💑 စင်ဒရဲလား 💑
💋 အခန်း(၁)💋"ဖြန်း..."
"အ..."
"မှတ်ထား... နောက်တစ်ခါ ငါ့ကို ပြန်ပြောကြည့်စမ်း... ပါးနှစ်ဖက်လုံးကို ပုပ်အောင်ရိုက်ပစ်မယ် ကြားလား..."
"ဟုတ်... ဟုတ်က့ဲ မမ..."
"ဒီကောင်မက အမှတ်ကိုမရှိဘူး... ပြောလိုက်ရင် ဘာမွမသိသလိုလို... လူရှေ့သူရှေ့ရောက်ရင် ကိုယ်တွေကပဲ သူ့ကိုအနိုင်ကျင့်နှိပ်စက်နေသလိုလို... တောက်... ကောင်မ လူပါးဝတယ်..."
ခါးထောက်ကာ သူမကို ပက်ပက်စက်စက်ပြောနေတ့ဲ မမနေခြည်ကို သူမ ဘာမှပြန်မပြောရဲခ့ဲ။ ပါးမှာနာကျင်လွန်းပြီး မျက်လုံးတွေ ကျိန်းစပ်နေတာကိုပဲ ခံစားနေရသည်။
"အခုရော ဘာဖြစ်ရတာလဲ သမီး..."
သူမ ကြမ်းပြင်ပေါ်မှာ လဲက်နေပေမယ့် ဘယ်သူကမွ လာမထူခ့ဲ။ မမနေခြည်ရဲ့အမေ ဒေါ်သန္တာကလည်း သူမကို မျက်စောင်းထိုးကာ မမနေခြည်ကို မေးနေလေသည်။
"ဘာဖြစ်ရမွာလဲ... သူ့ကို ဈေးကိုတစ်ခါလောက် ခေါ်သွားမိပါတယ်... သူမ်ားအပြောအဆိုခံလိုက်ရတယ်..."
"ဟင်... ဘယ်လိုဖြစ်ရတာလဲ... "
ဒေါ်သန္တာ သမီးဖြစ်သူ နေခြည်ဦးကိုကြည့်လိုက်ကာ မေးလိုက်ပြီး ခုံပေါ်မှာ ပြန်ထိုင်လိုက်၏။
နေခြည့်အကြည့်တွေက သူမဆီသို့ရောက်သြားကာ
"သမီးက ကြက်ဥဝယ်နေလို့ သူ့ကို ကန်စွန်းရွက်လေးသွားဝယ်ပေးပါဆိုတာကို မသွားရဲဘူးလုပ်နေတာလေ... "
"ဟင်... "
မမနေခြည့်စကားကြောင့် သူမမျက်နှာလေးမော့လာမိသည်။ ဒါပေမယ့် ပါးကဒဏ်ရာကြောင့် ခေါင်းကတော့ ချာချာလည်နေတော့၏။
"အ့ဲဒါကတော့ ထားလိုက်ပါတော့ မေမေရယ်... အ့ဲဒီ့ထက်ဆိုးတာကဘာလဲ မေမေသိလား..."
ဒေါ်သန္တာ သူမကိုတစ်လှည့် မမနေခြည်ကိုတစ်လှည့်ကြည့်ကာ နားမလည်ဖြစ်နေမိတော့သည်။
"ဘာဖြစ်တာလဲ သမီးရယ်... "
စူးရှစွာဖြင့် သူမဆီသို့ မမနေခြည်အကြည့်တွေက ရောက်လာပြန်တော့သည်။ ဘယ်ဘဝဝဋ်ကြွေးကြောင့်မ်ား ဒီလိုမိသားစုမျိုးမှာ သူမ ရှင်သန်ခ့ဲရတာလဲ။
ВЫ ЧИТАЕТЕ
စင်ဒရဲလား (Completed)
Любовные романыပုံပြင်ထဲကစင်ဒရဲလားလေးလိုမျိုး အရမ်းသနားစရာကောင်းတဲ့ 'ကြွေ'ဆိုတဲ့မိန်းကလေးနဲ့ အရာရာပြီးပြည့်စုံပြီး မင်းသားတစ်ပါးလို ချောမောခန့်ညားတဲ့ ကျောင်းက king 'ခွင်း'ဆိုတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ 💜