First crush

1.7K 41 5
                                        

"မယ်မင်း နင့်ကိုလေ ပြည့်ဘုန်းမာန်တို့က ပြောနေတယ်သိလား မယ်မင်းရေဘူးနဲ့ လိုက်ထုတာက ပဥ္စသိင်္ဂမင်းသား ကိုဘီလူးမကြီးက ဆောက်ပုတ်ကြီးကိုင်ပြီး လိုက်ထုနေသလိုပဲတဲ့" "ဘာ" မယ်မင်း စိတ်အရမ်းဆိုးသွားတယ် နဂိုထဲ ကမှမျက်နှာကြီးကတည်လွန်းလို့ ရင့်ထော်နေရတဲ့ကြားထဲ အတန်းခေါင်းဆောင် ကိုယ်တိုင်က လှောင်မှန်းသိတော့ ထအော်လိုက်တာ တစ်တတန်းလုံး ဝိုင်းကြည့်တဲ့အထိပဲ

ဖြစ်ချင်တော့ အဲ့နေက လပတ်စာမေးပွဲဖြေမယ့်နေလေ ခဏလောက်ကြာတော့ ဆရာမ ဝင်လာပြီး စာမေးပွဲဖြေမှာမို့ နေရာတွေလဲရမယ် ပြောပြီး အကုန်လုံးကို အခန်းပြင်ထွက်စောင့်ခိုင်းတယ်

မယ်မင်းလည်း ဒေါသထွက်လွန်းတော့ စိတ်ထဲတနုံ့နုံ့ နဲ့
တကယ်တော့ ဝမ်းနည်းနေတာပါ 😞
ဆယ်ကျော်သက်အရွယ်မို့ ကိုယ်ကမလှမှန်းသိပေမယ့်
ဘီလူးမနဲ့ နှိုင်းခံရတော့ ဝမ်းနည်းနေတာကပိုတယ်

ခဏလောက်လည်းကြာတော့ ပစ္စည်းတွေသိမ်းပြီး အခန်းပြင်ထွက်စောင့်နေရတယ် ဆရာမက တစ်ယောက်ချင်းခေါ်ပြီး နေရာချနေတာ ရပ်စောင့်နေလိုက်တယ်
စာတွေတောင်သတိမရတဲ့အထိ စိတ်ထဲနေလို့မကောင်းဘူး မချောမှန်း သိပေမယ့် ပထမဆုံး ဘဝမှာ ယောကျာ်းလေးတစ်ယောက်ဆီကမှတ်ချက်က ဘီလူးမကြီး တဲ့လား

ကြမ်းပြင်ကိုစိုက်ကြည့်ပြီး ငိုချင်စိတ်ကိုထိန်းထားနေရတယ် အဲ့အချိန်မှာပဲ ဘေးနားက စကားသံတစ်ခုကြားလိုက်ရတယ်

"မယ်မင်း ငါတောင်းပန်ပါတယ် ငါတို့အဲ့လိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူး ဒီတိုင်း နင်တို့တွေလုပ်တာ ရီနေရလို့ ငါတို့အချင်းချင်း ပြောပြီး ရီလိုက်ကျတာပါဟာ sorry ပါဟာ နော်"  မော့ကြည့်လိုက်တော့ ဘေးနားမှာ မတ်တပ်ရပ်နေတဲ့ ဘုန်းမာန်ကို တွေ့ရတာပေါ့ တကယ်တမ်းပြောရရင် သူတစ်ယောက်ထဲ လှောင်တာလည်းမဟုတ်ဘူး လေးငါး ခြောက်ယောက်လောက် ဝိုင်းရီကျပေမယ့်

ဘာကြောင့်မှန်း မသိလာတောင်းပန်တဲ့သူ့ကို ပိုစိတ်ဆိုးသွားတယ် "နင်ငါ့ကိုဘာမှလာမပြောနဲ့ သွားးး" ဆိုပြီး အော်ထုတ်လိုက်မိတယ် အခန်းထဲဝင်ရတဲ့ အချိန်ထိ အနောက်ကနေ တစ်တွတ်တွတ် လိုက်တောင်းပန် နေတဲ့သူ့ကိုမြင်ရလေ စိတ်ဆိုးလေပဲ

စာမေးပွဲ ဖြေပြီး နေ့လည်စာ စားချိန်ရောက်တော့ သူငယ်ချင်းတွေက ဝိုင်းပြီးပြောကျတယ် ဘုန်းမာန်ကစပြောတာမဟုတ်ကြောင်း သူလည်းရီမိပေမယ့် မပြောဖို့တားကြောင်း ဘုန်းမာန်သူငယ်ချင်း ထူးဇော်ကသာပြောတာဖြစ်ကြောင်း နောက်တစ်ယောက်ကတော့ ဘုန်းမာန်ပြောတာ ဖြစ်ကြောင်း ဝိုင်းငြင်းခုန် နေကြတော့ ပိုဒေါသထွက်သွားပြီး ယောကျာ်းလေး တန်းဘက်ကိုလျှောက်သွားပြီး အရှေ့ဆုံးခုံကို "ဒုန်း" ခနဲမြည်အောင် ပုတ်လိုက်တော့ တစ်တန်းလုံး ကိုယ့်ကို ဝိုင်းကြည့်နေကျတယ် "နင်.. နင့်ကို ဆရာနဲ့သွားတိုင်မယ်"ဆိုပြီး မယ်မင်း အခန်းပြင်ထွက်လာပြီး ဆရာတွေဆီ သွားလိုက်မိတယ် ဆရာ့ရှေ့လည်းရောက်ရော ငိုသံပါကြီးနဲ့ မယ်မင်းတို့ တိုင်တော့တာပဲ

ဆရာကလည်း စာမေးပွဲစိတ်ရှုပ်ရတဲ့ကြားထဲ လာတိုင်တော့ ဒေါသထွက်ပြီး လိုက်လာရော
"ဘယ်သူလဲ မယ်မင်းကိုစတာ ထွက်ခဲ့" တတန်းလုံးငြိမ်ကျသွားတော့ သားပါဆရာဆိုပြီး ထွက်လာတဲ့ ဘုန်းမာန်ကိုအကုန်ဝိုင်းကြည့်နေကျတာပေါ့

ဆရာက ဒုတ်ကိုအားနဲ့ လွှဲ လိုက်ပြီး နှစ်ချက်ဆက်တိုက် ရိုက်လိုက်တယ် "တော်ပြီလား" "ထပ်ရိုက်ပါဆရာကျွန်တော့်ကို" ဆရာ နောက်ထပ်နှစ်ချက်ထပ်ရိုက်လိုက်တယ်

နောက်နေ့လည်းကျရော သူကျောင်းမလာခဲ့ဘူး
သူ့သူငယ်ချင်း ထူးဇော်ကတော့ မယ်မင်းဆီ ရောက်လာပြီး သူပြောတာ ဖြစ်ကြောင်း လာပြောပေမယ့်
ထူးဇော်ကို စိတ်မဆိုးမိဘဲ့ ဘုန်းမာန် ကို မယ်မင်း စချစ်မိသွားတော့တာပဲ ...
ဘာလို့လဲ မမေးနဲ့ မယ်မင်းလည်း မသိဘူး

နောက်နေ့တွေကစပြီး မယ်မင်းသူ့ကိုစရှောင်နေတော့တာပဲ သူကကျောင်းပြန်တက်ချိန် သာမန်ပေမယ့်
မယ်မင်းတွက်တော့ နေ့တိုင်းကအရင်နဲ့မတူတော့တာပဲ

(ဆောက်ပုတ်— ရှေ့ခေတ်သုံးတင်းပုတ်တစ်မျိုး)

(ဆောက်ပုတ်— ရှေ့ခေတ်သုံးတင်းပုတ်တစ်မျိုး)

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.
First  (ပထမ)Opowieści tętniące życiem. Odkryj je teraz