တစ်လကြာပြီးနောက်....
"ကဲ ကလေးတို့ သဘက်ခါတီချယ်တို့အတန်း ဘုရားခန်းသွားရမယ့်နေ့နော် အဲ့တော့ ဒီနေ့ ဒီလဘုရားခန်းကြေး မထည့်ရသေးတဲ့သူတွေ 500လာထည့်ပေးနော် မနက်ဖြန်ဝယ်ရတော့မှာ"
(Ps. မယ်မင်းတို့ကျောင်းမှာ တစ်လတစ်ခါ အတန်းလိုက်ဘုရားခန်းသွားရတယ် အဲ့နေ့ဆို ကျောင်းသားတွေစုထားတဲ့ငွေနဲ့ မုန့်မျိုးစုံ အသီးမျိုးစုံဝယ်ပြီး ဘုရားကန်တော့ကျတယ် ပြီးရင် စွန့်ပြီး ဆရာဆရာမတွေနအခန်းထဲက ကလေးတွေပြန်ခွဲစားကြတယ်)
"ဟုတ်ကဲ့ပါ ဆရာမ"
"မယ်မင်းရေ"
"ရှင် တီချယ်"
"တီချယ်ဆီ ခဏလာဦး"
"ဟုတ်"
"မနက်ဖြန် မုန့်သွားဝယ်ဖို့က သက်ထားမလာတော့ သမီး နဲ့တခြားအတန်းဖော်တစ်ယောက်ခေါ်သွားမလား"
သက်ထားကသူ့အဘွားနေမကောင်းလို့ ခွင့်သုံးရက်ယူထားတော့ မယ်မင်း တစ်ယောက်ထဲဘက်ပဲ့နေရော
မယ်မင်းရဲ့ကျန်တဲ့သူငယ်ချင်းသုံးယောက်က Bio ယူတာမို့ မယ်မင်းမှာ သက်ထားနဲ့ပဲ နှစ်ပါးသွားနေရတာလေ ။ဘုရားခန်းအတွက်မုန့် သစ်သီးဝယ်ရတာ တစ်စျေးလုံးပတ်ရတာမို့ ပင်ပန်းတာကြောင့် ဒီတာဝန်ကို မယ်မင်းတို့နှစ်ယောက်ကလွဲလို့ဘယ်ကျောင်းသားမှ မယူချင်ကျဘူး။
"ကေသွယ်"
"ရှင် တီချယ်"
"သမီး လိုက်သွားပေးမလား"
"ဟို... ဟိုလေ သမီးကမနက်ဖြန် ကျူရှင်ကအချိန်ပိုခေါ်လို့ စောပြန်ရမှာ တီချယ်"
"ဪ အေးပါ သမီး ရတယ် ရတယ်"
"ကဲ မနက်ဖြန် မယ်မင်းနဲ့ ဘယ်သူလိုက်ပေးမလဲ"
ကျောင်းသားတွေ အလျိုလျို ခေါင်းတွေ ငုံ့ကုန်ကြတယ်
ကေသွယ်က သူ့သူငယ်ချင်း စကားဝါကိုကြည့်ပြီး ပြုံးစိစိ လုပ်နေကြတာ မယ်မင်းတစ်ယောက်မြင်လိုက်တော့ ဒေါသစိတ်ကို မနဲထိန်းလိုက်ရတယ်။
"ရတယ် တီချယ် သမီးတစ်ယောက်ထဲ သွားလိုက်ပါ့မယ်
အဆင်ပြေပါတယ်"
"ရပါ့မလား မယ်မင်း ပစ္စည်းကအများကြီးကို တစ်ယောက်ထဲသယ်နိုင်မလား"
"ဟုတ် ရတယ်ချယ်"
"သား လိုက်သွားပေးမယ် ဆရာမ"
"ကျွန်တော် လိုက်သွားမယ် တီချယ်"
တစ်ချိန်ထဲ အသံနှစ်ခုထွက်လာတော့ ဝိုင်းကြည့်မိလိုက်ကျတယ် အရှေ့တန်းကပြည့်ဘုန်းမာန်နဲ့ အနောက်ဆုံးခုံက ရှိန်းသူကျော် ။
ကိုရှိန်းက မယ်မင်းထက်တစ်နှစ်ကြီးပေမယ့်သူငယ်တန်းထဲက အတန်းဖော်
အဖေရော အမေရော အထူးကုဆရာဝန်ကြီးတွေဖြစ်ပေမယ့်အလုပ်များတာကြောင့်သူသုံးတန်းနှစ်မှာသူ့ညီမလေး အဖျားကြီးပြီး သေသွားတာတောင်အချိန်မှီ မကုပေးနိုင်ခဲ့လို့ အကုန်လုံးကို အရွဲ့တိုက်ပြီး ပေတေနေတဲ့ကောင် စာလည်းမလုပ်ဘယ်အတန်းပဲရောက်ရောက်အနောက်ဆုံးခုံကသူ့ခုံပဲ။ ဥာဏ်လေးကောင်းတာကြောင့်တစ်နှစ်တစ်တန်းမှန်မှန်တော့တက်လာသား။ သူကမယ်မင်းထက်ငါးနှစ်ကျော်ကြီးတဲ့ မယ်မင်းအစ်ကိုနဲ့ ဘော်ဒါတွေမို့ အိမ်မှာအမြဲလာ သောင်တင်နေတတ်တယ်။ မယ်မင်းက သူ့ကိုပေတိပေကန် ဂျစ်ကန်ကန်နဲ့ မို့ စကားအများကြီး မပြောပေမယ့် ငယ်ငယ်ထဲကအတူစားအတူသွားမို့ အစ်ကိုလိုပါပဲ။
တစ်ချိန်ထဲဖြေလိုက်ကျပြီး နှစ်ကောင်းသားမျက်လုံးချင်းဆုံပြီးစိုက်ကြည့်နေကျတယ်။
"သား ဘုန်းမာန် ကျူရှင်မရှိဘူးလား"
"ကျူရှင်မှာseries ဖြေမှာမို့ private study လုပ်ဖို့တစ်ပတ်ပိတ်ထားတယ် ဆရာမ"
"ဪ အင်း အင်း"
"အဲ့ဒါဆိုလည်း သားဘုန်းမာန် လိုက်ပေးလိုက်ပါ"
ဆရာမက ရှိန်းသူကိုတွေ့တဲ့နေရာ ရန်ဖြစ်နေကျမို့ အပြင်သွားခိုင်းရမှာစိတ်မချဘူးထင်တယ် ဘာမှမမေးဘဲ ဆုံးဖြတ်ပေးလိုက်တယ်။
ကေသွယ် : "တွေ့လား စကားဝါ သပ်သပ်ကြီး ခွင်ဖန်နေတာ တစ်ယောက်ထဲသွားလည်းရသားနဲ့ သူ့ရုပ်ကိုဘယ်သူမှလိုက်မဆွဲဘူး အခုမှအားနွဲ့သူလုပ်နေတာ ဟွန့်"
စကားဝါ: "အင်း မပြောပါနဲ့တော့ ကေသွယ်ရယ် ဘုန်းမာန်ကြားသွားရင်မကောင်းဘူး"
မယ်မင်းလည်း သူတို့ရှေ့ကဖြတ်သွားရင်းကြားရတော့ စိတ်ထဲတိုသွားတယ် 'ငါဘယ်လောက်ပဲချစ်ချစ် ဘယ်တော့မှသိက္ခာကျအောင် မမြူဆွယ်ဘူး အထင်လည်းမခံနိုင်ဘူး'
"ညနေ မုန့်စားဆင်းတော့ ဆရာမနားနေခန်းထဲသွားပြီး
"ဆရာမ သမီး ကိုရှိန်းနဲ့သွားလို့ရမလား ဟိုလေ ကိုရှိန်းကသမီးအစ်ကိုနဲ့လည်းသူငယ်ချင်းမို့ စျေးဝယ်ပြီးအပြန်အိမ်အထိ အတူပြန်လို့ရလို့ပါ ပြည့်ဘုန်းမာန်ကျတော့ သိပ်လည်းမရင်းနှီးဘူး သမီးတို့အိမ်နဲ့ လည်းဆန့်ကျင်ဘက်မို့ ပြန်ရင်မတူတော့လေ အဲ့ဒါ.."
"အေးပါ အဲ့ဒါဆိုလည်း တီချယ် ပြည့်ဘုန်းမာန်ကိုပြောလိုက်မယ် သမီးအဆင်ပြေတဲ့ သူနဲ့သွား"
"ဟုတ် တီချယ်"
အဲ့အချိန် စာအုပ်တွေထပ်ဖို့ ဆရာနားနေခန်းရှေ့ရောက်နေတဲ့ သူတစ်ယောက်ကို မယ်မင်းသတိမထားမိခဲ့ဘူး ။
![](https://img.wattpad.com/cover/271358603-288-k373951.jpg)
BẠN ĐANG ĐỌC
First (ပထမ)
Lãng mạnတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌