ပဲလှော်ကြား ဆားညှပ်ခြင်း

989 34 0
                                        

ဘုန်းမာန်တစ်ယောက် သူ့အိတ်ထဲကဖုန်းထုတ်ပြီး အိမ်ကိုဖုန်းလှမ်းဆက်တော့ မယ်မင်းကြည့်ပြီး စိတ်ထဲတွေးနေမိတယ် 'အင်း သူကိုင်တဲ့ဖုန်းတောင် သိန်းငါးဆယ်ပေးရတယ်ကြားတယ် ကျောင်းသားပဲရှိသေးတာတောင် hand phone ကိုင်နေရပြီလား ငါအတွက်တော့ အဲ့ငွေပမာဏလောက်ဆို ငါမိသားစုနဲ့ အေးဆေးရင်းနှီးစားသောက်လို့ရလောက်တယ်'
(အဲ့အချိန်တုန်းက ဖုန်းတွေက သိန်းလေးငါးဆယ် ပေးရပြီး ဖုန်းဘေလ်တွေကလည်း သွားဆောင် ရတာပါ)
'အလကား ငကြွား' ကိုရှိန်းတစ်ယောက် ဘုန်းမာန်ကကြည့်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
ဆယ့်လေးငါးမိနစ်ကြာသည်အထိမရောက်သေးတော့ ကိုရှိန်းတစ်ယောက်စိတ်မရှည်တော့ဘူး။ ဆရာမ ကလည်း အတန်းထဲပြန်ဝင်သွားပြီမို့ စက်ဘီးရပ်တဲ့နေရာမှာ မယ်မင်းတို့သုံးကောင်ထဲရယ်။
ကိုရှိန်း : "ဟျောင့် မင်းဟာကကြာဦးမှာလား"
" မယ်မင်း နင်အဆင်ပြေအောင် ဗလ စက်ဘီးငှါးလိုက်ရမလား သူ့ဘီးက နောက်ခုံပါတယ်"

မယ်မင်း : " ရတယ်လေ ကိုရှိန်းအဆင်ပြေရင် မယ်မင်းက စက်ဘီးမစီးတတ်တော့ အနောက်ကထိုင်ရမှာပဲ ဘယ်လိုဖြစ်ဖြစ်ရတယ်"

ဘုန်းမာန် : " ကိုရှိန်း ကျွန်တော် ကားမှာထားပြီးပြီလေ ဆရာမကလည်း ကားနဲ့သွားဖို့ပြောပြီး ပြီလေ"
ဘုန်းမာန်တစ်ယောက် ဘယ်လောက်တောင်စိတ်တိုသလဲမသိ မျက်နှာကြီးတစ်ခုလုံးနီရဲတက်လာတယ်။

တစ်ခါတစ်လေ သူကခန်းမှန်းရလွယ်သလောက် တစ်ခါတစ်လေ မယ်မင်းအတွက်သူက ကမ္ဘာ့အခက်ဆုံးပုစ္ဆာတစ်ပုဒ်လိုပါပဲ။ အဲ့လိုဖြစ်နေတဲ့သူ့မျက်နှာကြည့်ရတာ မယ်မင်း စိတ်ထဲ နေလို့မကောင်းတော့ဘူး။

'မယ်မင်း ဘာမှားသွားတာလဲ ကောင်လေးရယ်'

မယ်မင်းတစ်ယောက် စိတ်တွေရှုပ် လာပြီး ဘာမှမပြောချင်ပေမယ့် မယ်မင်း ချစ်ရသူ စိတ်ညစ်နေတာတော့မမြင်ချင်းဘူး "ကိုရှိန်း ကားနဲ့ပဲသွားကြရအောင် နော်"

ကိုရှိန်း : "အေးပါ ပြီးရော"
မယ်မင်းတို့သုံးယောက်ကြားစကားမစပ်မိဘဲ တိတ်သွားကြတယ် ။ မယ်မင်းကောင်လေးကို လှမ်းကြည့်တော့ ဘာကိုစိတ်အလိုမကျဖြစ်နေလည်းမသိဘူး စူပုပ်ပုပ်နဲ့ ။ သူအဲ့လိုရုပ်ဖြစ်နေတော့ မယ်မင်းလည်း မနေတတ်ဘူး ဖြစ်နေတယ် သူနဲ့ အကြည့်ချင်းဆုံမှာစိုးလို့ တဖက်လှည့်နေလိုက်တယ်
"မယ်မင်း"
"ဟင်"
"မနေ့က အန်တီ့ကိုငါညနေစားနင်တို့အိမ်မှာစားမယ်လို့ပြောခိုင်းတာ ပြောလိုက်လား"
"အင်း ပြောလိုက်တယ် ကိုရှိန်း"
ဘုန်းမာန် တစ်ယောက် ဖျက်ခနဲ မယ်မင်းကို အကြည့် မယ်မင်းလည်း ဘာကြောင့်မှန်းမသိ ဘုန်းမာန် ကိုကြည့်မိတော့ အကြည့်ချင်းဆုံသွားတယ်။
"အကိုလေး ကားရောက်ပြီ ခင်ဗျ"
တစ်ခါတစ်လေ ဘုန်းမာန်ကို လာကြိုဘူးတာကြောင့် မျက်မှန်းတန်းမိနေတဲ့ ဘုန်းမာန်တို့အိမ်က လူကြီး လာပြောတော့ မယ်မင်းတို့လည်း ကားဆီသွားလိုက်တယ်။
ကား​ပေါ်တက်တော့ မယ်မင်းကို အရင်တက်ခိုင်းပြီး ကိုရှိန်းက ဘေးကလိုက်ထိုင်တော့ ဘုန်းမာန်တစ်ယောက် အနောက်ခန်း မဝင်တော့ဘဲ အရှေ့ခန်းမှာဝင်ထိုင်သွားတယ်။
စျေးဝယ်ပြီးတော့ ကျောင်းမှာပစ္စည်းတွေဝင်ထားလိုက်တယ်။ ကျောင်းပြင်ပြန်ထွက်တော့

First  (ပထမ)Место, где живут истории. Откройте их для себя