနေ့က နင့်အိမ်လာတုန်း နင့်အဖေကိုင်ထားတဲ့ မလိုင်လုံးလေးက ကောင်းလား ငါ ငါကဒီတိုင်းမေးတာနော်"
သက်ထား : 'စွကမ ငတ်ပြီ'😂 "ဪ အေး အေးပါ ငါနင့်ဆီလာရင် အဲ့မလိုင်လုံး ယူလာခဲ့မယ် သိလား မယ်မင်း"
YOU ARE READING
First (ပထမ)
Romanceတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
