ပထမ(တိုက်ဆိုင်မှု)

1.1K 49 0
                                        

၆လပိုင်း၁ရက်နေ့ ဘာလိုလိုနဲ့ မယ်မင်း တစ်ယောက် နွေရာသီသုံးလအပြီးမှာကိုးတန်းကျောင်းသူတစ်ယောက်အဖြစ် ဒီနေ့ကျောင်းစတက်ရပြီပေါ့

ကျောင်းစတက်ရတဲ့နေ့မို့လားမသိဘူး စိတ်ဓာတ်တွေအရမ်းတက်ကြွပြီး အရင်ဆိုနိုင်ငံတော်သီချင်းဆိုပြီးလို့ ဘုရားရှစ်ခိုးချိန်ရောက်တောင် ကျောင်းတံခါးပေါက်ဝမရောက်သေးလို့ ကျောင်းရောက်ရင် အပစ်ဒဏ်အနေနဲ့ ကျောင်းဝင်းထဲအမှိုက်အမြဲကောက်ရတဲ့ မယ်မင်းက ဒီနေ့စောရောက်နေပါသည်။

ကျောင်းဝင်းထဲဝင်ဝင်ချင်းပဲ မယ်မင်းသူငယ်ချင်း ပေါက်ကျော်မလေးက လက်လာဆွဲပြီး ပျော်မြူးနေလေရဲ့

သူကအဘွားနဲ့ရန်ကုန်မှာနေပြီး မိဘတွေကနယ်မှာအလုပ်နဲ့မို့ နွေရာသီအားလတ်ရက်တိုင်းနယ်ပြန်နေကျဆိုတော့ မတွေ့တာကြာတဲ့ မယ်မင်းတို့နှစ်ယောက် စကားတွတ်ထိုးနေကြရင်း မယ်မင်းတို့တက်ရမယ့် eco ခန်းဖြစ်တဲ့ Cခန်းကိုလိုက်ရှာ နေလိုက်တယ် (bio ကAခန်းနဲ့ Bခန်းမို့ ecoကCခန်းကနေစပါတယ်😊)
"မယ်မင်း စကားဝါမကလေ ငါတို့နဲ့ တစ်ခန်းထဲသိလား သူလည်း eco ယူတာတဲ့ဟ"
"ဟုတ်လား အတန်းထဲမှာ ပွဲတော်ဖြစ်နေတော့မှာပဲ
ဟ ဟ" 
မယ်မင်းတို့နှစ်ယောက် စကားတပြောပြောနဲ့အခန်းရှာရင်း စကားဝါ့အကြောင်းပြောရင်း နှုတ်ဆက်ပွဲနေ့က မယ်မင်းလွယ်အိတ်ထဲ ဘုန်းမာန်အကြောင်းလာထည့်တာ နင်လားလို့မေးတော့
သက်ထားက "ဟာ ပေါက်ပေါက်ရှာရှာ ငါက ဘယ်ကရမှာလဲ မိန်းကလေးတိုင်းလိုချင်နေတာပဲ သူကဘယ်သူ့စာအုပ်မှာမှမရေးပေးတာကိုဟာ"
"စကားဝါကပေးမကူးဘူးလား" မယ်မင်းမေးလိုက်တော့ သက်ထားမ ဗိုက်နှိပ်ပြီးရီပါလေရော အဲ့နေ့ကမယ်မင်းစောပြန်သွားလို့ မသိလိုက်ရတဲ့ပွဲကြီးပွဲကောင်းအကြောင်းအာပေါင်အာရင်းသန်သန်နဲ့အသေးစိတ်ကိုပြောတော့တာပဲ ။
"အဲ့နေ့ကဘုန်းမာန်က သူမျက်မှန်မပါလို့ စာရေးလို့ မရကြောင်းပြောတော့ စကားဝါ့မျက်နှာကြီး အီးမှန်ထားသလိုပဲဟာ ရှက်ရမ်းရမ်းပြီး အိမ်ယူသွားလို့ရတယ် ပြောတော့ ဟိုက သူ့အဘိုးဘွားတွေရှိတဲ့ ဩဇီကို သွားရမှာမို့ သူ့အိမ်မှာ ဘယ်သူမှကျန်မှာမဟုတ်လို့ ယူသွားလို့မရဘူးတဲ့ဟ နင်မြင်ရင် အသေရီမှာ ဆူပုတ်ပြီးအခန်းထဲကထွက်သွားတာများဟာ ဟီးး"  "ပြီးလည်းပြီးရော အဲ့ကောင်ကစာရွက်တစ်ရွက်နဲ့ဘာတွေကုန်းရေးနေမှန်းမသိဘူးဟေ့ အဲ့ဒါကိုကြည့်ပြီး ပြည့်ဘုန်းမာန်က အလှပဂေးကိုခါချလိုက်တယ်ဆိုပြီးတစ်တန်းလုံးဝိုင်းပြောနေကျတော့တာပဲ"
မယ်မင်းတစ်ယောက် အပျော်လွန်ပြီး မယ်မင်းလွယ်အိတ်ထဲ ပြည့်ဘုန်းမာန်အချက်လက်ရေးထားတဲ့စာရွက် ဘယ်သူလာထည့်သွားလဲ မစဉ်းစားတော့ပေ။
မယ်မင်းတို့တက်ရမယ့် အခန်းလဲရောက်ရော မယ်မင်းတစ်ယောက် အသက်ရှုတာ စက္ကန့်သုံးဆယ်လောက်ရပ်သွားပါတော့တယ် 'အားးးးဘုန်းမာန်က ငါနဲ့ အခန်းတူတူပဲဟ'

First  (ပထမ)Where stories live. Discover now