အိမ်ရှေ့ရောက်တော့ ရောက်ကမဲ့ အချိန်ပြန်မရောက်လို့ လာကြိုဖို့ထွက်လာတဲ့ ဖေကြီးနဲ့ မေကြီးကိုတွေ့တော့ တင်းထားသမျှ စိတ်တွေလွတ်ချလိုက်ကာ မယ်မင်း တစ်ယောက် ဖေကြီးကိုပြေးဖတ်ပြီး ရှိုက်ကြီးတငင်ငိုပါလေရော။ ခွေးကြောင့်လား ချစ်ရသူရဲ့ ဥပက္ခာကြောင့်လား မသိပေမယ့် မယ်မင်းတစ်ယောက် အငို တော်တော်နဲ့ မရပ်ခဲ့ပါ။ ပြီးမှ လိုက်ပို့တဲ့ ကိုကြီးကို သတိရပြီး လှည့်ကြည့်တော့ ကိုကြီးက လက်နှစ်ဖက် ကို ပိုက်ပြီး နှပ်ချေးထွက်အောင် ငိုနေတဲ့ မယ်မင်းကို ပြုံးပြုံးကြီး ကြည့်နေလေရဲ့။ ဖေကြီးတို့ကို နှုတ်ဆက်ပြီး ပြန်သွားပြီးတဲ့နောက် ကိုကိုအိမ်ပြန်ရောက်လာတယ်။အဲ့နေ့က ကိုကိုကျူရှင်သွားမကြိုတာဖေကြီးသိသွားပြီး ကိုကိုတစ်ယောက် ဖေကြီးရဲ့ ဒေါသလက်သီးချက်ခံရပြီး ထုံးစံအတိုင်း အိမ်ပေါ်ကဆင်းသွားတော့တာပဲ။
ကျူရှင်ရောက်တော့ မယ်မင်း မျက်နှာမကောင်းတာ ကြည့်ပြီး သက်ထားက တတွတ်တွတ်မေးတော့တာပဲ။
မယ်မင်းတောင်ဘာမှ မပြောရသေးဘူး ကိုရှိန်းတစ်ယောက် အမောတကော ပြေးလာပြီး
"မယ်မင်း အဆင်ပြေလား ဘာ ဘာဖြစ်သွားသေးလဲ
ငါ ဒီမနက်မှ လက်ဖက်ရည်ဆိုင်မှာ ကိုကြည်သာနဲ့တွေ့လို့ အကုန်သိရတာ နင် နင် ဘာဖြစ်သွားလဲ ။ ငါ ငါမကောင်းတာပါဟာ တကယ်တော့ ငါကြိုပြောရမှာ ကိုကြည်သာကို ငါ ငါ"
ကျူရှင် အခုမှ ရောက်တာကို သူ့ခုံဆီ အရင်မရောက်သေးဘူး မယ်မင်းဆီပြေးလာတဲ့ ကိုရှိန်းကိုကြည့်ပြီး မယ်မင်း ပြုံးနေမိတယ်။
" ရပါတယ် ကိုရှိန်းရဲ့ အဲ့ခွေးတွေ မယ်မင်းကို မကိုက်ရဲပါဘူး မယ်မင်းကခွေးပြီးတယ် ဟီးး"
ညက ကြောက်အားကြီးပြီး ကိုယ့်ဘာသာကို ကုတ်ထားမိတဲ့မယ်မင်းလက်ကပွန်းရာတွေကို ကိုရှိန်း အကြည့်ရောက်သွားတော့
"ဒါက ဘာမှ မဖြစ်ပါဘူး အသေးဖွဲပါ မယ်မင်း အရမ်းချောတော့ လောကကြီးကမနာလို လို့ ဟဲဟဲ"
အဲ့တော့မှ ကိုရှိန်းလည်း ရီနိုင်တော့တယ်။ "အရူးမလေး"
မယ်မင်းကို ရီပြီး ကိုရှိန်း သူ့အနောက်ခုံကို သွားထိုင်တယ်။
VOCÊ ESTÁ LENDO
First (ပထမ)
Romanceတစ်ခါတစ်လေ ဘဝမှာ အလိုချင်ဆုံးက သူကိုယ့်ကို ဘယ်သူရဲ့ ပရောဂမှ မပါဘဲ သတိထားမိသွားတာမျိုး😌
