Who is the winner?

803 44 0
                                        

မနက်မိုးလင်း မျက်လုံး စဖွင့်ထဲက သက်ထားရော တခြားအတန်းဖော် နှစ်ယောက်ပါ မနိုးသေးဘူး ဒီနေ့ ဘာဝတ်ရမလဲ စဉ်းစားနေမိတယ် နောက်ဆုံးကျတော့ ဘုန်းမာန်နဲ့ ပုံစံတူ ဆွယ်တာလေး နဲ့ စကပ်အရှည်လေး ထုတ်ဝတ်မိတယ် ။

ရေမြန်မြန်ချိုးကာ မှန်ရှေ့ထိုင်ပြီး မမထည့်ပေးလိုက်တဲ့ cream ဘူးလေး လိမ်းနေမိတယ်။ လိမ်းနေရင်း တွေးနေမိတယ် မယ်မင်းအလှလည်း မပြင်တတ်သလို ပြင်စရာလည်း ဘာမှရှိမနေဘူး ။ လှအောင်ဘယ်လိုပြင်ရမလဲကွယ် ။

သက်ထားတစ်ယောက် အိပ်ရာနိုးလာပြီး ဘေးမှာ
မယ်မင်းမရှိတာနဲ့ လိုက်ရှာမိတော့ မှန်တင်ခုံရှေ့ထိုင်ပြီး
ငိုင်နေတဲ့ သူငယ်ချင်းလေးကိုတွေ့တယ်။ ရှစ်တန်းလောက်ထဲက အရင်လိုမဟုတ်ဘဲ အသားရည်ဂရုစိုက်ကာ အနွေးထည် အထူတွေ အဝတ်များတာကြောင့် အသားလေးဖြူပြီး သနပ်ခါးကလွဲပြီး မလိမ်းတာကြောင့် မျက်နှာလေးက အစက်ပျောက်ကင်းပြီး ကြည်လင်နေတာပဲ။
တစ်ခါတစ်လေ မယ်မင်းက ရင့်ကျက် တည်ငြိမ်သလောက် တစ်ခါတစ်လေလည်း မိသားစု နဲ့ ပတ်သတ်လာရင် အတွေးများပြီး အရာရာကို စိုးရိမ်နေတတ်တယ် ။ ဒါပေမယ့် သူမလေးက သက်ထားအတွက်တော့ ညီမတစ်ယောက်လိုပါပဲ။

"မယ်မင်း"

"ဟင် နိုးပြီလား သက်ထား လုပ်တော့လေ မနက်စာ သွားစားရအောင်"

သက်ထားတစ်ယောက် အိပ်ရာပေါ်က ထပြီး ခရီးဆောင်အိတ်ထဲက သက်ထားအန်တီ သက်ထားဝတ်ဖို့ စင်ကာပူကလှမ်းပို့ထားတဲ့ဂါဝန် အလှလေး တစ်ထည် ထုတ်ကာ မယ်မင်းလက်ထဲ ထည့်ပေးလိုက်တယ်။

"အဲ့ တာလေး သွားလဲ"

"ဟင် နင်ဝတ်ဖို့ယူလာမှတ်လား နင်ဝတ်လေ"

"ငါ့အဒေါ်က ငါ အသက်ကြီးလာတော့ အရပ်ရှည်လာလောက်ပြီ အထင်နဲ့ ပို့လိုက်တာ မတော်ဘူးဖြစ်သွားတယ် ဟီးးး နင်ဝတ်လိုက် ရော့"

သက်ထား တစ်ယောက် မယ်မင်းကို ဝတ်စုံပေးပြီး ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားတယ် ပြန်ထွက်လာတော့
ဂါဝန်လေးနဲ့ အရမ်းလှနေတဲ့ မယ်မင်းကိုတွေ့တော့

"ဟယ် လှလိုက်တာ မယ်မင်းရယ် နင်နဲ့ လိုက်တယ်သိလား"

"ဟုတ်လား"

First  (ပထမ)Место, где живут истории. Откройте их для себя