အခန်း(၁၉)

232 4 0
                                    

💏 စင်ဒရဲလား 💏
💋 အခန်း(၁၉) 💋

"ကြွေ... ဒါကြွေအပ်မယ့်ပစ္စည်းတွေ..."

"ကိုကို..."

မျက်ရည်တွေဝဲကာ ခွင်း  သူ့ကိုအားကိုးတကြီးကြည့်နေတ့ဲကြွေ့ကိုကြည့်ကာ  သက်ပြင်းချလိုက်မိ၏။ စိတ်မခ်ပေမယ့်လည်း သူ ကြွေထိခိုက်အောင်မလုပ်ချင်ဘူး။

"ကြွေ... ကိုယ်ပြောတာတွေကို သေချာမှတ်ထားနော်... ကြွေ ဒီအဆောင်မွာ ခနပဲနေပေးပါ... ကျန်တ့ဲကိစ္စတွေရှင်းပြီးတာ ကိုယ် ကြွေ့ကိုလာခေါ်ပါ့မယ်..."

"ကိုကို.. ကြွေ့ကို တစ်ယောက်ထဲတော့ပစ်မထားပါနဲ့နော်... ကြွေ အခုလိုမျိုး တစ်ခါမွမနေဖူးဘူး... ကြွေကြောက်တယ်... "

သူ့လက်ကိုဆုပ်ကိုင်ထားတ့ဲကြွေ့လက်တွေကို သူ ပြန်ဆုပ်ကိုင်လိုက်ကာ

"မပူပါနဲ့ကြွေရယ်... ဒီအဆောင်က ကိုယ့်သူငယ်ချင်း ရဲရင့်ရဲ့အဒေါ်ဖွင့်ထားတာလေ... ကိုယ် ကြိုပြောထားပါတယ်... ကြွေမကြောက်နဲ့နော်... ကိုယ်လည်း ကြွေ့ကိုစိတ်မခ်ပါဘူး ကြွေရယ်... ဖြစ်နိုင်ရင် ကြွေ့ကို ကိုယ့်အိမ်ကိုခေါ်သွားချင်တာ... ဒါပေမယ့် ကိုယ် အ့ဲလိုလုပ်လို့မရဘူး...  အ့ဲလိုသာလုပ်လိုက်ရင် ကြွေထိခိုက်မှာစိုးလို့ပါ ကြွေရယ်... နော်..."

ကြွေက သူ့ကိုကြည့်ကာ ခေါင်းငြိမ့်ျပနေလေသည်။

"ကြွေရယ်... ကြွေ့ကို ကိုယ် ဘယ်လိုမှစိတ်မခ်ဘူးကြာ... အ့ဲဒါကြောင့် ကိုယ့်ကို စိတ်ပူအောင်မလုပ်ပါနဲ့နော်... နောက်ပြီး ဘယ်သူလာတွေ့တွေ့ ကြွေ လုံးဝအတွေ့မခံပါနဲ့... အ့ဲဒါလည်း ကိုယ်စိတ်ပူတယ်... အထူးသဖြင့် ကြွေ့အစ်မတွေ.. နောက်ပြီး လရောင်ရော... ကြွေလုံးဝမတွေ့ပါနဲ့နော်..."

"ဟုတ်... ကြွေ သိပါတယ် ကိုကို..."

ခွင်း ကြွေ့ကိုသေချာငေးကြည့်နေမိလေသည်။ ဘယ်လိုမှစိတ်မချနိုင်တ့ဲသူမကို သူ ဘယ်လိုမ်ား ထားခ့ဲရက်ပါ့မလဲ။

"ကြွေက အရမ်းရိုးတော့ ကိုယ်က စိတ်မချဖြစ်နေရတာ... ဒါပေမယ့် ကိုယ် ရဲရင့်ရဲ့အဒေါ်ကို အကုန်ပြောပြထားပါတယ်... ကြွေ ဘာမှမပူနဲ့နော်... လိုတာတွေအကုန်လုံးကို ပြောနိုင်ပါတယ်... နောက်ပြီး ကိုယ် ကြွေ့ကို ဖုန်း ခနခနဆက်နေမှာနော်..."

စင်ဒရဲလား (Completed)Donde viven las historias. Descúbrelo ahora