ပထမ (thanks😊)

1K 47 5
                                        

မယ်မင်းတစ်ယောက် အခန်းထဲသာဝင်လာတယ် ခြေကမခိုင်ချင်တော့ဘူး ။သူကလေ မယ်မင်းအတွက် င်္သချာပညာရှင်တစ်ယောက်ရဲ့မဖြေရှင်းနိုင်သေးတဲ့ပုစ္ဆာလိုပဲ စွန့်လွတ်ဖို့လည်းမဖြစ်နိုင် ဖြေရှင်းလို့လည်းမရဘူး ။ အကြိမ်ကြိမ်လက်လျော့ဖို့တွေးတိုင်းသူ့ကိုပြန်တွေ့နေရတာမျိုး

အခုလည်း နွေရာသီတစ်ခုလုံး သူ့ကိုဆက်မချစ်တော့ဖို့ခက်ခက်ခဲခဲချထားရတဲ့ဆုံးဖြတ်ချက်က ဒီစက္ကန့်ပိုင်းအတွင်း အငွေ့ပြန်သလိုပျောက်သွားတော့တာပါပဲ

အခုလည်း သူက ယောကျ်ားလေးဘက်ရဲ့အရှေ့ဆုံးခုံမှာထိုင်ပြီး စာဖတ်နေတယ်။ မယ်မင်းလည်း သူ့မျက်စောင်းထိုးနေရာလောက်မှာ ဝင်ထိုင်လိုက်တယ်။ အဲ့အချိန်မှာပဲ မယ်မင်းအနောက်တန်းက ကောင်မလေးတွေတိုးတိုးနဲ့ ပြောတာကိုကြားလိုက်ရတယ်
G1 : "ဟဲ့ တစ်ကျောင်းလုံးရဲ့ စတော်ကြီးက ဘာလို့ eco ယူတာလည်းမသိဘူးနော်"

G2 : "ငါကျောင်းလာအပ်ထဲက သူeco ယူတယ်ကြားတာဟ သူနဲ့ဘေးချင်းကပ်ရပ်အိမ်ကငါ့သူငယ်ချင်းပြောတာတော့ ဘုန်းမာန်က သူeco မယူရရင် ကျောင်းဆက်မတက်ဘူးဆိုပြီး အတိုက်ခံ လုပ်တာတဲ့"

G 3 : " သူ့အမေကြီးကအသေဒေါသပုန်ထနေတော့ မှာပဲနော် သူက သူ့သားကို The Whole Burma တောင်မှန်းထားတာ မှတ်လား ဟီးးး"

G2 : " သူပြောတာတော့ အဲ့နေ့က အကြီးကျယ်ရန်ဖြစ်တယ် ပြောတယ် သူ့အဘိုးဘွား တွေ ပါ နိုင်ငံခြား ကရောက်လာတယ် ပြောတယ် ဟ"

G1 : "ဟဲ့ စကားဝါမေ eco ယူလို့လားမှ မသိတာ"

G2 : "အဲ့ဒါတော့ သူပဲ သိမှာပေါ့ဟယ် တိုးတိုးပြောကျဟ ကြားသွားရင် မကောင်းဘူး"

မယ်မင်းလည်း သူတို့ပြောတာနားထောင်ရင်း ဘုန်းမာန် eco ယူရတဲ့ အကြောင်းကိုတွေးနေမိတယ် 'ဟင်.. အဲ့ဒါနဲ့တော့မဆိုင်လောက်ပါဘူးနော်' မယ်မင်းတွေးမိသွားတာ ကျောင်းတွေပြန်မအပ်ခင် တစ်ပါတ်အလိုလောက်က ဘုန်းမာန်နဲ့ ဆုံမိတဲ့အကြောင်း

Flash Back

"ဖေဖေရေ မယ်မင်း အခွေလည်းသွားပို့ရဦးမယ် ဂျက်လီဇာတ်ကားသစ်ထွက်ရင် ငှါးလာရမလား ပြီးရင်စာအုပ်ဆိုင်လည်းခဏဝင်မယ်နော် မကြာဘူး သိလား"

First  (ပထမ)Donde viven las historias. Descúbrelo ahora