မနက်ဖြန် မြန်မာစာ စဖြေရမှာမို့ ဒီနေ့မနက်နိုးထဲက မျက်စိကြောင်ပြီး အစောကြီးနိုးလာတယ် ။ နိုးလာတော့ အခုရက်ပိုင်း တစ်အိမ်လုံးရဲ့ ဂရုစိုက်ခံလေးဖြစ်နေတာမို့ မေကြီးက မနက်စာအဆင်သင့် ထမင်းကြော်နဲ့ ခေါက်ဆွဲသုပ်ဝယ်ပြီးသား ဖြစ်နေတော့ မယ်မင်းကပျော်ရွှင်နေရတယ်။
အိမ်မှာနေချိန် ဧည့်ခန်းမှာ စာလုပ်နေကျဖြစ်တာကြောင့် မြန်မာစာထိုင်ကျက်နေတုန်းမှာပဲ ည၇နာရီ မြန်မာအသင်းဘောလုံးပွဲရှိတာနဲ့ တိုက်ဆိုင်နေတော့ စာလုပ်ရင်း TV 📺 ကိုလည်း မသိမသာချောင်းကြည့်မိတယ် ။ အဲ့အချိန်မှာပဲ
အိမ်ရှေ့ကနေ ခေါ်သံကြားလို့ ထကြည့်တော့ ကိုရှိန်းတစ်ယောက် စက်ဘီးရပ်ပြီးအိမ်ထဲဝင်လာတယ်။
"ဪ ကိုရှိန်းလာလေ"
"အင်း ကဗျာ ပိုင်းနားမလည်တာရှိလို့ ငါ့ပြောပြပါဦး"
"ဟုတ်လား ဘယ်ဟာလဲ ကိုရှိန်း"
"ဒီမှာလေ မေးခွန်း တူတူပဲကို ဖြေပုံ ဖြေနည်း မတူလို့"
"ဪ အဲ့တာက အရေးသားမေးခွန်းနဲ့ အကြောင်းအရာမေးခွန်း ကွာတယ်လေ ကိုရှိန်းရဲ့ ......"
မယ်မင်းတစ်ယောက် အသည်းသန်ရှင်းနေပြီး စာထဲ အာရုံရောက်နေတော့ ကိုရှိန်းတစ်ယောက် မယ်မင်းကိုကြည့်ကာပြုံးနေမိတယ် ။
အဲ့အချိန်မှာပဲ တစ်အိမ်လုံး ထအော်ကြတယ်
"ဂိုးးးးးး"
စာအုပ်ထဲ ခေါင်းဆိုက်ပြီးစာရှင်းနေတဲ့
မယ်မင်းတစ်ယောက် ဂိုးးးလို့ထအော်လိုက်ကာ စားပွဲပေါ်တင်ထားတဲ့ ကိုရှိန်းလက်ကိုကိုင်ကာ လှုပ်လှုပ်ပြီးရီမောပျော်မြူးနေမိတယ်😃 ခဏကြာလို့ ကိုရှိန်းကိုကြည့်မိတော့ သူ့လက်ပေါ်အုပ်ကိုင်ထားတဲ့ မယ်မင်းလက်ကိုကြည့်နေတာကြောင့် ချက်ချင်းလွှတ်ပေးလိုက်မိတယ်။
"ဆောရီးးးဟီးး 😁 ပျော်သွားလို့"
"ရပါတယ် ကိုယ်ပြန်တော့မယ်နော် မယ်မင်းဆက်ကျက်လိုက်ဦး"
"အယ် ရသွားပြီလား"
"အင်းနားလည်ပြီ မယ်မင်းရှင်းပြလိုက်တာ လွယ်သွားပြီကျေးဇူးပါ"
ВЫ ЧИТАЕТЕ
First (ပထမ)
Любовные романыတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
